Pages

Ads 468x60px

Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts

October 26, 2013

ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း

ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း
ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို

Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားဖို့လိုပါတယ်.
ပထမဆုံး my computer ကို ဖွင့်ပါ Localdisk:C ရဲ့properties မှာ usedspace,freespace ဘယ်လောက် ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ .. မှတ်သားပြီးသွားရင်တော့

၁။ Start Menu , Control Panel မှ Power options ကို click ပါကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး ပြီးရင် EnableHibernation ဆိုတဲ့စာကြောင်း လေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ် Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ် Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132MB) ရှိရာမှ 3% (1386MB) သို့လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ် Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် .. Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ် Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်ရင်း မိမိကွန်ပျူတာ ဘယ်လောက် မြန်ဆန်သွက်လက် လာသလဲဆိုတာ စမ်းသပ်ကြည့်ကြပါစို့လား ………
အနှစ်ချုပ်ကတော့..

• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)
>>ဆက်ဖတ်ရန်>>

November 2, 2011

မြန်မာလိုရိုက်တာလေးထောင့်ကွက်တွေ ပေါ်နေရင်။

ကိုယ်ဆီမှာ ဇော်ဂျီဖောင့်လဲရှိတယ်၊ ဇော်ဂျီကီးဘုတ်လည်း

အင်စတော လုပ်ထားရဲ့သားနဲ. GTalk မှာ မြန်မာလိုရိုက်တာ
လေးထောင့်ကွပ်တွေ ပေါ်နေရင်တော့။
GTalk Box ကိုဖွင့် Settings ထဲဝင်။ထဲဝင်။ Chaing Font...

ကိုကလစ်လုပ်ပြီး Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးရပါမယ်။

I.E မှာဆိုရင် Tools Tab ကနေ Internet Option

ကိုဝင် General Tab ထဲက Fonts ဆိုတာထဲဝင်

Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ

Mozilla Firefox မှာဆိုရင် Tools Tab ကနေ

Option ကိုဝင် Content ဆိုတဲ့ Tab မှာ Defaunt font

ဘေးမှာ Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ

ပြီးရင်တော့မြန်မာလိုအဆင်ပြေစွာအသသုံးပြုနိုင်ပါပြီဗျာ
>>ဆက်ဖတ်ရန်>>

မိမိကွန်ပျူတာထဲမှာဇော်ဂျီရှိပြီးစာမပေါ်ရင်

ကျွန်တော်တိုင်ပတ်သွားတဲ့အရာပါဇော်ဂျီဖောင့်ရှိရဲ့သားနဲ့ တစ်ချို့ ဆိုဒ်တွေမှာစာမပေါ်ဘဲပဲပင်ပေါက်

တွေဖြစ်နေပါတယ်အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့

mozilla firefox ကိုဖွင့် Tools ထဲက Option ကိုဖွင့်ပါ။
Content ဆိုတဲ့ Tab ထဲမှာ Defaunt Font ထဲမှာ Zawgyi-one ကိုရွေးပေးပါ။



Advanced ဆိုတာကို ထပ်နှိပ်ပါ။ serif: ဆိုတဲ့နေရာမှာ Zawgyi-One ကိုရွေးပေးပါ။


ပြီးသွားပါကသင့်စက်မှာဇော်ဂျီအဆင်ပြေစွာကပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
>>ဆက်ဖတ်ရန်>>

September 9, 2011

ကိုယ့်ရဲ့ကွန်ပျူတာကို အလှဆင်နည်း

ကိုယ့်ရဲ့ ကွန်ပျူတာလေးကို 3D Screensaver လေးနဲ့ အလှဆင်ကြရအောင်နော်။
ပထမဦးဆုံး Software ကို ကိုယ့်ရဲ့ကွန်ပျူတာလေးထဲမှာ အရင်ဆုံး runပေးရမှာပါ...။ install လုပ်တဲ့နေရာမှာလဲ လွယ်ကူပါတယ်။
installed လုပ်ပြီးတဲ့အခါမှာ webpageကလေးကတခါထဲတက်လာမှာပါ။
browserရဲ့ tool barမှာ Screensaverဆိုတဲ့ နေရာလေးကနေတဆင့် ကိုယ့်စိတ်ကြိုက်ပုံလေးတွေရွေးချယ်ပေးနိုင်ပါတယ်။
ကိုယ်ရဲ့စိတ်ကြိုက်ပုံလေးကိုတွေ့ပြီဆိုရင်တော့ Add လုပ်လိုက်ယုံပါပဲ။

ကိုယ့်စိတ်ကြိုက်ပုံလေး ဟုတ်မဟုတ်ကိုတော့ Preview ကနေကြည့်လို့ရပါတယ်။
 
စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Continue ကိုနှိပ်ပေးလိုက်တာနဲ့ကိုယ်ရွေးချယ်ထားတဲ့ပုံလေးနဲ့ ကိုယ့်ရဲ့ကွန်ပျူတာလေးကို အလှဆင်ပြီးသားဖြစ်သွားပြီပေါ့။
 
ထပ်ပြီးပြောင်းလဲချင်တယ်၊ တခြားစိတ်တိုင်းကျ ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလယ်က Manageဆိုတဲ့ buttonလေးကိုနှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။
software ကိုတခါထဲထည့်ပေးချင်ပေမဲ့ အဆင်မပြေတာကြောင့် လင့်လေးပဲထည့်ပေးလိုက်ပါတယ်။

>>ဆက်ဖတ်ရန်>>

September 2, 2011

ကွန်ပျူတာသုံးစွဲသူများလိုက်နာသင့်သည့်အချက်(9)ချက်

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို.ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။
နေရာ မှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။
မျက်စဉ်း
ခတ်ပေးပါ လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။
အစားအသောက် ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။ မျက်စိရောဂါ ကင်းဝေကြပါစေ။ Ref: Internet
>>ဆက်ဖတ်ရန်>>

August 28, 2011

မိမိ Computer ထဲကမလိုအပ်တဲ့ Install ဖျက်နည်း..

မိမိရဲ့computer ထဲမှာ တစ်ခါတစ်လေဗျာ ကိုယ်ကဘာမှန်းမသိဘူး သူများပြောလို့ Install လုပ်လိုက်မိတယ် အဲဒီ့ Install လုပ်ခဲ့တဲ့ဟာတွေကို ကိုကအသုံးမလိုတော့ဘူး ပြန်ဖျက်ချင်တယ်ဆိုရင် ပြန်ဖျက်လို့ရပါတယ် မသိသေးတဲ့သူတွေအတွက်ပါ သိပြီးသားသူတွေကတော့ နားလည်ပေးပါနော်...ကဲ ဖျက်တော့မယ်ဆိုရင် ပထမဦးဆုံး မိမိကွန်ပျူတာရဲ့ Desktop မှာ Computer ဆိုတဲ့နေရာလေးကို အရင်သွားလိုက်ပါ အောက်ကပုံကို ကြည့်လိုက်နော်...အဲဒီ့နေရာကို သွားပြီးပြီဆိုရင် ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ် အောက်ကပုံကိုကြည့်လိုက်ပါ အဲလိုပေါ်လာတဲ့ နေရာမှာ Uninstall or change a program ဆိုတဲ့နေရာကိုနှိပ်ပါ...အဲလိုနှိပ်ပြီးပြီဆိုရင်တော့ Install ဖျက်ချင်တဲ့နေရာကို ရောက်ပါပြီ...အဲဒီ့မှာတွေ့ရပါလိမ့်မယ် မိမိကွန်ပျူတာထဲက Install လုပ်ထားတဲ့အရာတွေအားလုံး ပေါ်လာပါပြီ အဲဒီ့မှာကိုယ်မကြိုက်တဲ့ Software တွေကို Uninstall လုပ်လိုက်ပေါ့ဗျာ...အောက်ကပုံမှာကြည့်လိုက်နော်အားလုံးအဆင်ပြေနိုင်ကြပါစေ..
>>ဆက်ဖတ်ရန်>>

How to copyright CD ROM with Nero 9

How to copyright CD ROM with Nero 9
တင်ပြသူ Kyaw Htin Friday, 10 July 2009
CD Disc ကူးနည်း(၂)နည်းကို ဖော်ပြပေးသွားမှာပါ။
အရင်တလောက အမတစ်ယောက်အကူအညီတောင်းလို့ပါ။
နည်း(၂)နည်းရှိပါတယ်..ကူးဖို့အတွက်ဆိုရင်
၁။ Image File ပြုလုပ်ပြီး ကူးနည်း
၂။ CD Disc ထဲသို့ တိုက်ရိုက်ကူးနည်း

၁။ Image File ပြုလုပ်ပြီး ကူးနည်း
Nero Burning ROM ကိုဖွင့်လိုက်ပါ။ အဲဒီမှာ New Compilation ပေါ်လာရင်ပိတ်လိုက်ပါ။
Nero Burnning ROM မှ Recorder ကိုနှိပ်လိုက်ပါ။ Recorder မှ Choose Recorder > Image Recorder ကိုရွေးလိုက်ပါ။
ပြီးရင် Recorder မှ Copy Disc ကိုနှိပ်လိုက်ပါ။
ပေါ်လာသော New Compilation မှ Copy Option မှာ On the Fly ကိုအမှန်ခြစ်ပေးလိုက်ပါ။ On the Fly ရွေးခြင်းဟာ Image File Name ကိုအရင်တောင်းပြီး Save လုပ်ပေးပါတယ်။ Image လုပ်ချိန်ပိုပြီး မြန်စေပါတယ်။ Source မှာ မိမိ ထည့်ထားသော Disc နေရာကိုရွေးပေးပါ။ ပြီးရင် Read Option နှိပ် သူ့ရဲ့အောက်က Profile Selection မှာ Mixed Mode or CD EXTRA ကိုရွေးပေးပါ။ Mixed Mode or CD EXTRA ရွေးပေးခြင်းအားဖြင့် CD ဓါတ်ပြားအားလုံးကိုမူရင်းအတိုင်း ပြုလုပ်ပေးပါတယ်။ Data အခွေကူး
ယူ ရန် Data CD ရွေးရင်လည်း မမှားနိုင်ပါ။ ပြီးရင် Copy နှိပ်ပါ။
အဲဒီမှာ သိမ်းချင်တဲ့နေရာမှာ သိမ်းနိုင်ပါပြီ။…
၂။ CD Disc ထဲသို့ တိုက်ရိုက်ကူးနည်း အထက်က ပြထားတဲ့ အတိုင်း Recorder မှာ Choose Recorder ကိုရွေး ပြီးရင် CD/DVDW Writer ကိုရွေးပါ။ ပြီးရင် Recorder မှ Copy Discကိုရွေး ပြီးရင်Copy နှိပ်ပေးလိုက်ပါ။CD Disc ကိုကွန်ပျူတာရဲ့ Hard Diskထဲကို (Tempoary) ယာယီကူးထားတာဖြစ်ပါတယ်။ Tempoary File ကူးပြီးတာနဲ့ မိမိရဲ့ မူရင်း CD ကို ထုတ်ပေးပြီး CD အလွတ်တစ်ချပ်
တောင်းမှာဖြစ်ပါတယ်။ CD အလွတ်တစ်ချပ် ထည့်ပေးလိုက်ရုံပါပဲ။
အားလုံးအဆင်ပြေကြပါစေဗျာ..
>>ဆက်ဖတ်ရန်>>

August 23, 2011

Folder မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်

ကဲ စာဖတ်သူတို့ရေ..ဘယ်လိုလုပ်မှာလဲ Folder  မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်တဲ့ ။ ဟီး ဖြစ်နိုင်ပါဘူးနော် ။ ဒါပေမယ့် တကယ်နော်...စာဖတ်သူတို့ရေ...စမ်းကြည့်လိုက်ပါလား ။ ကြိုက်သွားစေရမယ် :), Post ကိုပြောတာ ။
စကားများသွားပြီ...စရအောင်....
ကဲ ပထမဆုံး New Folder တစ်ခု ယူရအောင်....
New Folderတော့ရပြီ....နောက်တစ်ဆင့်
နာမည်မပေါ်အောင် ဘယ်လိုလုပ်မလဲ.....စာလုံးမပါတဲ့ နာမည်ကို ပြောင်းရမှာပေါ့....။ ရှိလောက်ပါဘူးနော်.. ဟီး....ဆက်မယ်
Run Box ထဲမှာ ဒီစာသားလေး ရိုက်ထည့်လိုက်.....charmap
ကဲ ခဏလေးစောင့်....ဂလိုတက်လာမယ်....အဲဂလိုတက်လာရင် အဲဂလိုလုပ်လိုက် ပြောတော့ဘူး..လွယ်လို့
ကဲ..ကော်ပီပြီးပြီဆိုရင်တော့....နာမည်ပြောင်းပြီးတော့ ကော်ပီထားတာလေးကို ထည့်မယ်....
ပြီးရင် နာမည် ပါတော့ဘူးနော် Folderမှာ ဂလိုမျိုး...
နာမည်တော့ မပါတော့ဘူး...တကယ်ပျောက်သွားအောင် ဆက်ဖျောက်မယ်...
Right လင့် အောက်ဆုံက အတန်းလေးကို ရွေးလိုက် Properties ပါ ။
ကဲ icon ပြောင်းမယ်....
ခုလည်း အပုံမပေါ်တဲ့ icon ကို ရွေးလိုက်ပါ ။
ကဲ ပြီးရင် အိုခေ လိုက်...ဆက်တိုက် Properties မှာလည်း အိုခေ လိုက် ။ ပျောက်သွားပြီ ဟုတ် ...
အဆင်ပြေပြေနဲ့ စမ်းနိုင်ကြပါစေ ဆက်လက် ရှာဖွေပေးဦးမယ် :)
>>ဆက်ဖတ်ရန်>>

August 21, 2011

ကွန်ပျုတာကို ဖုန်းနဲ့ Remote Control လုပ်ရအောင် အင်တာနက်ပါချိတ်ကြမယ်

နောက်ထွက်တဲ့ laptop တွေမှာ Bluetooth တွေရှိကြပါတယ်
Fn + F3 နိုပ်ပါ (Bluetooth ဖွင့်ရန်)

Bluetooth ကိုဖွင့်ပါ
Add a device ကိုနိုပ်ပါ

ဖုန်းမှ Bluetooth ကိုဖွင့်ထားပါ
select a device to add to this computer ထဲတွင် မိမိပေးထားသော နာမည်ကိုရွေးပါ

Type the following code into your device သူပေးထားတဲ့ CODE ကိုထည့်ပါ

Your device is ready to use ဆိုတတ်လာပြီး ဖုန်းထဲမေးတာတွေကို Yes လုပ်ပေးပါ

ဒါဆိုအဆင်ပြေသွားပါပြီ

ဖုန်းထဲမှာ သုံးမျိုးတွေ့ပါမည်
Presenter
Media Player
Desktop



မလေးမှ ဘော်ဘော်တို့ရေ..... Broadband ကို အကြောင်းအမျိုးမျိုးကြောင့် ၀ယ်ဖို့အဆင်မပြေဖြစ်ခဲ့ရင် ဖုန်းနဲ့ဘဲ အင်းတာနက်ချိတ်ကြရအောင်...
Maxis ဘဲဖြစ်ဖြစ် DiGi ဘဲဖြစ်ဖြစ် Celcom, Umobile အားလုံးပေါ့ အင်တာနက်ဝယ်လို့ရပါတယ်
၁နာရီ၊ ၁ရက်၊ ၁ပတ်၊၁လ အဆင်ပြေတာ အရင်ဝယ်လိုက်ပါ (မှတ်ချက်.... ဖုန်းထဲမှာ လုံလောက်တဲ့ပိုက်ဆံရှိရမည်)
ပြီးရင် ဒီတိုင်းချိတ်လိုက်ပါ

အားလုံးအဆင်ပြေကြပါစေ၊၊
>>ဆက်ဖတ်ရန်>>

သင်အိပ်ပျော်သွားလျှင် သင့်ရဲ့ ကွန်ပျူတာကိုလည်း အိပ်စေချင်လား ?

ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ဒီလိုပဲပေးလိုက်တာပါ ။ တော်ကြာနေ....တစ်ယောက်ယောက်က ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာကောင်းသား ကြည့်လိုက်တော့ ဘာမှမဟုတ်ဘူးတဲ့ ခြေထောက်ညောင်းတာပဲတဲ့ ။ တော်ပါပြီ ပြောတော့ဘူး။ နည်းကတော့ မဆိုးဘူး ။ စက်ကို ။ဒီတိုင်း မသုံးပဲ ဆယ့်ငါးမိနစ်လောက်ထားရင် သူ့ဖာသာသူ ပိတ်သွားတဲ့နည်းပါ ။ လိုအပ်မယ်ထင်လို့ ရေးလိုက်တာပါဗျာ ။ မလိုဘူးဆိုရင်လည်း မဖတ်နဲ့ပေါ့ :) နောက်တာ စိတ်ဆိုးရဘူး။
ကျွန်တော့်စက်က ခုတစ်လော သုံးရတာ သိပ်အဆင်မပြေလို့ ပုံတွေမှာ စာထပ်မထည့်တော့ဘူး ။ သေချာရေးပေးမယ် ။ သေချာဖတ်ပြီး သေချာကြည့်မယ်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ် ။
ကဲစရအောင် ... Start>>>>>Menu>>>>Search program and file မှာ ဒါလေးကို ရိုက်ထည့်လိုက်ပါ ။
task scheduler .....အဲသလိုဆိုရင် ဒီလိုလေး တက်လာမယ် 
အဲဒါကို နှစ်ချက်ဆက်တိုက်လောက် နိပ်ပေးလိုက်ပါ ။ သူပွင့်လာလိမ့်မယ် ....ခဏလေးစောင့်ပေး....
အင်း....တက်လာပြီဆိုရင် Create Task ကို ရွေးပေးပါ ...ခဏလေးစောင့်......ပုံကြည့်လိုက်ပါဦး...
ကဲ...တွေ့ကြတယ်နော်....အဲဒီမှာ.....ရွေးစရတွေအများကြီးရှိတယ်....တစ်ဆင့်ချင်း ရွေးသွားမယ်.....
နာမည်ကို Shout Down at Night လို့ပေးမယ်Run with highest privileges မှာ အစက်လေးထည့်ပေးလိုက်ပါဗျာ ။ ပုံလေးကို သေချာကြည့်လိုက်ပါ ။ နားလည်တယ် ဟုတ် ။ မရဘူး ထပ်ရှင်းပြတော့မလုပ်ပါနဲ့ဗျာ ။ အသစ်အသစ်တွေ ထပ်ရေးဖို့ လုပ်နေရလို့ပါ ။
ကဲ အပေါ်က ခေါင်းစဉ်ကို ကြည့်ပါဦး ခုက General နော် ။ ပြီးပြီ ဒါက ။
နောက်ထပ်တစ်ခုသွားပြီးတော့ ရွေးစရာရှိတာတွေကို ရွေးဦးမယ် ။Triggersပါ ။  အဲဒီမှာ New ကို တွေ့တယ်မလား ။အဲဒါကို တစ်ချက်လောက် နိပ်ပေးလိုက်ပါဗျာ ။ ပြီးရင် Boxလေး တစ်ခုတက်လာမယ် ။ အဲဒီမှာ Daily ကို ရွေးပြီးတော့ အိုခေ ပေးလိုက်ပါ ။ ပုံကို ကြည့်ပါဦး ။
ကဲ Triggers ပြီးပြီ.. ကဲခု Actions ကို သွားပါမယ် ။အဲဒီမှာ Browse မှာ shutdown ကို ရွေးပါ ။
စကားချက် ။ ။ shutdown ကို ရှာရာမှာ Disk C>>>Window>>>>System32>>>shutdown က အစဉ်တိုင်းပါ ။မေးနေကြဦးမှာ မို့လို့ ကြိုပြောထားတာ :) :) :)
ကဲပြီးရင် အိုခေ လိုက်ပေါ့ ။ အောက်က ပုံကိုကြည့်ပါ ။
Actions လည်းပြီးပြီဆိုတော့ နောက်တစ်မျိုး ထပ်ပြောင်းမယ်.....Conditions ပါ ။ အဲဒါက လွယ်ပါပြီ အပုံလေးကို ကြည့်ပြီးတော့ ပြောင်းလိုက်ရုံပါပဲ ။ ဒါပေမယ့် အပုံကို မမြင်နိုင်မယ့် လူလည်း ရှိဦးမှာကိုး ။ အောက်မှာ မိမိအိပ်ပြီးရင် မင်းဘယ်ချိန်အိပ်ဖို့ မိမိကြိုက်တဲ့ အချိန်ကို ပြောလိုက်ပေါ့ ။ ပြောင်းလိုက်ပေါ့ ။ တစ်ခုတော့ ရှိတယ်နော် ။ ဘက်ထရီ ဘယ်လောက်ခံတာလဲပေါ့ ။ တော်ကြာနေ အားလည်း သွင်းမထားဘူး ။ ဒီတိုင်းပဲ သုံးနာရီလောက်နေပြီးမှ မင်းအိပ်ဆိုပြီးတော့ သွားခိုင်းလိုက်ရင် ။ အားကုန်လို့ မအိပ်ခင် ပိတ်သွားဦးမယ် ။ ပြီးမှ comment မှာ December Mgmgကြောင့်လို့တော့ လာမပြောနဲ့နော် ။ ကြိုပြောပြီးသား :P :P :P
ကဲပြန်စမယ် Conditions မှာ ချူပ်လိုက်ရင် အချိန်ကြိုက်တာရွေး အောက်ဆုံးနှစ်ခုကလွဲရင် အကုန်အစက်ထည့်ဒါပဲ ။ မယုံရင် ပုံကြည့်လိုက် ။
ကဲနောက်ဆုံးအဆင့်တောင် ရောက်လာပြီ....Settings ပါ ။ အဲဒါကို ရွေးတာလည်း မခက်ပါဘူး ။
ချူပ်ပြီးတော့ပဲ ပြောတော့မယ် ။ အရမ်းအိပ်ချင်နေပြီ :)  

Conditions လိုပဲ အောက်ဆုံးတစ်ခုကလွဲရင် အကုန်အစက်ထည့်ပေးလိုက် ရုံပဲဗျာ ။ ပြီးရင် အိုခေ ။ ကျွန်တော်လည်း အိုခေပြီ ။ အိပ်ပြီ ။ကွန်ပျူတာတော့ ဒီတိုင်းပဲ နောက်ဆယ့်ငါးမိနစ်လောက်မှာ အိပ်လို့ ပြောထားလိုက်ပြီ ။ အဆင်မပြေရင် ပြောပါဗျာ ။ သိကျွမ်းတဲ့လူတွေက ပြောပြပါလိမ့်မယ် ။ ကျွန်တော်တော့ တော်ပြီ ပြောပြတော့ဘူး ။
>>ဆက်ဖတ်ရန်>>

ကွန်ပျူတာကိုမိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်း၇အောင်

နည်းလမ်းလေးကတော့ကျွန်တော်တို့အိပ်ခါနီးမှာသီချင်းလေးတွေနားထောင်ပြီးမှအိပ်ချင်သူတွေအတွက်တော့
အ၇မ်းကိုအသုံးတည့်ပါတယ်။ကွန်ပျူတာကိုနောက်ထပ်တစ်နာ၇ီကြာ၇င် Auto Shutdown လုပ်ခိုင်းမှာလား
မိမိစိတ်ကြိုက်အချိန်အတိုင်းအတာကိုလဲသတ်မှတ်လို့၇ပါတယ်။နည်းလမ်းလေးကလဲအ၇မ်းကိုလွယ်ပါတယ်။
အောက်ကနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ပါနော်........
1. Window + R ကိုနှိပ်လိုက်ပါ။ပြီး၇င် Run Box ထဲမှာ shutdown.exe -s -t 3600 ဆိုပြီး၇ိုက်ထည့်
လိုက်ပါ။ 3600နေ၇ာမှာမိမိတို့စိတ်ကြိုက်အချိန်ကိုသတ်မှတ်ပေးလို့၇ပါတယ်။ကျွန်တော်တို့အဲ့ဒီကွန်မန်
လေးပေးပြီးနောက်ထပ် စက္ကန့် ( 3600 ) တစ်နာ၇ီကြာ၇င်စက်ကအလိုလို Shut down ကျသွားပါလိမ့်
မယ်။
2. တကယ်လို့ကျွန်တော်တို့ပေးထားတဲ့အချိန်မှာ Shut down မချချင်တော့လို့ပေးထားတဲ့ကွန်မန်းလေးကို ပြန်ပြီးဖျက်ချင်တယ်ဆို၇င်လဲ၇ပါတယ်။ Run Box ထဲမှာ shutdown.exe -a ဆိုပြီး ၇ိုက်ထည့်လိုက်ပါ။ဒါ
ဆို၇င်ကျွန်တော်တို့စောစောကပေးထားတဲ့ကွန်မန်းလေးပြန်ပျက်သွားပါလိမ့်မယ်။
>>ဆက်ဖတ်ရန်>>

Ctrl + Z ရဲ့ လျို့ဝှက်ချက်များ


    ကျွန်တော်ခု Ctrl + Z အကြောင်းကို နည်းနည်းလောက် ဖောချင်တယ်ဗျာ :D  ကျွန်တော်ရဲ့ သုံးနေကျ အမြဲတမ်းပဲ အသုံးဝင်နေတဲ့ Ctrl + Z ဆိုတဲ့ Shortcut key ပါ ။ သိပြီးသား လူဆိုရင်လည်း နားငြီးနေမှာပေါ့ဗျာ ။ ဒါပေမယ့် မသိသေးတဲ့ လူတွေတော့ ကျွန်တော့်ကို အထင်မကြီးပါနဲ့ :D တကယ် ဘာမှမဟုတ်လို့ပါဗျာ ။
သိသလောက်ကတော့....
      ၁။ ဖျက်မှား သမျှဖိုင်တွေကို ပြန်ယူနိုင်ခြင်း (Undo)
     ဒါတော့ ကျွန်တော်ရဲ့ ဖြစ်နေကျ အမှားလေးပဲ အပုံတွေကို လုပ်ပြီးတော့ စာတွေဘာတွေရေး ဘလောဂ့်မှာ တင်ဖို့လေ ။ အဲဒါကို မသုံးရသေးတဲ့ အပုံတွေကို ခဏခဏဖျက်မှားနေကျ ။ အဲဒီခါကျရင် Ctrl + Z ကို နိပ်လိုက်ရုံနဲ့ အေးဆေးပဲ ပြန်ရပြီ ။ ဒီလိုဖြစ်ရင် ဒီနည်းကို မမေ့နဲ့ ။ တစ်ခုတော့ ရှိတယ် Recycle Bin ထဲကို ရောက်ပြီးတော့ ဖျက်ပြီးသွားရင်တော့ Ctrl + Z က မကယ်နိုင်တော့ကြောင်းပါ ။ အရေးကြီးတယ် ဆိုရင်တော့ မှားဖျက်သမျှကို ပြန်ယူပေးတဲ့ ဆောပ်ဝဲလ်ကို ကျွန်တော် တင်ပေးပြီးပါပြီဗျာ ။
     ၂။ဖိုင်နာမည်ကို မှားပြောင်းရင် ပြန်ပြင်နိုင်ခြင်း
      ဒါတော့ ဖြစ်လာရင် သုံးလို့ရပါတယ် ။ တစ်ချို့ဆောပ်ဝဲလ်ကို နာမည်ပြောင်းမှားတာတို့ဘာတို့ ။ ချုပ်ရရင် နာမည်မှားပြီးပြောင်းရင် Ctrl + Z ကို နိပ်လိုက်ရုံဖြင့် မူလ နာမည်သို့ ပြန်ရောက်စေချင်းပါ ။
      ၃။ နေရာပြောင်းရာတွင် နေရာပြောင်းမှားခြင်းကို မူလနေရာသို့ ပြန်ရောက်စေချင်း
ဒီတစ်ချက်တော့ ဆိုပါတော့ Folder တစ်ခုက GB နဲ့ ချီပြီးတော့ ရှိတာကိုး ။ ပြောင်းမှားရင် ဘယ်နှယ့်လုပ်မှာတုန်း Copy + Past ရင်ပေါ့ ။ ဒါမှမဟုတ် အလွယ်တကူပဲ Move နဲ့ ဟိုထဲ ဒီထဲကို ဆွဲထည့်မှားပြီးတော့ ဘယ်နားရှိမှန်း မသိပျော်သွားရင်ရော....ပြန်ပြီးတော့ ကော်ပီဖို့က နည်းတဲ့ ဆိုဒ်မဟုတ်ဘူး ။ ကြာမယ်...အချိန်ကုန်မယ်... မတော်လို့ ခက်ခက်ခဲခဲ ပို့လာပေးတဲ့ အပုံကို (မြန်မာနိုင်ငံက ကွန်နဲ့ ဆိုရင်ပေါ့ ) ဟီး...အနော်တောင် ပို့ခိုင်းတာ မရသေးဘူး ။ ဖိုင်အများကြီးထဲ သွားရောနေရင်ကော ခက်ချေဘူးလား :D ဒီအတွက်လည်း Ctrl + Z ကို နိပ်လိုက် မူလနေရာကို ပြန်ရောက်နေလိမ့်မယ်ဗျာ ။
    ၄။ မှားချက်တဲ့ စာသားတွေကို ပြန်လည် ယူချင်း
ဒီတစ်ချက်ကလည်း အသုံးဝင်ပါတယ် ။ စဉ်းစားကြည့်နော်...ခံစားချက်ပြင်းပြင်းနဲ့ တွေးပြီး ရေးတဲ့ စာသားက မှားပြီးတော့ ဖျက်မိလိုက်ရင် ဘယ်နှယ့်တုန်း သေပြီဆရာပဲ...နှမြောစရာကြီးနော်.... ကျွန်တောင် ဘလော့ကိုပြင်တယ် စာရေးတယ် HTML ကို ပြင်တယ် ။ မှားပြီးတော့ ဖျက်မိတာများတယ် ။ မမှုဘူး....
Ctrl + Z ကို တစ်ချက်တည်း နိပ်လိုက်ရုံနဲ့ စာသားတွေက ဘွားကနဲ့ ပြန်ပေါ်လာရော... အသုံးဝင်လှပါတယ်။
    ၅။ ဖိုတိုရှောပ်စတဲ့ ဆောပ်ဝဲလ်ကို သုံးရင်း မှားလုပ်ခဲ့မိတာကို ပြန်လည် ပြင်ဆင်နိုင်ခြင်း
ဒါတော့ ဖိုတိုရှောပ်သမားတိုင်းသိပါတယ် ။ ကျန်တဲ့ Office တို့မှာလည်း တူတူပဲပေါ့ ။ အဲ....မသိသေးရင်ဗျာ..ဖိုတိုရှောပ်က Ctrl + Z ဆိုရင် သိပ်စုံသေးဘူး Ctrl + Ait + Z တွဲနိပ်လိုက်ရင် တော်တော်လေးကို နောက်ပြန်ဆုတ်လို့ရတယ်ဗျာ ။ ဒါလည်း အသုံးဝင်တာပါပဲဗျ ။
Ctrl + Z ရဲ့ အသုံးဝင်မှုကို သိလောက်ကြမယ် ထင်ပါတယ်ဗျာ ။ ဒါတော့ ကျွန်တော် သိတာ အကုန်ပဲ ။ သိကြသေးရင် ပြောပြပါဦးလို့ ။
>>ဆက်ဖတ်ရန်>>

August 20, 2011

desktop icon လေးတွေကို အလှဆင်မယ်

ကျွန်တော်တို့ ရဲ့  desktop icon လေးတွေကို ပုံစံအမျိုးမျိုးလေးနဲ့ အလှဆင်ကြရအောင်ဗျာ
အရင်ဆုံး ဒီနေရာ
လေးမှာ software လေးသွားယူလိုက်ပါ။ ပြီးရင် အင်စတော့လုပ်ပါ။ အင်စတော့လုပ်တဲ့အခါ
Create a desktop icon ဆိုတာလေးကို slect ပေးပြီး next ဆက်သွားပြီး install လုပ်ပါ။

ပြီးရင် desktop အောက် toolbar မှာ icon လေးတစ်ခုတွေ့ ပါလိမ့်မယ်။
အဲဒါလေးကို လက်ခလယ်ကလစ်ပြီး layout နဲ့ align to တွေမှာ ကိုကြိုက်ရာဒီဇိုင်းကိုရွေးပြီး
ကလစ်ပေးလိုက်ပါ။ icon လေး သူ့ အလိုလို နေရာရွေ့ ပြီး ဒီဇိုင်းဖော်သွားပေးပါလိမ့်မယ်။

ခင်မင်လေးစားလျှက်...
>>ဆက်ဖတ်ရန်>>

ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ


ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ

ကွန်ပျူတာတစ်လုံးကိုဝယ်ယူဖို့ဆုံဖြတ်တဲ့အခါမှာတော့
ဘယ်လိုအမျိုးအစားကိုဝယ်မယ်။ငွေကြေး
ပမာဏဘယ်လောက်သုံးမယ်ဆိုတာ ကိုစဉ်းစားဖို့လိုအပ်ပါတယ်။
ဒါ့အပြင်ကိုယ်သုံးစွဲမည့်ကွန်ပျူတာဟာ
ဘယ်လုပ်ငန်းအတွက် သုံးမယ်ဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
နောက်ပြီးတော့ကိုယ်ဝယ်
မယ့်ကွန်ပျူတာနောက်ပိုင်းမှာ လိုအပ်လျှင်လိုအပ်သလိုတိုးချဲ့နိုင်ဖို့
အတွက်ပါထည့်သွင်းစဉ်းစားထားသင့်
ပါတယ်။

မော်နီတာ

မော်နီတာဝယ်မယ်ဆိုလျှင် ၁၇လက်မဟာ ငွေကြေး တတ်နိုင်သူ အတွက်တော့ ပိုကောင်းပါတယ်။
မော်နီတာထုတ်တဲ့ကုမ္ပဏီတွေထဲမှာ ဆမ်ဆောင်း၊ ဆိုနီ၊ ဖီးလစ်နဲ့ View Sonic
တို့လိုနာမည်ကြီးတွေဟာ
သင့်လျော်သလိုမော်နီတာရဲ့ Pixleဟာသေးလျှင် ပိုကောင်းပါတယ်။ ဥပမာဝ.၂ ဟာ
ဝ.၀၂ထက်ပိုကောင်း
တဲ့အတွက် အသေအချာရွေးချယ်၍ ဝယ်ယူဖို့လိုအပ်ပါတယ်။
ဘာမှန်းမသိတဲ့တံဆိပ်ကိုဝယ်ယူမည့်အစား
နာမည်ရှိတဲ့အမှတ်တံဆိပ်ကို
ဝယ်ယူတာဟာရေရှည်မှာစိတ်ချမ်းသာမှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်။

Motherboard

System Unit ကိုဝယ်ယူတဲ့အခါမှာတော့ ပထမဆုံးစဉ်းစားရမှာက Motherboard ပါ။ FSB ဟာပို
များလေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကလက်ခံနိုင်တဲ့ CPUရဲ့အမြန်နှုန်းရယ်
Memory ရဲ့
အမြန်နှုန်းနဲ့ ပမာဏရယ်ကိုသိထားဖို့လိုအပ်ပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင်မှ
Motherboard ကို
အကောင်းဆုံးဖြစ်အောင်ဝယ်ယူဖို့ဆုံးဖြတ်ပါ။ Memoryရဲ့အမြန်နှုန်းဟာ
မြန်လေကောင်းလေဆိုပေမယ့်
Motherboard ကလက်ခံနိုင်တဲ့အမြန်နှုန်းကိုသာ
Motherboard(Mailboard)ဖြတ်ယူမှာဖြစ်လို့ Mother-
boardဟာအရေးပါလှပါတယ်။ P3, P4စသည်ဖြင့်သတ်မှတ်မှုဟာ Motherboardပေါ်မှာ
အဓိကမှီခိုနေပါ
တယ်။ CPU Memoryကဒ်နဲ့ Hard driveတို့လိုပစ္စည်းတွေက နောက်ပိုင်းလဲလှယ်ယူလို့ရပေမဲ့
Mother-
boardကအဲဒီလို လုပ်ဖို့အဆင်သိပ်မပြေပါဘူး။

CPU

CPUကိုဝယ်ယုတဲ့အခါမှာတော့ Celeron ဟာClassic
လောက်တွက်ချက်နိုင်စွမ်းနဲ့အမြန်နှုန်းဟာ
အမျိုးအစားနဲ့ပမာဏတူလျှင်မကောင်းနိုင်ဘူးဆိုတာကိုသိထားသင့်ပါတယ်။ရိုးရိုးCPUတွေထက်Core
2
Duo တို့ Duo Core 2တို့ဟာပိုမိုပြီးကောင်းမွန်ပါတယ်။ MemoryMemory
ကိုဝယ်ယူမယ်ဆိုလျှင် DDR
လား၊ DDR2လား၊ DDR3 လားဆိုတာကအရေးပါလှပါတယ်။ အများစုက Memory ရဲ့ Capicity (မှတ်
သားနိုင်စွမ်း)ဖြစ်တဲ့64MB, 128MB, 256MB, 512MBသို့မဟုတ် 1GBတို့ကိုသာအဓိက
ထားကြတာများ
ပါတယ်။ တကယ်တော့ Capacity ထက်အမြန်နှုန်းဟာ ပိုမိုအရေးပါလှပါတယ်။ DDR က DDR2
ထက်ပိုမြန်ပါတယ်။

Hard drive

Hard drive ကိုဝယ်ယူတဲ့အခါမှာတော့သိုလှောင်နိုင်စွမ်း(capacity)နဲ့အမြန်နှုန်း
(RPM) တို့ဟာ
သိသင့်တဲ့အချက်တွေပါ။ သိုလှောင်နိုင်စွမ်းပိုများ လေကောင်းလေဆိုပင်မယ့်
အမြန်နှုန်းဖြစ်တဲ့ ၇၂၀၀
RPMသို့မဟုတ်1000RPM တို့ကိုအမြန်နှုန်းတွေဟာလည်းအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့။

Graphic Card

ရုပ်ပိုင်းဆိုင်ရာအတွက် Graphic Card ဟာအရေးပါလှတယ်။ အမျိုးအစား ကောင်းတဲ့ တံဆိပ်
ဟုတ် မဟုတ်ဆိုတာဈေးကွက်ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေသာသိနိုင်
တာဖြစ်လို့သာမန်လူတွေအ
တွက်တော့နာမည်ရှိတဲ့တံဆိပ်ကိုသာရွေးဝယ်သင့်ပါတယ်။ Graphic Card
မှာလည်းသိုလှောင်နိုင်စွမ်း
ဖြစ်တဲ့ 64 MB, 128MB, 250MB စတာတွေဟာအရေးပါလှပါတယ်။

Sound Card

အသံပိုင်းအတွက်အကောင်းဆုံးကတော့ Creative ကတ်တွေပါဘဲ။ Motherboard မှာပါတဲ့အ
သံစနစ်ဟာသာမန်အသုံးပြုသူတွေအတွက်လုံလောက်ပါတယ်။ပိုကောင်းတဲ့အသံအရည်အသွေးကိုလို
ချင်သူ တွေအတွက်သာ Sound ကတ်စိုက်ပြီးသုံးဖို့လိုပါတယ်။

Casing

Motherboard, Memory, CPU နဲ့ Monitor တို့ကိုစဉ်းစားပြီးတဲ့အခါမှာ Casing
လို့ခေါ်တဲ့ပုံး
ကိုစဉ်စားဖို့ လိုအပ်ပါတယ်။ Motherboard ရဲ့အထိုင်ဟာ Casing မှာ အရေးပါလှပါတယ်။
အောက်ခံ
သံပြား ဟာမာ လေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကိုတပ်ချင်တဲ့အခါမှာ
အရေးပါတဲ့အ
စိတ်အပိုင်းတွေအဖြုတ်တက်လုပ်ရတဲ့ မူလီဘောက်လေးတွေဟာလည့်း  Motherboard
ကြွပြီးလိုက်
ပါမလာဖို့အတွက်အရေးပါလှပါတယ်။လေ၀င်လေထွက်ကောင်းဖို့ကအရေးပါလှပါတဲ့အတွက် Casing
သေးသေးလေးတွေမ၀ယ်ပါနဲ့၊ ပါဝါပိုင်းအတွက်ကတော့ပါဝါများလေပိုကောင်းလေပါဘဲ။ ကွန်ပျူတာ
ကိုဝယ်ယူတဲ့အခါမှာသက်ဆိုင်ရာDriver CD တွေကို ၀ယ်ယူတဲ့ဆိုင်ကနေတောင်းယူပါ။
အမြဲတမ်းက
တော့တခါတည်း ဆိုင်ကပေးလိုက်မှာဖြစ်ပါတယ်။ ဒီCD တွေဟာကွန်ပျူတာကိုပြုပြင်ထိန်းသိမ်းတဲ့အ
ခါမှာ
အရေးပါလှတာဖြစ်လို့မပျောက်ပျက်အောင်အသေအချာထိန်းသိမ်းထားပါ။ကွန်ပျူတာကိုဖုန်များ
တဲ့နေရာမှာ မထားပါနဲ့ရေငွေ့ပျံမှုများတဲ့နေရာမှာမထားပါနဲ့၊ ဖြစ်နိုင်လျှင်၆လတစ်ခါ
လောက် Casing
ထဲကဖုန်တွေကိုရှင်းလင်းပေးပါ။ ဖုန်တွေဟာရေငွေ့နဲ့တွေ့တဲ့အခါကွန်ပျူတာ
ထဲကအီလက်ထရောနစ်
နှင့်အစိတ်အ ပိုင်းတွေကိုပျက်စီးစေတက်ပါတယ်။ကွန်ပျူတာရဲ့Casing
ကိုဖွင့်ပြီးကိုင်တဲ့အခါမှာလက်
ကိုသန့်ရှင်းစွာပြု လုပ်ပြီးမှကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့
လျှပ်စစ်ဓာတ်အားတွေကို
ပျောက်ပျက် စေဖို့အတွက်အလွယ်ကူဆုံးဖြစ်တဲ့မြေကြီးသို့မဟုတ်သံမံတလင်း မှာခဏ
ရပ်နားပြီးကိုင်
တွယ်သင့်ပါတယ်ဟု၂၀၀၈ခုနှစ်မတ်လ၂၇ရက်နေ့ထုတ်Internet ဂျာနယ်တွင်ဖော် ပြထားပါသည်။
>>ဆက်ဖတ်ရန်>>

ကွန်ပျူတာက တစ်ချို့ ဟာလေးတွေ ဖျောက်ကြည့်ကြရအောင်။

Recycle Bin ကြီး ဖျောက်နည်း

window + r -> run -> gpedit.msc
အဲဒီမှာ Group policy ကြီး ပေါ်လာပါလိမ့်မယ်။ အဲဒီကနေ Local Computer Policy -> User Configuration -> Desktop မှ Remove Recycle Bin icon from desktop ကို double click ပြီး setting ထဲကနေ Enabled ကို ရွှေးပြီး အိုကေ ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ desktop ကို refresh တစ်ချက်လောက်ပေးလိုက်ပါ။ အမှိုက်ပုံးကြီး ပျောက်သွားပါလိမ့်မယ်။
ကျွန်တော်က Recycle bin ကို ဥပမာထား၍ အစမ်းဖျောက်ပြတာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျန်တဲ့ icon လေးများကိုလည်း စိတ်ကူးရှိသလို ဖျောက်နိုင်ပါတယ်။

Drive များ ဖျောက်နည်း

ဝင်းဒိုးမှာပါတဲ့ c , d , e စတဲ့ drive တွေကို ဖျောက်ထားလို့ ရပါတယ်။ recycle bin ဖျောက်တုန်းကလိုပဲ Group policy ထဲဝင်ပြီး User Configuration -> Administrative Templates -> Windows Explorer ကနေ Hide these specified drives in My Computer ကို double click နှိပ်ပြီး မိမိ ဖျောက်ထားချင်တဲ့ drives တွေကို ရွှေးပြီး ဖျောက်ထားနိုင်ပါတယ်။ ကျန်တာတွေလည်း ဆက်ပြီး ဥာဏ်ရှိသလို လေ့လာနိုင်ပါတယ်။
>>ဆက်ဖတ်ရန်>>

Computer မှာဘာတွေပါလဲ

ကွန်ပျူတာထဲမှာ
1.Hardware
2.Software
3.Firmware
ဆိုပြီး ရှိပါတယ်

Hardware ဆိုတာ လက်ဖြင့်ထိတွေ့ကိုင်တွယ်လို.ရတဲ့ အစိတ်အပိုင်းမှန်သမျှကို Hardware လို့ခေါ်ပါတယ်
Monitor တို. Mouse တို.လို ထိတွေ့ကိုင်တွယ်လို. ရတာမှန်သမျှ Hardware ပါပဲ

Software ဆိုတာ လက်ဖြင့်ထိတွေ့ကိုင်တွယ်လို.မရတာတွေကို Software လို.ခေါ်ပါတယ်
Windows လို Operating System (OS) တွေ Gtalk တွေ Mozilla Firefox တွေ Microsoft Word တို.လို ဟာတွေအားလုံး Software တွေပါ

Firmware ဆိုတာက လဲ Software တစ်မျိုးပါပဲ ဒါပေမယ့်သူတို.ဟာ ပုံသေထည့်ထားပြီး Technician သော်လည်းကောင်း User သော်လည်းကောင်း ဘယ်သူကမှပြန်လည်ပြုပြင်လို. မရနိုင်အောင် ထည့်ထားတာပါ သူတို.ဟာ ဘယ် Hardware ကို ဘယ်လုပ်ငန်းလုပ် ဘယ် Software ကိုဘယ်လိုဖွင့် အစရှိသဖြင့် ကျွန်တော်တို.စက်စဖွင့်တာနဲ့ အလုပ်လုပ်အောင်ရေးထားတဲ့ Program လေးပါ သူသာပျက်စီးသွားမယ်ဆိုရင် Hardware တွေဘယ်လောက်ကောင်းကောင်း Software တွေဘယ်လောက်ကောင်းကောင်း အလုပ်လုံးဝလုပ်တော့မှာမဟုတ်ပါဘူး
သူကဘယ်မှာရှိလဲဆိုတော့ Mother Board ထဲက Bios လို.ခေါ်တဲ့ Chipset လေးထဲမှာရှိပါတယ် သူ.ကိုကျွန်တော်တို့ Windows တင်သလို ပြန်ပြုပြင်လို့ မရနိုင်ပါဘူး

ဒီလို
Software+ Hardware+Firmware သုံးခုလုံးပါမှ စနစ်ကအလုပ်လုပ်လို.ရပါတယ်
တစ်ခုခုလိုအပ်နေတယ်ဆိုရင်တော့ အလုပ်မလုပ်ပါဘူး

သိပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ ဒါပေမယ့် မသိသေးသူတွေအတွက် Share လုပ်တာပါ
တော်တော်များများက Computer တစ်လုံးမှာ Hardware နဲ. Software ဆိုပြီးပဲ သိထားလေ့ရှိပါတယ်
>>ဆက်ဖတ်ရန်>>

User Account Password ဖျက်ခြင်း

တစ်ခါတစ်ရံမှာကိုယ့်ရဲ့ကွန်ပျူတာမှာပေးထားတဲ့passwordမေ့သွားပြီး
ဖွင့်လို့မရတာကိုကြုံဖူးကြမှာပါ။

အဲဒီဖြစ်သွားရင်အလွယ်တကူ Windows ကို format ချပြီးတော့ password ကိုဖျက်လိုက်ကြပါတယ်။

ဒီလိုလုပ်ဆောင်တာဟာWindowsနှင့်သက်ဆိုင်ရာ driverတွေကိုပြန်တင်ရတာတွေ၊applicationပြန်တင်ရတာတွေ့ကြုံရလို့
အချိန်ကြန့်ကြာစေပါတယ်။

ကွန်ပျူတာတင်တဲ့အခါမှာ build-in administrator account ကို password မပေးဘဲနဲ့တင်ပြီး Windows တက်လာမှ password ပေးထားခဲ့လျှင်ယခုဖေါ်ပြမည့် password အသစ်ပြန်ပေးခြင်း နဲ့ဖျက်ခြင်းလုပ်ငန်းကအသုံးဝင်မှာဖြစ်ပါတယ်။

(ကျွန်တော်ဆရာမ ပို့ပေးတဲ့နည်းကို ကျွန်တော်ပြန်ဖတ်ရင်နဲ့တွေ့လို့ တင်ပြပေးလိုက်တာပါ။ ဆရာမကို အထူးကျေးဇူးတင်ရှိပါတယ်။)

၁။ Windows ကို restart လုပ်လိုက်ပါ။
၂။ Windows တက်လာတဲ့အခါ F8 ကိုနှိပ်ပြီးတော့ Advance mode ထဲကိုဝင်ပါ။
၃။ Advance mode ထဲရှိ Safe mode ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
၎။ Safe mode ထဲကိုရောက်သွားတဲ့အခါမှာတော့ built in administrator account ကို တွေ့ရမှာဖြစ်ပါတယ်။
၅။ built in administrator ထဲကိုဝင်လိုက်ပါ။
၆။ Keyboard ရှိ Window logo နှင့် R ကိုတွဲနှိပ်ပြီး run dialog box ကိုခေါ်ပါ။ ၇။ComputerManagementWindow ပေါ်လာခဲ့လျှင်အဲဒီအထဲက System Tools အောက်မှာရှိတဲ့ Local Users and Groups ကို click ခေါက်လိုက်ပါ။
၈။ User ဆိုတဲ့ Folder ကို click ခေါက်ပါ။
User ထဲရှိ Password ပြောင်းချင်တဲ့ account ကို double click ခေါက်ပါ။
၉။ Account ရဲ့အမည်ကို double click ခေါက်လိုက်တဲ့အခါမှာ account ရဲ့ properties windows ပေါ်လာပါလိမ့်မယ်။
၁၀။ အဲ့ဒီ account ရဲ့ properties windows ထဲမှာ General, Member နဲ့Profile သုံးခုကိုတွေ့ရပါလိမ့်မယ်။
၁၁။ General Top ရဲ့အောက်မှာရှိတဲ့ Full name နဲ့ Description တို့အောက်မှာ o User must change password at next logon o User cannot change password o Password never expires o Account is disabled o Account is locked out ဆိုပြီး check လုပ်နိုင်တဲ့ ၅ ခုကိုတွေ့ရပါလိမ့်မယ်။
၁၂။ အထဲက user must change password at next logon မှာ clickခေါက်ပြီးအမှန်ကလေးပေါ်လာအောင်လုပ်လိုက်ပါ။

ကျန်တဲ့အရာတွေမှာအမှန်ကလေးတွေရှိနေခဲ့လျှင်click ခေါက်ပြီးဖြုတ်ပေးလိုက်ပါ။
ok ကို click ခေါက်ပြီးတော့ပြန်ထွက်လိုက်ပါ။
ပြီးလျှင် Windows ကို restart လုပ်ပြီး Password ကိုပြောင်းပေးလိုက်လျှင် Password အသစ်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

(ဒီလိုမလုပ်ချင်ဘူးဆိုလျှင် Password ပြောင်းချင်တဲ့ account မှာ right click ခေါက်ပြီး New Password နဲ့ Confirm Password မှာပေးချင်တဲ့ password ရိုက်ထည့်ပြီး ok ခေါက်လိုက်လျှင်လည်းpassword ပြောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒီလိုလုပ်ဖို့မဖြစ်နိုင်တဲ့အခါ built-in-administrator မှာပေးထားတဲ့ password ကိုမေ့သွားတဲ့အခါမှာတော့ command line ကိုအသုံးပြုခြင်း (သို့မဟုတ်) သီးသန့် software များကိုအသုံးပြုခြင်းဖြင့်administrator ရဲ့ password ကိုဖျက်နိုင်ပါသေးတယ်။)
>>ဆက်ဖတ်ရန်>>

Window xp မှာ start button က စာသားချိန်းနည်း

အရင်ဆုံး  hacker tool တခုဒေါင်းလိုက်ပါ။
link...........

အဲဒီ tool လေးကို ပုံမှန်အတိုင်းပဲ  install လုပ်လိုက်ပါ။
ပြီးရင် အဲဒီ  program လေးကို run ပေးပါ။

file>open မှ window ထိရောက်အောင်သွားပါ။
ထို့ နောက် explorer.exe အား ရှာကာ  open  နှိပ်ပါ။

box ရဲ့ ဘယ်ဘက် တွင်ပေါ်လာသော folder  များထဲမှ

String Table ကို နှိပ်ပါ။1033

ပုံတွင်ပြထားသည့်အတိုင်း  နံပါတ် 37 မှ 1033 အား နှိပ်ပါ
ညာဘက် box ထဲ မှ  "start" နေရာတွင် မိမိ ပြောင်းလိုသော နာမည် ရီုက်ထည့်ပါ
change
ပြီးနောက် complie Script ကို နှိပ်ပါ။ save box ပေါ်လာသော အခါတွင် မိမိပြောင်း ထားသောနာမည်နှင့်
exe file save ပါ   exp;;
ထို့ နောက် run box မှ regedit ရိုက်ကာ Registry Editor ဖွင့်ပါ။
အောက်ပါအတိုင်း အဆင့်ဆင့် သွားပါ
Hklm>>>software>>microsoft>>current version>>winlogon

winlogon
winlogon ကို တချက်နှိပ်ပြီး  ညာဘက်တွင်  shell  ဖိုင်အားရှာကာ
double click ပေးပြီး မိမိ မှတ်ခဲ့သော exe နာမည်အားပေးပြီး OK နှိပ်ပါ
ထို့ နောက် ကွန်ပျူတာအား reset လုပ်ပါ
ဝင်းဒိုးတက်လာရာတွင် မိမိ ပြောင်းလဲထားသော start button လေးအား
တွေ့ ရပြီပေါ့ဗျာ.......................
>>ဆက်ဖတ်ရန်>>

August 19, 2011

Mouse မရှိသည့်အခါ ကီးဘုတ်ကို မောက်အဖြစ်ပြောင်းသုံးနည်း

မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။

>>ဆက်ဖတ်ရန်>>

January 19, 2011

Myanmar 3 unicode ကို စတင်အသုံးပြုကြပြ

Myanmar 3 unicode ကို စတင်အသုံးပြုကြပြီ  ( mmitd ) ကိုဟူး who am I? မှ
မင်္ဂလာပါ ခင်များ..

မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ
အတွက် ဂုဏ်ယူစရာများသာ ဖြစ်ပါတယ်..၊ အဲဒိအတွက် ခေတ်နောက်ကျ မကျန်ခဲ့စေဖို့ ကျနော်တို့တွေ
စဉ်ဆက်မပြတ် လေ့လာနေကြရပါပြီ... .။ ဒါကြောင့် မြန်မာအိုင်တီအသင်းဝင်များ အတွက်လည်း
နောက်မကျစေရလေအောင် ဒီဆွေးနွေးချက်လေးကို ရေးသားလိုက်ရပါတယ်။ ..
လက်ရှိကျနော်တို့ ကွန်ပြူတာတွေမှာ မြန်မာစာကို တွင်ကျယ်စွာအသုံးပြုနိုင်ဖို့အတွက် Myanmar NLP(Myanmar Natural Language Processing) ၊ ဇော်ဂျီဧရာသံလွင်My Myanmar၊ ပိတောက် ၊ ပုရပိုဒ် စတဲ့ အဖွဲ့များက မြန်မာဖောင့်တွေကို ယူနီကုဒ်ရဲ့ စံချိန် စံညွှန်းမှီဖြစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်..(လက်တလောမှာတော့ အသုံးများတာက ဇော်ဂျီပေါ့.)၊ အဲလိုကြိုးပမ်းခဲ့ကြရာမှ တစ်စတစ်စ တိုးတက်ပြောင်းလဲလာခဲ့ပြီး ယခုဆိုလျှင် Myanmar NLP မှ ယူနီကုဒ် ၅.၂ စံစနစ်ကို လိုက်နာတဲ့ Myanmar3 ဆိုပြီးထွက်ရှိလို့လာခဲ့ပါပြီ.. ဒါပေမယ့် အရိုးစွဲနေပြီးသား ဇော်ဂျီလက်ကွက်ကနေ မပြောင်းလဲချင်တာကြောင့် ယူနီကုဒ်အစစ် ကိုသုံးဖို့လက်တွန့် နေကြတာတွေရှိပါတယ်.။ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်း အသုံးပြုလို့ရအောင်ဖန်တီးပေးထား ကြပါတယ်.. နောက်မှ သူ့မူရင်းလက်ကွက်အတိုင်း ဖြည်းဖြည်းချင်း ရိုက်ကြည့်နိုင်ကြမှာပါ..။  မူရင်းလက်ကွက်ရဲ့ အားသာချက်တွေကတော့ ဇော်ဂျီဝမ်းမှာ Tide key နဲ့တွဲသုံးတဲ့ အက္ခရာမျိုးတွေ (ဤ ၊ ၌ ၊ ၍ ၊ ဿ ၊ ပါဌ်ဆင့် များ ၊ စသည်များ)ကို  Shift key နဲ့ သုံးနိုင်ခြင်း ၊ တစ်ချောင်းငင် ၊နှစ်ချောင်းငင် အတိုနဲ့ အရှည်တွေကို (ု၊ူ ) (ု ၊ူ )  Shift key ကို သုံးနေစရာမလိုပဲ တွဲသုံးရမယ့် အက္ခရာ အလိုက် အစဉ်ပြေအောင် ဖန်တီးပေးထားခြင်း. ၊ (ြ -  ၊ြ -- ) တို့ကို key တစ်မျိုးတည်း အသုံးပြုနိုင်ခြင်း ၊ နောက်ပြီး ယခု လက်ရှိမှာ ဇော်ဂျီတို့ဘာတို့မှာ မြန်မာလက်နှိပ်စက် တွေ အတိုင်း ရိုက်ရတဲ့ စာလုံးတွေ ကို တကယ့် စာရေးတဲ့အတိုင်း အသံထွက်ပြီးရေးလို့ရအောင် ဖန်တီးထားခြင်းတို့ စသည့် စသည့် အားသာချက်များ ရှိနေပါပြီ ..။

ဥပမာ
ပြောင်း = သဝေထိုး + ယရစ် + ပစောက် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (ဇော်ဂျီဝမ်း)
ပြောင်း = သဝေထိုး + ပစောက် + ယရစ် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (Myanmar3)
ဥပမာအရ ကျနော်တို့ ငယ်ငယ်တုန်းက စာရေးရင် အော်ရေးသလို ရေးကြည့်လိုက်ရင် ဇော်ဂျီ က မှားနေပါတယ်..
ဒီလိုအနေအထားက အားသာချက်တစ်ခုပါပဲ..  ဒါပေမယ့် လက်တလောအခြေအနေမှာ ကျနော်တို့အနေနဲ့ Myanmar3 ယူနီကုဒ် ကို ပြောင်းသုံးပေမယ့် ဇော်ဂျီကိုလည်း ချက်ချင်းကြီး လက်လွှတ်လို့မရနိုင်သေးပါဘူး..
အများစုက ဇော်ဂျီနဲ့ ပဲ အကျွမ်းတ၀င်ဖြစ်နေခဲ့ကြတာကိုး..   
မြန်မာစာအနေနဲ့ ယူနီကုဒ်စံ ထဲမှာ ပါဝင်လာခြင်းက တကယ့်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီးပါပဲ.. ကျနော်တို့ တစ်ချိန်က ဇော်ဂျီဝမ်းတို့ ဘာတို့ မပေါ်သေးခင်က Microsoft word တို့ Page Maker တို့မှာ  Win Font တွေ ၊ CE Font တွေ အသုံးပြုခဲ့ကြပါတယ်..သုံးဖူးသူများ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လည်ပတ်ခဲ့ကြဖူးမှာပါ.. စက်တစ်ခုက Win-InnWa နဲ့ ရေးလိုက်တာ ကို တခြား ၀င်းအင်းဝ မရှိတဲ့ စက်မှာ အင်္ဂလိပ်စာလုံး ပေါက်ကရတွေပေါ်တာမျိုးတွေ ၊ Win Font တွေကို CE Font တွေကနေ ပြန်ဖတ်မရတာတွေ၊ ဒ ဓ ရိုက်လို့အဆင်မပြေတာမျိုးတွေ၊ တစ်ချို့ ပါဌ်ဆင့်တွေ ရိုက်ချင်ရင် Alt key နဲ့ နံပါတ်တွေ ကို အလွတ်ကျက်ထားရတာတွေ.. စသဖြင့်  အဲလိုမျိုးပေါ့.. အခြားပြဿနာတွေလည်းရှိပါတယ်..။

တကယ်တော့ ဒီပြဿနာတွေက ကျနော်တို့ အသုံးပြုနေတဲ့ Operating System ကြီးမှာ ယူနီကုဒ်စနစ်ကို သတ်မှတ်ပြီးအသုံးပြုတဲ့ ကိုယ်ပိုင်ဖောင့်မရှိလို့ပါပဲ.. အထူးသဖြင့် (ထိုင်း ၊ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား စသဖြင့်သော)  နိုင်ငံတွေရဲ့ ကွန်ပြူတာတွေမှာ ကိုယ်ပိုင် ဘာသာစကားပါဝင်တဲ့ OS ကို အသုံးပြုနေကြတယ် ဆိုတာ ပြည်ပနိုင်ငံတွေမှာ  နေတဲ့လူတွေ သိကြပါလိမ့်မယ်.. သူတို့ ဘာသာစကားက OS မှာ ပါပြီးသားဖြစ်ပါတယ်.. ကျနော်တို့ ဘာသာစကားလည်း အဲလို ယူနီကုဒ်စံ စနစ်ထဲ ပါဝင်လာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ မြန်မာဘာသာစကားကို အသုံးပြုတဲ့ Operating System ကို အသုံးပြုလာနိုင်တော့မှာပါ.. အဲလိုအသုံးပြုလာနိုင်ခြင်းအားဖြင့် အင်တာနက်ပေါ်မှာ စာတွေ ရှာဖွေတာက အစ အင်မတန်လွယ်ကူလာတော့မှာ ဖြစ်ပါတယ်.။ ယခုလက်ရှိမှာလည်း ဇော်ဂျီကို သုံးပြီးရှာလို့ရနေပေမယ့် တိကျမှုမရှိသေးပါဘူး တနည်းအားဖြင့်ပြောရရင် အက္ခရာ အစဉ်လိုက် စဉ်လို့မရနိုင်သေးတဲ့အတွက်ကြောင့်လို့ ပြောရင်ရနိုင်ပါတယ်..။
အခြားသော အားသာချက်တွေ အများကြီးရှိပါသေးတယ်.. လောလောဆယ် Win font တွေနဲ့ပဲ ယှဉ်ပြီး စဉ်းစားကြည့်ရင် အလွယ်သိနိုင်ပါတယ်။  ခုတော့ ယူနီကုဒ် Version 5.2 စံ စနစ်အရ  Code range (Hexadecimal)U + 1000  “က” အက္ခရာ ကနေ 109F ရှမ်းသင်္ကေတ(အက္ခရာ ၍ နဲ့ဆင်တူသော) အထိ သတ်မှတ်ထားပြီးဖြစ်ပါတယ်..။  မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ စကားတွေလည်း ထည့်သွင်းထားပါတယ်.။ []

Myanmar3 unicode Installation


နည်းလမ်း(၁) 
ဒီနေရာမှာ လက်ရှိ update ဖြစ်တဲ့ Myanmar3  font နဲ့ အက္ခရာ ကီးဘုတ်ကို ဒေါင်းလုဒ်ယူပါ။ Install လုပ်ပါ။ 



နည်းလမ်း(၂)

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်  


၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon  မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ အပေါ်က Tavultesoft KeyMan 6.2  လိုပါပဲ အသုံးပြုရတာချင်းတူပါတယ်... ဒါပေမယ့် .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။   

သတိထားရန် ---> NHM ကို အသုံးပြုထားချိန်မှာ ဇော်ဂျီကို ပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး. Alt +1 ကိုပြန်နှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကို အသုံးပြုလို့ရပါမယ်။


နည်းလမ်း(၃)
ဒီနည်းလမ်းကတာ့ အက္ခရာ ကီးဘုတ်ကို အသုံးပြုခြင်းပါ။ 32bits,  64bits ၀င်းဒိုးအကုန်လုံး အတွက်ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်
ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ.။  လုပ်ဆောင်ရမယ့်အဆင့်တွေကို ဒီနေရာမှာ လေ့လာကြည့်ပါ.။

လက်ကွက်တွေကတော့ ယူနီကုဒ်တွေဖြစ်တဲ့အတွက် အကုန်အတူတူပါပဲ.. လက်ကွက်ကို ဒီမှာလေ့လာနိုင်ပါတယ်


နည်းလမ်း(၄)
ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ.(မူရင်းဆိုဒ်). ပြီးရင် အဲဒိအထဲမှာ Installation.txt လေးကို ဖွင့်ပြီးဖတ်ပါ.။ အဲဒိထဲက ပါတဲ့ Instruction အတိုင်း Install လုပ်သွားပါ။  Install လုပ်ပြီးတာ နဲ့ သူ့ zip ဖိုင်ထဲမှာ Keyboard layout ပါပါတယ်။ ကြည့်ပြီးရိုက်လို့ရပါတယ်၊ ဒါမှမဟုတ် ဒီနေရာကနေလည်း ကြည့်လို့ရပါတယ်။   စမ်းပြီးစရိုက်တော့မယ်ဆိုရင် 

၁။ Note Pad(text document) တစ်ခု ဖွင့်ပါ.။
၂။ Font မှာ Myanmar3 ကို ရွေးပါ ။
၃။ ပြီးရင် Tray Icon နေရာမှာ(ညာဘက်အောက်ထောင့်) Tavultesoft KeyMan 6.2  ကို မောက်စ် တစ်ချက် နှိပ်ပြီး Myanmar3 ကိုရွေးပေးရပါမယ်.။(မရွေးပဲရိုက်ရင် အလွဲတွေပြပါလိမ့်မယ်)
၎။ စမ်းရိုက်ကြည့်ပါ။ အဲဒိအချိန်မှာ အင်္ဂလိပ်ပြန်ပြောင်းချင်ရင် ခုနကTavultesoft KeyMan 6.2 ကနေပဲ ပြန်ပြောင်းရပါမယ်။ 


myanmar3.kmx ကို Windows7 or Vista တွေမှာ Install လုပ်လို့မရရင် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။
၁။ Install လုပ်ပြီးသား Keyman ကို Control panel \ Programs and features ထဲကနေ uninstall ပြန်လုပ်ပါ.။
၂။ Myanmar3_Unicode folder ထဲမှာရှိတဲ့ keyman_free_6-2-176-0.exe ကိုRightClick > Properties > Compatibility tab ကို သွားပြီး အောက်က
ပုံအတိုင်း လုပ်ပါ။ ပြီးရင် အိုကေ နှိပ်ပါ။
၃။ ပြီးတာနဲ့ keyman_free_6-2-176-0.exe ကို Install လုပ်ပါ။

၎။ Install ပြီးတာနဲ့ Tray Icon နေရာမှာ ပေါ်လာတဲ့ Tavultesoft Keyman6.2 ကိုright click > Keyman Configuration ကိုရွေးပါ.. ပြီးရင်
အောက်ကပုံအတိုင်း လုပ်ဆောင်ပါ။
(Installed keyboards ထဲမှာ Myanmar3 ဆိုတာ မသွင်းရသေးရင်ရှိမနေပါဘူး ဒီပုံက သွင်းပြီးမှ ရိုက်လိုက်မိလို့ပါ)ပြီးရင် Note pad ဖွင့်ပြီး ပြန်စမ်းကြည့်ပါ။

သင့်အနေနဲ့ အထက်ပါ နည်းလမ်း ၄ ခု အနက်က တစ်ခု မဟုတ် တစ်ခု အဆင်ပြေအောင် လုပ်ရမှာဖြစ်ပါတယ်။

Linux အသုံးပြုသူများအတွက်ကတော့ အကုန်အဆင်ပြေသည်ဟုပြော၍ရနိုင်သည်။ (ကျနော်မစမ်းရသေးပါ)
 Mac OS အသုံးပြုသူများအတွက် Masterpiece unisansကို ဒေါင်းလုဒ် ရယူပါ။


Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် အပေါ်က နည်းလမ်း(၄) ထဲက Zip ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ အဲဒိထဲမှာပါတဲ့
Myanmar3_IE.reg ကို install လုပ်ပါ ဒါဆိုရင် အဆင်ပြေပါပြီ....
IE အတွက်နောက်ထပ် အဆင်မပြေသေးရင် Option ထဲမှာ Zawgyi-One ကိုပေးထားရပါမယ်.။ ဒါမှ ဇော်ဂျီရော မြန်မာ၃ကိုရော ဖတ်နိုင်မှာဖြစ်ပါတယ်.. အရင်ကတည်းက ဇော်ဂျီကို ဖတ်လို့မရဘူးဆိုရင်အောက်က css ဖိုင်လေးကို ဒေါင်းလုဒ်ယူပါ.. ဖိုင်အနေနဲ့ ဒေါင်းလုဒ်မရရင်ပေါ်လာတဲ့ ကုဒ်တွေကို Note pad မှာ ထည့်ပြီး .css နဲ့save ပေးပါ.. ပြီးရင် IEကိုဖွင့်ပါ..  Tools >Internet Option>click Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ထည့်ပေးပါ..။

  ie.css download

သင်ဟာ Firefox user ဖြစ်နေရင် ဇော်ဂျီရော Myanmar3 ကိုရော ဖတ်ရှုရနိုင်ဖို့အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပေးရပါမယ်...
၁။ Firefox Menu > Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.

၂။ Font Size ဘေးက Advanced button  ကို ထပ်နှိပ်ပါ.. အဲဒိမှာ
Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။



သင်ဟာ Google Chrome အသုံးပြုသူဆိုရင်တော့ အောက်က လင့်ကို နှိပ်လိုက်ပါ
(Parallel Universe by Mad Computerist)
Install ဆိုတာကို နှိပ်လိုက်ပါ ပြီးတာနဲ့ သင့် Google Chrome က Zawgyi ရော Myanmar3 ကိုရော web page တစ်ခုတည်းမှာ ရောရေးထားရင်တောင်မှ ဖတ်လို့ရမှာဖြစ်ပါတယ်။ Crome ရဲ့ Font setting မှာ ၃ခုလုံး ကို Zawgyi-One ပြောင်းပေးထားဖို့လိုအပ်ပြီး ၊ အောက်က Default Encoding မှာ unicode(UTF-8) ကို ရွေးပေးထားဖို့လိုအပ်ပါမယ်.။


သင့်အနေနဲ့ Myanmar3 font design ကို သိပ်မကြိုက်သေးဘူးဆိုရင် Padauk-Zawgyi  ဆိုတာရှိပါသေးတယ်။ ပိုလှတယ်လို့တော့ပြောကြတယ်.. စမ်းကြည့်ပါ။
ဒီနေရာကတော့ ၀င်းမြန်မာ ယူနီကုဒ်ပါ.. သူလည်း သူ့ဟာနဲ့သူလှပါတယ်.. လေ့လာကြည့်ပါ

အပေါ်က အဆင့်တွေအတိုင်း ပြုလုပ်ပြီးရင်
သင့်အနေနဲ့ အောက်ပါ လင့်များကို ၀င်ရောက်လေ့လာပါ။ ကိုးကားထားတဲ့လင့်များလည်းဖြစ်ပါတယ်။
၁။ ယူနီကုဒ် စာစီပုံ သိကောင်းစရာအကျဉ်း

၂။ Install လုပ်ခြင်း
၃။ NHM ထည့်သွင်းခြင်း
၎။ http://nweminthit.blogspot.com/2009/04/source-httpwwwlawka-ahlac...
၅။ http://thetheaye.my-mm.org/2009/06/why-did-unicode-born.html
၆။ http://www.myanmarnlp.net.mm/
၇။ List of Unicode characters
၈။ မြန်မာ ယူနီကုဒ် ဇယား

ဒီနေရာမှာ ဘယ် ဖောင့်တွေက ယူနီကုဒ် စနစ်ကို လိုက်နာတယ်ဆိုတာ လေ့လာနိုင်ပါတယ်။

ဒီနေရာမှာတော့ ဇော်ဂျီနဲ့ ဧရာတို့ ဘာကြောင့် ယူနီကုဒ်မဖြစ်တယ်ဆိုတာကိုလေ့လာနိုင်ပါတယ်။


ဒီနေရာကတော့ ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းပေးတဲ့ Converter ပါ... ပြောင်းတာတွေက ၉၀% ကျော်မှန်တယ်လို့ဆိုပါတယ်.. တော်တော်လေးလည်း အဆင်ပြေပါတယ်... သုံးကြည့်စေချင်ပါတယ်



Unicode နဲ့ ပက်သက်လို့ နားမလည်သေးသူများအတွက် အကျယ်တ၀င့်ကို ကျနော် အားတဲ့အချိန်တွေမှာ မြန်မာလို ရှင်းလင်းတင်ပြပေးသွားပါမယ် ။ဒီနေရာလေးမှာတော့ မြန်မာ့ယူနီကုဒ်တွေ အကြောင်းကို  မြန်မာလို သေချာလေး ရှင်းလင်းပေးထားတာကို လေ့လာနိုင်ပါတယ်။ လတ်တလော လေ့လာချင်သူများအတွက်ကတော့ wikipedia.com ကနေ တဆင့် လေ့လာပါ။ သိပြီးသား လူတွေအနေနဲ့ကတော့ အချိန်လေးများရှိခဲ့ရင် အောက်က Comment ကနေတဆင့် သင့်ရဲ့ သိထားတတ်ထားတာလေးတွေကို ဆွေးနွေးပေးခဲ့နိုင်ပါတယ်.။

လောလောဆယ် စမ်းသပ်မိတာလေး တစ်ခုကိုဖော်ပြပေးပါ့မယ်.. ဒါလေးက အခု သင်တို့ စပြီး Ning text box မှာ Comment ပေးတော့မယ်ဆိုရင် Myanmar3 ကို ပြောင်းပြီး ရိုက်လို့မရတာလေးတွေ ကြုံကောင်းကြုံနိုင်ပါတယ်.. အဲလို အနေအထားမှာ .. Comment တွေမှာ Myanmar3 နဲ့ ရေးထားတဲ့ စာလုံးအမှန်တစ်ချို့ကို Copy ပြီး  Comment box မှာ Paste လုပ်ပါ. ဥပမာ (ဒီစာသားကိုကော်ပီပါ). ပြီးတာနဲ့ အဲဒိစာတွေကို ပြန်ဖျက်ပြီး Myanmar3 နဲ့ပြန်ရိုက်ကြည့်ပါ.. အဆင်ပြေတာကို တွေ့ရမှာဖြစ်ပါတယ်.


အထက်ပါရေးသားချက်များနဲ့ ပက်သက်လို့ မှားယွင်းနေသည်များ ရှိပါက ကွန်းမန့်တွင် ပြန်လည်ထောက်ပြ ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ ရေးသားထားသည်များကို နားမလည် မရှင်းလင်းသည်များရှိက လည်း ကွန်းမန့်မှာ မေးမြန်းနိုင်ပါတယ်။.. ကိုယ်တိုင်ဖန်တီးမှုမဟုတ်ပဲ ဖတ်မိသမျှကို ပြန်လည် မျှဝေခြင်း သက်သက် ဖြစ်တဲ့အတွက် အမှားအယွင်းများ ပါရှိပါက သည်းခံကြပါရန်နှင့် ထောက်ပြဆွေးနွေးပေးနိုင်ကြပါရန် ဆန္ဒပြုပါတယ်။

ဖြစ်နိုင်ရင် ကွန်းမန့်တွေမှာ Myanmar3 ကိုသုံးပြီး ပေးကြည့်စေချင်ပါတယ်  :)


January 15 နောက်ပိုင်းမှာ ကျနော်တို့ Myanmar IT Development ဆိုက်ကိုလည်း ဖြည်းဖြည်းချင်း Myanmar3 unicode နဲ့ ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်ဆိုတာ ကြိုပြီး အသိပေးထားပါရစေခင်များ။ တခြားဆိုဒ်တွေ တော်တော်များများ ပြောင်းကုန်ကြပါပြီ ၊ ဘလော့ဂါတွေတော်တော်များများလည်း ပြောင်းကုန်ကြပါပြီ ၊ ကျနော်တို့ပဲကျန်ပါတော့တယ် :)

(မှတ်ချက် ။  ။ unicode နှင့် Font ကို ကွဲပြားစွာ နားလည်ဖို့လိုပါသည်။ အထက်ဖော်ပြပါ Myanmar3, Padauk-Zawgyi, WinuniInnWa ... စသဖြင့်တို့သည် Unicode 5.2 စံ စနစ်ကို လိုက်နာသော font များ ဖြစ်သည်ဟု နားလည်ရမည့်ဖြစ်ပါသည်။)
>>ဆက်ဖတ်ရန်>>