တရားမဝင် ရောင်းချ ထားသော မြေကွက်ပေါ်တွင် ဆောက်လုပ် ထားသောကြောင့် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး သူဌေးသည် ကမ္ဘာ့ တန်ဖိုး အကြီးဆုံး မိသားစု နေအိမ်ကို ဆုံးရှုံးရဖွယ် ရှိနေကြောင်း သိရသည်။ မူကက်အမ်ဘာနီသည် ကမ္ဘာ့ နဝမမြောက် အချမ်းသာဆုံး သူဌေး ဖြစ်ပြီး မွန်ဘိုင်းမြို့ အာရေဗျ ပင်လယ် ကမ်းခြေ အနီးမှ မြေကွက်ကို လွန်ခဲ့သည့် နှစ်က ဝယ်ယူကာ နေအိမ် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ သူ၏ အိမ်သည် အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော် ကုန်ကျ ခဲ့ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး မိသားစု နေအိမ် ဖြစ်လာ ခဲ့သည်။ ယင်းနေအိမ်၌ ရဟတ် ယာဉ် ကွင်းသုံးကွင်း၊ ထိုင်ခုံ ၅ဝပါ ရုပ်ရှင်ရုံ တစ်ခု၊ ရေကူးကန်ပေါင်း များစွာ၊ ကပွဲ ခန်းမ တစ်ခု၊ မော်တော်ကား အစီး ၁၆ဝ ထားရန် အထပ် ခြောက်ထပ် နှင့် အိမ်ရှိ ဝန်ထမ်းပေါင်း ၆ဝဝ အတွက် နေရာထိုင်ခင်းများ ပါဝင်သည်။ မူကက်အမ်ဘာနီသည် အမေရိကန် ဒေါ်လာ ၂၄ ဘီလျံကျော် ချမ်းသာသူ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....