Pages

Ads 468x60px

August 20, 2011

ကွန်ပျူတာက တစ်ချို့ ဟာလေးတွေ ဖျောက်ကြည့်ကြရအောင်။

Recycle Bin ကြီး ဖျောက်နည်း

window + r -> run -> gpedit.msc
အဲဒီမှာ Group policy ကြီး ပေါ်လာပါလိမ့်မယ်။ အဲဒီကနေ Local Computer Policy -> User Configuration -> Desktop မှ Remove Recycle Bin icon from desktop ကို double click ပြီး setting ထဲကနေ Enabled ကို ရွှေးပြီး အိုကေ ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ desktop ကို refresh တစ်ချက်လောက်ပေးလိုက်ပါ။ အမှိုက်ပုံးကြီး ပျောက်သွားပါလိမ့်မယ်။
ကျွန်တော်က Recycle bin ကို ဥပမာထား၍ အစမ်းဖျောက်ပြတာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျန်တဲ့ icon လေးများကိုလည်း စိတ်ကူးရှိသလို ဖျောက်နိုင်ပါတယ်။

Drive များ ဖျောက်နည်း

ဝင်းဒိုးမှာပါတဲ့ c , d , e စတဲ့ drive တွေကို ဖျောက်ထားလို့ ရပါတယ်။ recycle bin ဖျောက်တုန်းကလိုပဲ Group policy ထဲဝင်ပြီး User Configuration -> Administrative Templates -> Windows Explorer ကနေ Hide these specified drives in My Computer ကို double click နှိပ်ပြီး မိမိ ဖျောက်ထားချင်တဲ့ drives တွေကို ရွှေးပြီး ဖျောက်ထားနိုင်ပါတယ်။ ကျန်တာတွေလည်း ဆက်ပြီး ဥာဏ်ရှိသလို လေ့လာနိုင်ပါတယ်။

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....