Pages

Ads 468x60px

August 21, 2011

Hacker တွေရဲ့ Large Scale Attack တွေကို သိထားဘို့

ICMP Ping ကို အရင် ရှင်းပါ့မယ်.။ ICMP ဆိုတာ မိမိ access လုပ်လိုသော Sever (သို့)Computer နှင့်ချိတ်ဆက်ရနိုင် မရနိုင်စစ်ဆေးရာတွင် အသုံးပြုနိုင်သော Command တစ်ခုဘဲဖြစ်ပါတယ် ။ မိမိ ကွန်ပျူတာမှ request signal များသည် Sever ကွန်ပျူတာ တစ်လုံးလုံးသို့ Ping လိုက်သောအခါ ထိုကွန်ပျူတာထဲသို့ Request များရောက်ရှိသွားပါတယ် .။Sever ကွန်ပျူတာတွေက ရှိလာတဲ့ Request များထဲတွင်ပါဝင်သော Source code လို့ခေါ်တဲ့ လိပ်စာကို ဖတ်ပြီးမိမိအားဘယ်ကွန်ပျူတာမှ Request လုပ်တယ်ဆိုတာ သိနိုင်ပြီး အကြောင်းပြန်ပေးရတာပါ ။ Reply ပြန်လုပ်ပေးရတာပေါ့ ။
Hacker တွေက Sever တွေကို တိုက်ခိုက်တဲ့ အခါ ICMP Commandမျုား ကို သုံးပြီးတိုက်ခိုက်လေ့ရှိပါတယ် ။ပထမဦးစွာ သူတို့ရဲ့ Location ကို မသိနိုင်အောင် သူများ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ကြပါတယ် ။သူများကွန်ပျူတာတွေက နေတိုက်ခိုက် တော့သူတို့ အမှု မပတ်တော့ဘူးပေါ့နှော့။ကဲ ကွန်ပျူတာတွေကို ထိန်းချုပ်လို့ရနေပြီဆိုပါတော့ ၁၀လုံးလောက်ပေါ့ ဥပမာ။အဲကွန်ပျူတာတွေက နေ Program တစ်ခုကို Install လုပ်လိုက်ပါတယ် ပြီးရင် အဲထိန်းချုပ်ခံထားရတဲ့ ကွန်ပျူတာတွေကနေပြီး Sever တွေကိုတိုက်ခိုက်ပါတော့တယ် ။သူတို့ အသုံးပြုတဲ့ ICMP Commandတွေမှာက Source Code တွေမပါရှိတော့ Sever တွေ တိုင်ပတ်ပါပြီ ။ Sever တွေက ပေးလို့လိုက်တဲ့ Request တွေရဲ့ လိပ်စာကိုဖတ်ပြီးတော့မှ အကြောင်းပြန်ရတာလေ ။Hacker တွေရဲ့ Request တွေမှာက လိပ်စာမပါ ဘူး။ဒါ့ကြောင့် သူတို့တွေဝေခွဲမရဖြစ်သွားကြတယ် ။Hacker တွေထိန်းချုပ်နိုင်တဲ့ Computer တွေက Request တွေများလားတဲ့ အခါ Sever တွေဟာ ဘာလုပ်ရမှန်းမသိဖြစ်ပြီးတော့လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားပါတော့တယ် ။
ဒါတွေကို သတိထားရပါ့မယ် ကိုယ့်ကွန်ပျူတာကို သုံးပြီးတိုက်ခိုက်သွားတယ်ဆိုရင်တော့ နောက်ဆုံးကိုယ့်ခေါင်းဘဲကျလာပါလိမ့်မယ် ။ဒါ့ကြောင့်ကွန်ပျူတာကို ထိန်းချုပ် မခံရအောင် SPY တွေမ၀င်နိုင်အောင် လုံခြုံရေးကိုမြဲပါစေ။အမြဲ Update လုပ်ထားပါ။ အချို့တွေက အသုံးပြုတဲ့ Command တွေကို Internet ပေါ်မှာတင်ပေးတတ်ကြတယ် ။ဒါဟာ မကောင်းဘူးလို့ထင်တယ် ။လူငယ်တွေဆိုတာ လက်တည့်စမ်းကြမှာဘဲ သာမန်အသုံးပြုသူတွေကို ထိခိုက်စေပါတယ် Black Hacker တွေဘဲပေါ်နေကြပါတယ် မြန်မာနိုင်ငံမှာ တော်တော်တွေ့နေပါပြီ ။ကော်မန့်လေးတွေသိအောင်တင်လိုက်ရင် သူတို့က သွားပြီးချကြပါတယ် ။ဒါ့ကြောင့်ကျွန်တော်လည်းမရေးတော့ပါဘူး။ အနော် လည်း တိပါ 0ူး နော့ တိလည်းတိပါ 0ူး ။အဓိက ကတော့လုံခြုံအောင်နေကြပါ။ ဒီခေတ်ကြီးမှာ လုံခြုံတာတွေသိပ်မရှိတော့ပါဘူး

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....