Pages

Ads 468x60px

Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

August 23, 2011

နောက်ဆုံးပေါ် အကောင့်လုံခြုံးရေး (၃) ချက်

အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ်
အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေကို သူတပါးလက်ထဲ ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး
ဒီနေ့ခေတ်မှာ h***** တွေ ... h***** ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေကလည်း များလာတာကြောင့်
ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ်
အဲဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုက်ပါတယ် ။။။

ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း Grin Grin


ဒုတီယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း :P :P


တတိယနည်း : ရိုက်တာရော ကြည့်တာရော ဘာမှ မမြင်ရအောင် ကာကွယ်နည်း Cheesy Cheesy



myanmarchatonline



သဘောကျလို့ကူးယူဖော်ပြပေးလိုက်တာပါ ပျော်ရွှင်ကြပါစေ
ခင်တဲ့
>>ဆက်ဖတ်ရန်>>

June 24, 2011

လင်မယား ဟာသ ( fwd မေးမှ )

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က
“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး
အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။

နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

http://eainlwanthu.ning.com
>>ဆက်ဖတ်ရန်>>

ဟာသများ..


 ၁) မာတာမိခင်

သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည်။
 "ဟဲလို၊ မေမေလား။ မေမေ၊ ကျွန်တော် မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပြီဗျ ဒါပေမယ့် မေမေ။ ကျွန်တော်ယူမည့် မိန်းကလေးဟာ အသားမည်း နီဂရိုး အမျိုးသမီး ဖြစ်နေတယ်"
 "ဟုတ်လား။ ဝမ်းသာလိုက်တာ သားရယ်" "ဒါများ အရေးတကြီး လုပ်လို့ကွယ်။ မေမေနဲ့ သားတို့ ဖေဖေ အသားအရောင် ခွဲခြားတက်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့"
"ဒါပေမယ့် သူ့မှာ အရင်ယောက်ျားနဲ့ရတဲ့ ကလေးသုံးယောက် ပါလာမယ် ခင်ဗျ"
 "ကိစ္စရှိပါဘူး။ မေမေနဲ့ သားဖေဖေ ကလေးတွေကို ချစ်တက်ပါတယ်ကွယ်"
"ခက်တာက ကျွန်တော်တို့ နေစရာ မရှိဘူး အမေရာ" "
ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ မေမေတိုဆီမှာ လာနေပေါ့။ မေမေတို့ အိမ်ခန်းက အိပ်ခန်းတစ်ခန်းထဲ ရှိပေမယ့် နေလို့ရပါတယ်။ မင်းတို့ မိသားစု အဲဒီအခန်းမှာ နေကြပါ။ အဲ မင်းဖေဖေကတော့ စတိုခန်းမှာ နေပါလိမ့်မယ်ကွယ်"
 "မေမေ၊ မေမေကရော ဘယ်မှာ နေမလဲခင်ဗျ"
"မေမေလား။ မေမေလေ မင်းနဲ့ အခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်။ သား စိတ်မပူပါနဲ"


၂) ငါ လမ်းလျှောက်ပြန်မယ်

ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။
 "ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"

နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။ " နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား" " နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"


၃) အမေကိုဆဲလို့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမကမနေ့ကလေ့လာရေးခရီးနဲ့ပတ်သက်ပြီးကလေးတွေကိုဗဟုသုတအနေနဲ့ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။

 ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”

 “ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။”

ဒါနဲ့ကိုလတ် 'ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ"

ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။”

ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း” မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”

ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။

အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။”

“ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။

ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။


၎) အနမ်း ၁၅၀၀

နိုင်ငံခြားရောက်နေသူ ကိုကိုမောင်က ရန်ကုန်က ဇနီးဖြစ်သူထံ စာပို့လိုက်သည်

 "ကို ဒီမှာ အသုံးနည်းနည်းကြမ်းသွားတယ်။ ဒီ တစ်လတော့ ကိုယ် ပိုက်ဆံ မပို့ပေးနိုင်တော့ဘူးနော်..၊ ကိုယ့် အနမ်း ၁၅၀၀ ကိုပဲ . ဒီစာအိတ်ထဲထည့်ပေးလိုက်တယ်နော်. . .အဲ အနမ်း ၁၅၀၀ နဲ့ ပဲ ဒီတစ်လနေလိုက်တော့နော် .မင်းကိုသိပ်ချစ်တယ်။ မင်းကိုချစ်တဲ့ ကို"

 စာပို့ပြီး တစ်လကြာ ချစ်ဇနီးဆီမှ ပြန်စာပြန်လာသည်။

 "မောင်ပို့လိုက်တဲ့ အနမ်း ၁၅၀၀ ရတယ်သိလား.. အရမ်းပျော်တာပဲသိလား.....ချစ်ကို
 ချစ်သေးတယ်ဆိုတာ သိရပါတယ်.၊မောင်ပေးလိုက်တဲ့ အနမ်း ၁၅၀၀နဲ့ လောက်ငှအောင်နေလိုက်ပါတယ်။
သြော်ဒါနဲ့ ဒီလ အိမ်သုံးစ ရိတ်တွေ ပြောပြရဦးမယ်။

မောင်ပို့လိုက်တဲ့အနမ်း ၁၅၀၀ ထဲကလေ မနက်တိုင်း နွားနို့လာပို့တဲ့ကုလားကို တစ်ရက် အနမ်းနှစ်ချက်ပေးလိုက်တယ်သိလား. တစ်လဆိုတော့ အနမ်း ၆၀. . ဈေးတော့သိပ်မကြီးပါဘူး အစက အဲကုလားကြီးက တစ်ရက် ၃ချက်တောင်းတာ သိလား.. ကို့ ချစ်ချစ်ပဲ ဘယ်ရမလဲ . ဈေးဆစ်လိုက်တာပေါ့.. အဲဒါ အနမ်း ၆၀မှာဈေးတည့်သွားကြတယ်လေ

နောက် .. မီတာလာတောင်းတဲ့သူကို တစ်လ အနမ်း အချက် ၃၀၀ ၊ ရေဖိုးတစ်လ အနမ်းအချက် ၂၀၀၊ပဲပြုတ်ရောင်းတဲ့ဦးလေးကြီးကိုတစ်လ အချက်၄၀ ၊ အထွေထွေစရိတ်ဈေးဖိုး စရိတ်နဲ့ပေးလိုက် ရတာတွေ ကအနမ်း ပေါင်း ၅၀၀၊

နောက် အလှပြင်ပစ္စည်းဖိုးက ၃၀၀ နောက် အိမ်လခ လာတောင်းတဲ့ဦးလေးကြီးကိုတော့ ကျန် အနမ်း ၁၀၀ နဲ့ ပေးလို့ မလောက်တာနဲ့ တခြားဟာ တွေ ပါ ပေးလိုက်ရတယ်........ ချစ်လေး ဒီလသုံးတာများသွားလားဟင်.. .. ကိုကော... နောက်တစ်လ လည်း ခုလိုအနမ်း ၁၅၀၀ ပဲ ထပ်ပို့ပေးမှာလား..ဟင်... ကို့ကို အရမ်းချစ်တဲ့ .. ကိုယ့်ရဲ့ သည်းလေး "
>>ဆက်ဖတ်ရန်>>

April 1, 2011

ဒီအချိန်ရောက်လာရင်..

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ” 
>>ဆက်ဖတ်ရန်>>

ပိုမူးအောင် လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်..... . ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ”
>>ဆက်ဖတ်ရန်>>

ယောက်ျား

တီဗီထိုင်ကြည့်နေသော ယောက်ျားအား မီးဖိုခန်းထဲမှ ထွက်လာသော မိန်းမက စလောင်းဖုံးဖြင့် ခေါင်းရိုက်လိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှင့်အိတ်ကပ်ထဲက တွေ့တဲ့လက်မှတ်ပေါ်က လော်ရာဆိုတာ ဘယ်သူလဲ”
“ဟာ၊ အဲဒါ ငါမြင်းပွဲသွားတုန်းက လောင်းခဲ့တဲ့ မြင်းနာမည်ပါ”
မိန်းမက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ နောက်တစ်နေ့တွင် မိန်းမကယောက်ျားကို စလောင်းဖုံးဖြင့် ဆော်ပြန်သည်။ ပို၍ အားပြင်းပြင်းဖြစ်သည်။
“ဟ ဘာဖြစ်ပြန်ပြီလဲ”

“ရှင့်မြင်းမ အခုလေးတင် ရှင့်ဆီဖုန်းဆက်တယ်”
>>ဆက်ဖတ်ရန်>>

အသက်ရှူခြင်း

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း..ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီး အပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာ အော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီး နှစ်ယောက်သား မျက်စိမျက်နှာပျက် သွားကြတယ်။ ကားပေါ်ကိုခပ်ကုပ်ကုပ်လေး ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင် စကားမဆုံးသေးဘူး ... ဘကြီးလက်ကို နှစ်ယောက်သားဆွဲပြီး ပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာ ပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။
>>ဆက်ဖတ်ရန်>>

ချိုသာစွာပြောပါ

      လေယာဉ်တစ်စီး ... စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
      အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ...
      ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
      ကိုင်လို့ အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး
      ... အချိုတည်း ကြရအောင် ... " တဲ့ ...
>>ဆက်ဖတ်ရန်>>

သူခိုးနှင့် ချာတိတ်

      သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ
      တွေ့လေသည်။
      “ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
      “ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့်
      ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး
      သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး
      လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
      ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင်
      ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ
      ” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
      ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
      ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော်
      မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို
      ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”
>>ဆက်ဖတ်ရန်>>

လူလည်

      တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
      အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
      ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....
      ( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး တွေကို ဒီလို
      ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။
      အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။
      (တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....
      ( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်
      ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
      သူတွေးနေတာက
      “ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင်
      ရေပြီးပြီ ” တဲ့။
>>ဆက်ဖတ်ရန်>>

ဘဝ အမောတွေ ပြေနိုင်ပါစေ...

ဘဝ အမောတွေ ပြေနိုင်ပါစေ...
 
  ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် ... သူ့ သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ          ထားပေးပါလို့
      တောင်းဆို တယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
      စာမေးတာပေါ့ ...
      ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
      ကလေး ။ ။ နှစ်ဆယ့်ငါး
      ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
      ကလေး ။ ။ ကိုး
      ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
      ကလေး ။ ။ ရှစ်ဆယ့်တစ်
      ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...
      ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....
      ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....
      ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
      ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...
      ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
      ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
      တက်ခွင့် ရသွားပြီ ...
      ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ
      ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....
 
>>ဆက်ဖတ်ရန်>>

December 15, 2010

$$ ငါ့ဟာကွ $$

ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်အိပ်ခန်းကို
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည်
တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။မန်နေဂျာက ထိုအခန်းသို့
သမီးရည်းစား စုံတွဲတတွဲအတွက် နေရာပေးလိုက်၏ ။ မိမိနေရမည့်
အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ကုတင်ခြေရင်း၌ မိမိ၏
ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ထို့ကြောင့် ထီးပြန်ယူရန်
ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ
သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်မိ၏ ။
" ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလည်းဟင်"
" အို...မောင့်ဟာပေါ့ မောင်ကလည်း.."
" ဟောဒီ သမင်မျက်လုံးလေးကရော"
" မောင့်ဟာပဲပေါ့"
" ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
" မောင့်ဟာ၊မောင့်ဟာ"
" ဒီဆင်ဆွယ်လို လက်မောင်းလေးကရော"
" အို ...မောင့်ဟာပဲပေါ့"
ထိုကဲ့သို့ မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏ ။ အပြင်ကနားထောင်နေသော
ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထို့ကြောင့် အပြင်မှ နေ၍
လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်၊ အဲ့ဒါ ငါ့ဟာကွ" တဲ့.....
>>ဆက်ဖတ်ရန်>>

&& ကျုပ်ကိုလည်း ကုပေးပါလား &&

ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ
ထိုင်နေ၏ ။ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား
ကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်.."
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏ ။ ထို့နောက်..
"မူးသေးလားဟင်..."
"ဟင့်အင်း၊ ပျောက်သွားပြီ..."
အတန်ကြာသောအခါ မိန်းခလေးက..
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ..."
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလည်း"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏ ။ တစ်ဖက်တွင် ထိုင်နေသော
အဖိုးကြီး အတော်ကို နားကြားပြင်းကပ်လာ၏ ။ ထို့ကြောင့် လှမ်းပြောလိုက်၏ ။
"ဟေ့ ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွာ၊ ဦးမှာ
လိပ်ခေါင်းဖြစ်နေလို့" တဲ့
>>ဆက်ဖတ်ရန်>>

[[[ လက်တွေ့သမားကွ ]]]

"ရှင်က ကျွန်မကို တစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလည်း၊ မယုံပါဘူးနော်..၊ လက်တွေ့ငိုပြ..."
"ဒါဆို အရင်သေပြလေ"
>>ဆက်ဖတ်ရန်>>

ကွန်ပျူတာဟာသများ

မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မ၀င်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။
ဖြေ။ ။ ကွန်ပျူတာကို ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။
ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။
ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို. ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာနက်ဆိုင်ထင်ပါရဲ.။

မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။ ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။

မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ။ ။ ၀က်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိုးနိုးဂျက်မ ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။
ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။ ဟောင်ကောင်ဂျက်မ က နိုးနိုး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။

မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။
ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ. တောင်ထားရသေးတာ ။ သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။

မေး။ ။အန်တီ ဗိုင်းရပ်စ်(antivirus) တွေမနို်င်တဲ.ဗိုင်းရပ်စ်တွေရှိသလားဆရာ။ဖြေပေးပါဦး။
ဖြေ။ ။အန်တီ ဗိုင်းရပ်စ်မနိုင်တာ အဖြစ်နိုင်ဆုံးကတော.အန်ကယ်ဗိုင်းရပ်စ် ဘဲဖြစ်မယ် ထင်ပါတယ်။

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ ” မင်းကိုချစ်တယ်” ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ ကွန်ပျူတာ ကို ၀င်းဒိုး ပြန်တင်လိုက်မှ ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေ လိုက်ပါ ။
ရယ်မောနိုင်ကြပါစေ...ဟီးးးးးဟီးးးးးးးး
>>ဆက်ဖတ်ရန်>>

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ
မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ် ဆက်ဖတ်ကြည့်ရအောင်
မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ
မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ် ၁။ systemပုံးကိုအရင်ဖွင့်ပါ ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။ ၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ ၄ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။ ၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ ၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။ ၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါဟု ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးက မိန့် ကြားသွားပါသည်
မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါဆပလိုင်ပါထပ်ဖြုတ်ထား လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်
မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ်
မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ
မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်
မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား
မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။
မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်
(သူငယ်ချင်းတို့ကွန်ပြူတာလဲပြင်လိုက်ကြပါအုံး)...ဟိ..ဟိ
>>ဆက်ဖတ်ရန်>>

Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ

သို့ Mr.Billgate

ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့်
စာရေးအကြောင်းခြင်းဖြစ်ပါသည်။
၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ
ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ********
အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပြူတာကို
စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံးကောင်းပါသည်။ ဒါကြောင့် ဒီပြသနာကို
ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်။
၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီး
အလုပ်မလုပ်တော့ပါ။ ပြီးတော့
start button ပဲပါသည်။ stop button လည်းမပါ။ အဲဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။
၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်လို့
ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ ဒါကြောင့်
ကျွန်တော်တောင်းဆိုချင်တာက Sit ဆိုတဲ့ ခလုတ်လေးတစ်ခုလောက်ကို
လည်းတပ်ဆင်ပေးချင်ပါသည်။ ဒါမှသာ ကျွန်တော်တို့ ထိုင်ပြီးမှ ကွန်ပြူတာကို
သုံးနိုင်မယ်မဟုတ်ပါလား။
၎။ ပီးတော့ ဟိုတစ်နေ့က ကျွန်တော့ မိန်းမ လက်စွပ်ပျောက်သွားလို့။ search
မှာ ရှာကြည့်တာ ရှာမတွေ့ပါ။
search button က ဟန်လုပ်ပြီးတပ်ထားတာများလား။
၅။ ကျွန်တော် ကွန်ပြူတာမှာ ဖဲရိုက်တုံးက နိုင်ထားတဲ့ ပိုက်ဆံတွေ
ဘယ်တော့လောက်ရမလဲဆိုတော့ သိပရစေ။
၆။ ကျွန်တော် ကလေးတွေကို Mircrosoft Word သင်ပြီးပါပီ။ သူတို့က Microsoft
sentence သင်ချင်နေကြပီ။
အဲဒါလေးလည်း ဘယ်တော့လောက်ထွက်မလဲ မသိဘူးနော်..
လေးစားစွာဖြင့် 
ကွန်ပြူတာပိုင်၇ှင်
>>ဆက်ဖတ်ရန်>>

ပဲလှော်ကြိုက်သူ

တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ.... ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
>>ဆက်ဖတ်ရန်>>

ည၀တ် အချစ်အင်္ကျီ (ဟာသ)

ည၀တ် အချစ်အင်္ကျီ


ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲး) မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော်း) တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး အသံထွက်အောင် အော်ရီကြည့်ကြတာပေါ့နော် .. ဟား..ဟား..ဟား


အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

" ဒါ ဘာလုပ်တာလဲ"
"ယောကျာ်းအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။

"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
" ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
>>ဆက်ဖတ်ရန်>>