Showing posts with label ဟက်ကာ. Show all posts

August 9, 2012
hacker's hand book
hacking အကြောင်းရေးထားတဲ့စာအုပ်လေးပါ။ hacking ကိုစိတ်ဝင်စားတဲ့သူတွေ
မရှိမဖြစ်ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ မြန်မာလိုရေးထားတာပါ။
လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ။
download >>>
Labels:
ဟက်ကာ
August 23, 2011
Hacking ကာကွယ်နည်း (1)
Hacking ကာကွယ်နည်း (1)
Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။
Phishing
Key-logging
Social engineering
Primary email address h***
Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့
"We have encounters that your blog had many traffic and visitors for last couple months. So that we want you to offer our blogger team advertisement on your blog.
if you interest to make money with us
click below link and verify
www.blogger.com/ads-verify/38432fksjdfah"
လိုမျိုးပေါ့ ဒါကတော့ ကျွန်တော်ရေးထားတာ ဆိုတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး၊
အများဆုံး စိတ်ဝင်စားပြီး အငိုက်ခံလိုက်ရတာက "Your password is expiring soon "
"Final Warning to Reset your password " စတာတွေ လိုမျိုး email subject နဲ့လာတက်ပါတယ် ဒီလိုမျိုးတွေမှာ ခံရတာများပါတယ်။
ဆိုတော့ ဒီလို Phishing လို့ ခေါ်တဲ့ Hacking ကို ဘယ်လိုကာကွယ်ရမလဲ
၁) ရောက်လာတဲ့ စာကိုသေသေချာချာ အချိန်ပေးပြီး ဂရုစိုက်ဖတ်ပါ။ ပြီးတော့ စာသားကိုကြည့်ရပါမယ် တအားကြီး လွန်လွန်ကဲကဲကြီး မလုပ်မနေရခိုင်းတာမျိုး၊ ချိန်းခြောက်စာမျိုး၊ အလကားပေးနေတာမျိုး စာသားတွေဆိုရင် ဒါဟာ hacking တိုက်စစ်ဆင်နေကြောင်းကို သတိထားရပါတယ်။
အရင်က ကျွန်တော်ရေးခဲ့ဖူးတဲ့ Online fishing ကိုလဲ ဖတ်ကြည့်ပါ။
နောက်တချက်က - Senter mail address ကို gmail က mail တခုကို ဖွင့်လိုက်ရင် ပေါ်လေးမှာ
Details ဆိုတာ ပါပါတယ်၊
ဒီမှာ Senter mail address ကိုကြည့်ပါ။ လိပ်စာက Blogger Support (Support@blogger.com)
ဆိုတော့ mail ခဏခဏကိုင်နေတဲ့ လူကိုတောင် ကြောင်သွားစေတာပေါ့ တကယ်ဘဲ Blogger.com က
စာပို့တင်လို့ဘဲ ထင်မိမှာဖြစ်ပါတယ်။ Support@blogger.com or Support@facebook.com စတာတွေ လုပ်ထားလို့ရပါတယ်။ဆိုတော့ အထင်မှား စရာရှိပါတယ်။
ဒါပေမဲ့ အထက်က ပုံမှာတွေ့သလိုမျိုးဘဲ ကျွန်တော် Support@gmail.com ဆိုပြီး စမ်းကြည့်တယ်။
ဒီမှာ Google(gmail) က အစွမ်းပြလိုက်တာပါဘဲ၊
"This message may not have been sent by: support@gmail.com Learn more Report phishing"
Gmail ကိုတော့ Phishing လုပ်လို့မရပါဘူး။ ဒီတချက်ကိုတော့ h***** တွေလဲ သတိထားကျနော်၊ :P
ဟဲဟဲ ....ဒါပေမဲ့လဲ ကိုယ့်ဖက်ကတော့ ဒီစာသား မပေါ်လဲဘဲ ဒီ စာသားက hacking လုပ်ပြီး ပို့တာလား၊
တကယ် gmail ကပို့တာလားကို ကိုယ့်ကိုတိုင် ဆုံးဖြတ်တက်ရပါမယ်။
နောက်တခု သတိပြုရမှာက အပေါ်မေးမှာ ကျွန်တော်ပြထားတဲ့ www.blogger.com/ads-verify/38432fksjdfah link ပါဘဲ ဒါကျွန်တော် အစမ်းလုပ်ထားတာပါ တကယ် blogger.com က လင့်
ကိုယူပြီးလဲ လုပ်လို့ရပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် အော်..တကယ် blogger.com ကပါလား။
မှားစရာရှိပါတယ်။ ဒါပေမဲ့ Html နဲ့ ပြန်ပြီး လင့်တဲ့နေရာမှာ သူတို့ရဲ့ fake login page ကို redirect link
ထားပါတယ်။ ဒါကြောင့် ကိုယ်က link ကို blogger.com မြင်တာနဲ့ တခါတည်း မနှိပ်လိုက်မိစေပါနဲ့။
ဟုတ်ပြီး ကျွန်တော် အထက်ကပြောခဲ့တဲ့ အချက်တွေကို သတိမထားမိဘဲ ကျော်လာခဲ့မိတယ်။ ယုံခဲ့မိတယ်။
ဆိုပါတော့ Login page ကိုရောက်လာပါပြီး
E.g " ဒီနေရာမှာ အထူးကိုသတိထားရပါမယ် ဒီက ဘာနဲ့တူသလဲဆိုတော့
အိမ်ချင်းတူတိုင်းလဲ မ၀င်နဲ့ လိပ်စာကိုသေချာကြည့်၊ လိပ်စာကိုသေချာမကြည့်ဘဲ အိမ်တူတိုင်း
ငါ့အိမ်ဘဲဆိုပြီး ၀င်ရင် အတွင်းထဲကလူတွေက ကိုယ့်ကို ၀င်ရိုက်ကြပါလိမ့်မယ်။"
ဒါက ဟာသ လိုလိုပေါ့ ကျွန်တော် စိတ်ကူးထဲမှာ ၀င်လာလို့ အခုရေးနေတဲ့ ပိုစ့်နဲ့ အကိုက်ဖြစ်တာနဲ့
ထည့်လိုက်တာ ဟုတ်ပြီး။
ဆိုတော့ ပေါ်က ပြောသလိုဘဲ အိမ်တူတိုင်းမ၀င်နဲ့ဆိုတာက
အခု အပေါ်မှာ မြင်နေရသလိုမျိုးဘဲ Blogger.com နဲ့တူတယ်ဒါပေမဲ့ ကျွန်တော်တို့ လိပ်စာကို သတိမထား
မိကြပါဘူး။.. အခုပေါ်ကပုံမှာ လိပ်စာကို ကြည့်ပါ။ လိပ်စာက တခြားဟာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီမှာ ကိုယ့်က မသိဘဲ ID and password ကိုထည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ account က h*** ခံလိုက်
ရပါပြီး အခိုးခံလိုက်ရပါပြီး။ ဆိုတော့ ဘယ်တော့ မဆို Gmail ဖြစ်ဖြစ်၊ blogger ဖြစ်ဖြစ်၊ Hotmail ဖြစ်ဖြစ်
Login page ကိုရောက်ပြီးဆိုတာနဲ့ လိပ်စာကို Check ဖို့ မမေ့နဲ့လို့ ပြောခြင်ပါတယ်။
ဟုတ်ကဲ အထက်ပါအချက်တွေအားလုံးကို မေ့သွားတယ်။ ကိုယ့် Password & ID လဲထည့်လိုက်မိပြီး
ဟုတ်ကဲ ဖြစ်တက်ပါတယ် ဒီလိုဖြစ်သွားတယ်ဆိုပါစို့ ဒီ fake login page က အစစ်မဟုတ်တဲ့အတွက်
ကိုယ့် ID & password မှန်လဲ ၀င်လို့ရမှာ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်က ဒီမှာ ချက်ချင်းသတိရရပါမယ်။
ပြီးတော့ လိပ်စာ (website URL) ကိုချက်ခြင်း စစ်ရပါမယ်။ (www.gmail.com , www.hotmail.com)
လား ဆိုပြီးတော့ အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် အခုဖွင့်နေတဲ့ စာမျက်နှာကို ချက်ခြင်းပိတ်ပြီး
www.gmail.com ဆိုပြီး ရိုက်ကာ Gmail မှာ ကိုယ့်ရဲ့ Account ကိုဝင်ပါ။ ပြီးတာနဲ့ ချက်ချင်း
Password ကို ပြန် change ပါ။ ဒါမှာ သာလျှင် စိတ်ချရမှာ ဖြစ်ပါတယ်။
အခု Gmail ရဲ့ Security function အသစ်ကို ကြည့်ကြပါအုန်း၊ Turn On မလုပ်ရသေးရင်လဲ
ဒီမှာ ဖတ်ပြီးလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Function က သူများက ကိုယ့်ရဲ့ password သိရင်တောင်
ဝင်လို့မရနိုင်အောင် ထိန်းချုပ်ပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ Function လေးဖြစ်ပါတယ်။
ဒီပိုစ့်လေးကတော့ Hacking ကို စိတ်ဝင်စားပြီး h*** တဲ့အကြောင်းကို သေချာမသိသေးရင်လဲ
H*** တယ်ဆိုတာ ဒီလိုမျိုးပါလားဆိုပြီး နည်းနည်း Hacking အသွားအလာကို သိလာရအောင်ရယ်၊
အထူးသဖြင့် ကိုယ့် Email ကို h*** မခဲရအောင် ကာကွယ်တက်ဖို့ ဖြစ်ပါတယ်။

သူများ အီမေးလ်ထဲကို မေးလ်ပို့ပြီး password h*** မလား

Facebook တို့၊ Gmail တို့ … အစရှိသဖြင့်ပေါ့ဗျာ … အကောင့်တွေမှာက Username, Password ဆိုပြီးရှိကြတယ်ရော … Username ကတော့ သိကြတယ်ပေါ့ဗျာ … အဲ တစ်ခုလာပီ … Password ကျတော့ ပိုင်ရှင်ကလွဲလို့ တခြားသူမှ မသိကြတာလေ … များသောအားဖြင့်ပေါ့နော် … ကဲ … သိချင်ပီဆိုရင် … ဘယ်လိုလုပ်မလဲ … တစ်ရက်က ဒီလိုဗျ … ကျွန်တော်ကြုံဖူးတယ် … ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါ၊ သူက အင်တာနက် ခုမှစသုံးခါစ … ဘာမှတောင်သိသေးတာမဟုတ်ဘူး … Gtalk လေးစသုံးခါစပေါ့ဗျာ … တစ်ရက်ကျတော့ ကျွန်တော့်ကို မေးလာတယ် … ငါ့ကိုတဲ့ … Chatting ထဲက ဘဲတစ်ပွေကတဲ့ … ငါ့အကောင့်ရဲ့ Security Questions ကို မေးတယ်တဲ့ … မေးတော့၊ ငါက အဲဒါဘာလဲ ၊ ဘာလုပ်မလို့လဲလို့ မေးတော့ … ငါ့ကိုပြောပြတဲ့ ငါနင့်အကောင့်ကို H*** ပြမယ်ဆိုပဲ … (တယ်တော်ပါလားပေါ့ … ) ကျွန်တော်တောင် တော်တော်ကြိုက်သွားတယ် … ဟီးးး … နင်ကလည်း ပြန်ပြောလိုက်လို့ … အဲလောက်တော်နေလည်း မြန်မာမှာနေမနေနဲ့လို့ … နိုင်ငံခြားထွက်ပီး … လုပ်စားလို့ ပြောလိုက်လို့ … ကျွန်တော်လည်း ပြောလိုက်တယ် … ဟုတ်တယ်လေ … ဘယ်နှယ့် … Security Question သိမှတော့ ဘာထူးတော့မလဲ … Password ပြောပြလိုက်တာကမှ နည်းနည်းခံသာဦးမယ် … ကဲဗျာ … စကြရအောင် …
ယခုနည်းလေးက ကျွန်တော်တို့ များသောအားဖြင့် အင်တာနက်အသုံးပြုတဲ့အခါမှာ Gmail, Website စသည်ဖြင့်ပေါ့ ကြည့်တဲ့၊ ဖွင့်တဲ့အခါမှာ Browser ကိုအသုံးပြုကြရတယ်လေ … အဲခါမှာ များသောအားဖြင့် နာမည်ကြီးတဲ့ … Mozilla Firefox ပေါ့ဗျာ … အဲ … အဲဒါနဲ့ပတ်သက်ပီး ယခု တစ်ဆင့်ခြင်း Password တစ်ခုကို ဘယ်လိုယူမလဲဆိုတာလေး နည်းနည်းလေး နည်းလမ်းလေးပြပေးချင်ပါတယ် … ရမရတော့ သားလည်း မစမ်းဖူးတော့ မသိဘူးနော် … သားကြောက်တယ် … ပြီးတော့ … ကျွန်တော်လည်း Hacking စိတ်မ၀င်စားတဲ့အတွက်ကြောင့်ပါ … ဟဲ …
(1) Drive Headquarters ကိုသွား၍ Account လေးတစ်ခုလောက် Sign Up လုပ်လိုက်ပါ။
(2) Remote Firefox Password Stealer ကို Download ယူပါ။ ဒီနေရာ မှာလည်းယူလို့ရပါတယ်။
(3) Download လုပ်လို့ရလာတဲ့ WinRAR File ကို Extract လုပ်တဲ့အခါမှာ … Folder တစ်ခု နဲ့ Files နှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။
(4) Firefox_Password_Stealer.exe ဆိုသော File ကို Open လုပ်ပါ။ အောက်ပါပုံအတိုင်း ဖြည့်ပေးပါ။ [FTP Server: ftp.drivehq.com, FTP Username: Username, FTP Password: Password] အစရှိသဖြင့် ဖြည့်ပေးပါ။
Stealer
(5) Build Button ကို Click လုပ်ပါ။
(6) Firefox_Password_Stealer.exe file ရှိသော Folder အတွင်းတွင် စာဖတ်သူက Build Button ကိုနှိပ်လိုက်သောအခါ File name ပေးလိုက်သော နာမည်ဖြင့် filename.exe ဆိုသော file တစ်ခု ရောက်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာ …
(7) 100% fud crypter.exe ဆိုသော file ကို Open လုပ်ပါ။ ထို့နောက် စာဖတ်သူ Crypt လုပ်သော filename အမည်ဖြင့် 100% fud crypter.exe ရှိသော folder အတွင်းတွင် နောက်ထပ် filename.exe ဖြင့် file တစ်ခုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ …
(8) ထို့နောက် EaSy BindeR ဆိုသော folder ကိုဖွင့်၍ အတွင်းမှ Easy Binder.exe ကို Open လုပ်၍ စောစောက ရရှိထားသော file များကို Bind လုပ်ပေးပါ …
(9) ဒီအဆင့်ထိရောက်လျှင်တော့ စာဖတ်သူနောက်ဆုံး Bind လုပ်၍ ရရှိလာသော File ကို စာဖတ်သူ Password သိချင်တဲ့ သူဆီကို ပို့၍ Run ခိုင်းချင်ခိုင်း၊ ဒါမှမဟုတ် စာဖတ်သူကိုယ်တိုင် Password သိချင်တဲ့ လူထိုင်တဲ့စက်မှာ သွားပြီး Run ချင်လည်းရပါတယ်။ စိတ်ကြိုက်သာလုပ် အဓိကက အဲဒီ File လေး Run ပြီဆိုတာနဲ့ စာဖတ်သူ ပထမအဆင့်မှာ Sign Up လုပ်ထားတဲ့ FTP Account ထဲကို စာဖတ်သူလိုချင်တဲ့ Password တွေရောက်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာ … စမ်းချင်သူများ , H*** ချင်ပါတယ်ဆိုတဲ့ ကိုကိုများ စမ်းချင်သပဆို စမ်းသပ်နိုင်ပါသည် … ဒီ Post နှင့် ပတ်သက်၍ မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ၊ ဒီလိုလုပ်လို့ရတယ်ဆိုတာကိုသာ သိစေချင်တာပါ၊
(YTU Myanmar မှပြန်လည်ကူးယူဖော်ပြအပ်ပါသည်။)ဒီပို(စ်)လေးကိုပြန်လည်မျှဝေချင်တာနဲ့တင်ပေးလိုက်တာပါ
အခုလိုကျွန်တော်မျှဝေပေးတာ ဟက်ဖို့မဟုတ် သိရှိနားလည်စေရန်ရည်ရွယ်ပါတယ်

Gmail Hecker များကို ကာကွယ်နိုင်မည့် အချက် 6 ချက်
မှတ်ချက် ၊ ဒီ Blog အား မည်သည့်ဆိုဒ် ၊ မည်သည့် Blogpost အတွက်မဆို ကူးယူနိုင်ပါတယ်
Phishing ဆိုတာဘာလဲ ? Phishing ဆိုတာက gmail အကောင့်တွေကိုအကောင်းဆုံး heck လို့ရတဲ့ နည်းပညာ တစ်မျိုးဖြစ်ပါတယ် ။ Phishing ကိုသုံးပြီး ကိုယ်ကြိုးရှာနေတဲ့ သူတွေအတွက် မူလစာမျက်နှာကို သူတိ့ရအောင်ရှာဖွေပြီး အချက်အလက်တွေနှိုက်ယူကြပါတယ် ။ ရတဲ့ အချက်လက်တွေမှာ သူတို့ လိမ္မာသလို အသုံးချပြီး email အသုံးပြုသူတွေကို ဓားစာခံ လုပ်လေ့ရှိကြပါတယ် ။ အားလုံးအတွက် အကျိုးရှိအောင် အောက်ပါ အချက် 6 ခုကို လိုက်နာရင်း Hacker တွေ ရဲ့ Phishing ရန်မှ ကာကွယ်နိုင်ပါတယ် ။
(မြန်မာပြည်မှာ အသုံးချတဲ့သူများကတော့ စီးပွားရေး အချက်လက်တွေ ထက် ကိုယ်ရေကိုယ်တာကို Hecking လုပ်မှု့ပိုမိုများပျားကြောင်းတွေ့ရပါတယ်)
အောက်ဖော်ပြပါ အချက်တွေကို လေ့လာစမ်းစစ်ပြီး
Hecker ရန်က တော်တော်လေးေ ရှာင်နိုင်လို့ရနေပါတယ် ။
1. အကောင်းဆုံး အကြံပေးချင်တဲ့ အင်တာနက် Browser
အကောင်းဆုံး အကြံပေးချင်တဲ့ အင်တာနက် Browser
ကို ပြောရရင် . Phishing ရန်ကို ကာကွယ်စစ်ထုတ်ပေးတဲ့ Browser တွေမှာ
(a) Fire Fox 3.0 နှင့်အထက်
(b) Internet Explorer 7 နှင့်အထက် အပြင်
(c)Opera 7x မြန်မာပြည်မှာ သုံးလေ့မရှိပါဘူး
တွေက hecking ရန်ကို Platform လုပ်ပြီး ကာကွယ်နိုင်ပါတယ်
2. အရေးကြီးဆုံးသော ကိုယ်ရေး အချက်လက်တွေကို လုံးဝမတင်မိပါစေနဲ့
(ဒါက လုံးဝမမေ့ဘို့ အရေးကြီးပါတယ်)
ကျောင်းတက်ရန် အချက်လက်၊ ကိုယ်ရေးရာဇဝင် ၊ ကျမ်းမာရေးဆိုင်ရာ အချက်လက်နဲ့ ဘဏ်စာရင်းတွေလိုမျိုးတင်မိရင်တော့ Hecker တွေအတွက်
ဈေးပွဲတော်လိုတွေ့စေနိုင်ပါတယ် ဒီအချက်မျိုးကို Fax သို့ Sms လို့ခေါ်တဲ့ Message ပို့တဲ့ စနစ်ဆိုပိုမိုကောင်းမွန်ပါလိမ့်မယ်
3.သံသယရှိသော Filter (ဇစ်များ)
ဒီလို စစ်ဖို့ကို သင်လုပ်နိုင်ပါတယ် ပထမဦးစွာ သင့် email ရဲ့
Setting ကိုသွားပါ ပြီးလျှင် Filter ကို ကလစ်ပြီး စစ်ထုတ်ပါ
အဲ့အဖြေက ပြတဲ့ သံသယ ရှိစရာ ဖိုင်များရှိနေခဲ့ရင် ချက်ချင်း ဖျက်ထုတ်ပစ်ပါ
4.အခွင့်အရေးတွေနဲ့ ကြော်ငြာများ
ဒီနေရာမှာတော့ အသုံးပြုတဲ့ Server နဲ့ တိုင်းပြည်အလိုက်ကြော်ငြာတွေရှိတာကို တွေ့ရပါလိမ့်မယ်
သင်ဆုမဲပေါက်တယ် ၊ ငွေရမယ် ၊ အမေရိကကို သွားဖို့ ရနေပြီ စသည်ဖြင့် ကျွန်တော်မြင်ဘူးခဲ့ပါတယ်
အဲ့လိုမျိုး တွဲလာတဲ့ ဖိုင်တွေကို ရှိခဲ့ရင် မဖွင့်ပါနဲ့ ဖွင့်ခဲရင်တောင် ဘာအချက်အလက်မှဖြည့်ပြီး မပေးလိုက်ပါနဲ့
သင်ပိုင်ဆိုင်ထားတာလေးတွေထဲက သူတို့ ညစာ ဘီယာဖိုးလောက်တော့ ပါသွားပါလိမ့်မယ်
5. POP/IMPA ကို ဖွင့်မထားမိပါစေနဲ့
ဒီအချက်ကိုတော့ လူငယ်တော်တော်များများနဲ့ Beginner (စတင်အသုံးပြုသူတွေ) မသိကြပါဘူး လွယ်ကူပါတယ် email ရဲ့ Setting ကို သွားပါ General မှာ Forwarding and POP/IMAP ဆိုတာ တွေ့ပါလိမ့်မယ် Disable ဖြစ်အောင်လုပ်ထားလိုက်ပါ
6.နောက်ဆုံးသော အရေးကြီး သည့် လိုက်နာရန်
ဒီအချက်ကိုတော့ သေချာ မှတ်သားစေချင်ပါတယ်
သင့်ဆီရောက်လာတဲ့ လင့်တွေထဲက သင်မမြင်ဘူးတဲ့ သူငယ်ချင်းဖိတ်စာ ဒါမှမဟုတ် ecard ဒါမှမဟုတ် promotion လင့်များ စသည်ဖြင့်ဝင်လာလေ့ရှိသောစာများကိုမကလစ်မိပါစေနှင့်
သင်ကျင်လည်လျှက်ရှိသော ဆိုဒ်များမှလင့်သာလျှင်ဖွင့်ပါ
(ဥပမာ - ဧဒင်ဥယျာဉ်မှ Check out for blogs ) စသော စာများတွင်လင့်ပါပါသည် သင်ထိုသို့သော လင့်များကို ဖွင့်နိုင်သည် သို့သော် မသိသော လင့်မှားပါဝင်ပါက လုံးဝမဖွင့်ပါနှင့် ထိုလင့်များမှာ သင့် ကွန်ပျုတာကို ဝင်မွှေနိုင်သော ဂိတ်ပေါက်တစ်ခုဖြစ်ကြောင်း သေချာမှတ်သားထားစေချင်ပါတယ် ။
(ကိုမျိုးဖြည့်စွက်ချက် : ကျွန်တော်တို့ ကိုယ်ပိုင်ကွန်ပျူတာသမားအများစု မှားယွင်းနေတာကို ထောက်ပြပါ့မယ်
ဒါက ဆိုင်မှာ သုံးရတဲ့ သူအတွက်လဲ လိုက်နာရန်လိုပါတယ်
(a) Browser တွေမှာ password ကို save လုပ်ထားမထား အရင်လေ့လာပါ
(b) အင်တာနက်မှာ email သုံးရင် ဒီအချက်ကို အရင်သင်ထားသင့်ပါတယ်
(c) သင့် password ကို Save လုပ်မလား မေးခဲ့ရင် လုံးဝမလုပ်ထားပါနဲ့
(d) ဒီလို Password ကို save လုပ်ထားမိရင် ပိုခံရတတ်ပါတယ်
ကွန်ပျူတာ ပိုင်ရှင်များ ပိုဆိုးပါတယ် ခင်ဗျား ကျွန်တော်ကိုယ်တွေ့ပါ
အဲ့တော့ password ရိုက်ဖို့ ပျင်းရင် ဖြင့် ဆိုးဆိုးဝါးဝါး မုန့်ဖိုးပေးရမှာပါခင်ဗျား )
ကြေနပ်ပါသလားခင်ဗျာ ကျွန်တော် Phishing ဆိုတာကို ယနေ့အထိ ဘယ်သူ့ကိုမှ မဝေမျှပါဘူး ဒါဟာ ပညာကပ်စီးနဲတာ မဟုတ်ပဲ မတတ်လို့ ဘာမှ မဖြစ်တဲ့ အတွက် ဧဒင်က စပြီး ကျွန်တော့် မိတ်ဆွေ ဘယ်လိုဆိုင်မျိုးမှာမဆို မတင်ပေးခဲ့ပါဘူး
တင်လာတဲ့ သူတွေထံက Software ပါခဲ့ရင်လဲ ကျွန်တော် ဖြုတ်ထုတ်ပါတယ် ကိုယ်ရေးကိုယ်တာကို ဝင်စပ်စုခြင်းဟာ အင်မတန် အောက်တန်းကျနသော နည်းပညာတစ်ရပ်လို့ ကျွန်တော် ခံယူပါတယ်။ ဒါကြောင့် အလွယ်ဆုံး ရေပန်းစားလျှက်ရှိတဲ့ နိုင်ငံခြားမှ နည်းပညာရှင် Blogger များရေးသားပေးတဲ့ Blog ကို ကျွန်တော် သဘောတွေ့လို့ ဘာသာပြန်ပေးလိုက်တာပါ ဒီအချက်လက်တွေကို ထိန်းထားခြင်းဖြင့် နိုင်ငံတကာက Hecker ရန်က ထိရောက်စွာ ကာကွယ်ပေးပါမှာ ဒီနည်းပညာကို 2009 ခု ဇူလိုင်လမှာ စတင်ခဲ့ပါတယ် ကျွန်တော် ယနေ့ နောက်ဆုံးသော နည်းပညာများကို လက်လှမ်း အမှီလိုက်နေရင် အလုပ်ကြားက ရေးသားပေးခဲ့တာပါ ။ ဆိုလိုတာက အောက်ဒိတ်မဖြစ်တဲ့ ကာကွယ်နည်းတစ်ခုလို့ ပြောချင်တာပါ ။
ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူငယ်မောင်မယ်တွေ မှာ hecking လုပ်ချင်လို့ စုံစမ်းခဲ့ရင် ကျွန်တော်ပြောချင်တာက မိဘကို အရှက်ရအောင် လုပ်ချင်လို့လားလို့ မေးပြီး နားလည်အောင် ရှင်းပြ တားမြစ်ပေးဖို့ လူငယ်တွေ အစား ဧဒင် လူကြီးတစ်ယောက်အနေနဲ့ ပြတ်ပြတ်သားသားထုတ်ဖော်ပြောပြလိုက်ပါတယ် ။
အားလုံး အဆင်ပြေပါစေ
..........................................................................................................................
မူရင်းရေးသားထားသော Blog ကိုလဲ ဆက်တွဲဖော်ပြပေးထားပါတယ် ဘာသာပြန်ညံဖျင်းခဲ့ရင် နားလည်ပေးမယ်လို့ ယူဆတောင်းပန်ပါတယ် ခင်ဗျာ Six ways to protect your gmail account from being cracked
POSTED BY MVISHAKH ON 19 JULY 2009
What is phishing?
Phishing is the best working method of hacking email accounts. The advantage of phishing in email account hacking is that victim is not able to recognize the fake page (phisher) as this phisher matches with the original page (depends on cracker’s skills).
So, here I have mentioned few tips which you should follow to prevent cracking of your email account by crackers.
1. Phishing filter:
I will recommend use of browser which has phishing filter.Web browsers like Firefox 3.0+ (my favorite), Internet Explorer 7+, Opera 7x supports phishing filter and should be used for safe browsing.
2. Do not provide sensitive information :
Yes, this is the main thing you have to remember. Unless and until, you know the person or institute, do not give your sensitive information like user ids , passwords, bank account numbers as a reply to any email. In fact, 90% emails demanding such information are meant for cracking!
3. Suspicious Filters :
Check whether there are any suspicious filters not created by you. For checking your email filters, go to Settings->Filters. If you find any such suspicious filter not created by you, delete it urgently.
4. Great offers, ads, winners :
Generally, Gmail users are deceived by emails which contain great offers, ads or declaring that you are a lucky winner and you should provide listed query information to receive your cash prize. Never click or provide any information for such claiming emails, unless you’ve actually participated in any of the said competitions, chances are that, you never had!
5. Disable Forwarding and POP/IMAP :
To disable forwarding and POP/IMAP, go to Settings-> Forwarding and POP/IMAP and disable forwarding and POP/IMAP.
6. The most important :
The most important precaution which one must follow is “do not click on the link” provided in the email without knowing to which page the link will take you. I have added my personal experience of phishing and the method to determine the link target, where i received a paypal phisher, in my article Paypal phisher to crack Paypal account. One more thing, always open link given in email by typing address of site in new tab/window.
Thus, if you will follow these guidelines, i bet your Gmail account will never be cracked by a phisher. Just remember the guidelines and prevent Gmail account from being cracked by crackers.
source: This isn’t my original article, but an aggregate information I’ve gathered in time, which will hopefully help you.
Labels:
ဟက်ကာ
August 21, 2011
Hacker တွေရဲ့ Large Scale Attack တွေကို သိထားဘို့
ICMP Ping ကို အရင် ရှင်းပါ့မယ်.။ ICMP ဆိုတာ မိမိ access လုပ်လိုသော Sever (သို့)Computer နှင့်ချိတ်ဆက်ရနိုင် မရနိုင်စစ်ဆေးရာတွင် အသုံးပြုနိုင်သော Command တစ်ခုဘဲဖြစ်ပါတယ် ။ မိမိ ကွန်ပျူတာမှ request signal များသည် Sever ကွန်ပျူတာ တစ်လုံးလုံးသို့ Ping လိုက်သောအခါ ထိုကွန်ပျူတာထဲသို့ Request များရောက်ရှိသွားပါတယ် .။Sever ကွန်ပျူတာတွေက ရှိလာတဲ့ Request များထဲတွင်ပါဝင်သော Source code လို့ခေါ်တဲ့ လိပ်စာကို ဖတ်ပြီးမိမိအားဘယ်ကွန်ပျူတာမှ Request လုပ်တယ်ဆိုတာ သိနိုင်ပြီး အကြောင်းပြန်ပေးရတာပါ ။ Reply ပြန်လုပ်ပေးရတာပေါ့ ။
Hacker တွေက Sever တွေကို တိုက်ခိုက်တဲ့ အခါ ICMP Commandမျုား ကို သုံးပြီးတိုက်ခိုက်လေ့ရှိပါတယ် ။ပထမဦးစွာ သူတို့ရဲ့ Location ကို မသိနိုင်အောင် သူများ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ကြပါတယ် ။သူများကွန်ပျူတာတွေက နေတိုက်ခိုက် တော့သူတို့ အမှု မပတ်တော့ဘူးပေါ့နှော့။ကဲ ကွန်ပျူတာတွေကို ထိန်းချုပ်လို့ရနေပြီဆိုပါတော့ ၁၀လုံးလောက်ပေါ့ ဥပမာ။အဲကွန်ပျူတာတွေက နေ Program တစ်ခုကို Install လုပ်လိုက်ပါတယ် ပြီးရင် အဲထိန်းချုပ်ခံထားရတဲ့ ကွန်ပျူတာတွေကနေပြီး Sever တွေကိုတိုက်ခိုက်ပါတော့တယ် ။သူတို့ အသုံးပြုတဲ့ ICMP Commandတွေမှာက Source Code တွေမပါရှိတော့ Sever တွေ တိုင်ပတ်ပါပြီ ။ Sever တွေက ပေးလို့လိုက်တဲ့ Request တွေရဲ့ လိပ်စာကိုဖတ်ပြီးတော့မှ အကြောင်းပြန်ရတာလေ ။Hacker တွေရဲ့ Request တွေမှာက လိပ်စာမပါ ဘူး။ဒါ့ကြောင့် သူတို့တွေဝေခွဲမရဖြစ်သွားကြတယ် ။Hacker တွေထိန်းချုပ်နိုင်တဲ့ Computer တွေက Request တွေများလားတဲ့ အခါ Sever တွေဟာ ဘာလုပ်ရမှန်းမသိဖြစ်ပြီးတော့လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားပါတော့တယ် ။
ဒါတွေကို သတိထားရပါ့မယ် ကိုယ့်ကွန်ပျူတာကို သုံးပြီးတိုက်ခိုက်သွားတယ်ဆိုရင်တော့ နောက်ဆုံးကိုယ့်ခေါင်းဘဲကျလာပါလိမ့်မယ် ။ဒါ့ကြောင့်ကွန်ပျူတာကို ထိန်းချုပ် မခံရအောင် SPY တွေမ၀င်နိုင်အောင် လုံခြုံရေးကိုမြဲပါစေ။အမြဲ Update လုပ်ထားပါ။ အချို့တွေက အသုံးပြုတဲ့ Command တွေကို Internet ပေါ်မှာတင်ပေးတတ်ကြတယ် ။ဒါဟာ မကောင်းဘူးလို့ထင်တယ် ။လူငယ်တွေဆိုတာ လက်တည့်စမ်းကြမှာဘဲ သာမန်အသုံးပြုသူတွေကို ထိခိုက်စေပါတယ် Black Hacker တွေဘဲပေါ်နေကြပါတယ် မြန်မာနိုင်ငံမှာ တော်တော်တွေ့နေပါပြီ ။ကော်မန့်လေးတွေသိအောင်တင်လိုက်ရင် သူတို့က သွားပြီးချကြပါတယ် ။ဒါ့ကြောင့်ကျွန်တော်လည်းမရေးတော့ပါဘူး။ အနော် လည်း တိပါ 0ူး နော့ တိလည်းတိပါ 0ူး ။အဓိက ကတော့လုံခြုံအောင်နေကြပါ။ ဒီခေတ်ကြီးမှာ လုံခြုံတာတွေသိပ်မရှိတော့ပါဘူး
>>ဆက်ဖတ်ရန်>>

ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခု
မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။
ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။
အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။
CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။
စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။
ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။
ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။
Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။
မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။
အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက်ပြောပြပေးတာပါနော်...
အစဉ်လေးစားလျက်,

Subscribe to:
Posts (Atom)