Pages

Ads 468x60px

Showing posts with label ကာတွန်းရုပ်ပြပြုလုပ်နည်း. Show all posts
Showing posts with label ကာတွန်းရုပ်ပြပြုလုပ်နည်း. Show all posts

December 29, 2010

ကာတွန်းရုပ်ပြ စာအုပ် ထုတ်ကြမယ်

ကင်မရာတစ်လုံးရပြီး လက်တဲ့စမ်း ဟိုလျောက်ရိုက်၊ ဒီလျောက်ရိုက်နေသူတွေ
အကြိုက်ပေါ့။ ကျနော့် ဆိုနီ ကင်မရာလေးဆို ပျက်သာပျက်သွားကော..အနားကို
မရခဲ့ရှာဘူး။ တွေ့သမျှချိန်ရိုက်နေတဲ့ point and shoot
အော်တိုကင်မရာမဲန်းကြီးကိုး ခင်ဗျ။ ဘေးအိမ်က ကလေး မွေးနေ့လည်း
ဟက်ပီးဘတ်သ်ဒေး လက်ခုပ်ဝိုင်းတီးပြီး ရိုက်ပေးလိုက်တာပဲ။ အိမ်က
သောင်းကျန်းသူတွေ တိရိစ္ဆာန်ရုံပို့လည်း တွေ့ကရာ အကောင်နဲ့ တွဲပြီး
အကုန်ရိုက်တာပဲ။ ရိုက်တော့ ဘာဖြစ်လာသလဲ ဆိုရင် လက်ရာတက်လာတယ်ပေါ့ဗျာ။ ပြောချင်တာက ရိုက်ထားတဲ့ ပုံတွေ
များလာတယ်ပေါ့။ သူများပုံတွေလေ...။ ကျနော့်ပုံလား ဘယ်ရှိမလဲ။
ကင်မရာမဲန်းမှာ ကိုယ့်ဓာတ်ပုံကိုယ် ရိုက်ခွင့်မရဘူးလေ။

ပုံတွေများလာတော့ ဒီအတိုင်း ဓာတ်ပုံကူးကူးနေရတာ ငြီးငွေ့လာတယ်ပေါ့ဗျာ။ ဒါနဲ့ အစမ်းထွင်တာပေါ့။ ဓာတ်ပုံလေးတွေ စုပြီး ကာတွန်း၊ ရုပ်ပြ
အယ်လ်ဘမ်လေးလို လုပ်ကြည့်ရင် ကောင်းမလား၊ ပြက္ခဒိန်လေးနဲ့ တွဲပြီး
ထုတ်ကြည့်ရင် ကောင်းမလား...စမ်းကြည့် တာပေါ့။ အဲတာနဲ့ လက်လှမ်းမှီရာ (မရမက)
လိုက်ရှာတော့ ကာတွန်း၊ ရုပ်ပြလုပ်တဲ့ ဆော့ဝဲလေး သွားတွေ့တယ်ခင်ဗျ။
မိတ်ဆွေတို့ လည်း ကင်မရာရှိရင် စမ်းကြည့်လို့ ရတယ်။
(အဲ...စကားမစပ်..ရန်ကုန်မှာ ကင်မရာ ဂျပန်ကျ? တွေ ဈေးတော်တော်ပေါတယ်နော်း
၂သောင်းနဲ့ တစ်လုံးရတယ်။)

အောက်က ဆော့ဝဲလေးဗျို...

Comic Life တဲ့ Plasq က ထုတ်တာလေ

အဲ့ဆော့ဝဲသာ ရှိရင် ကာတွန်းရုပ်ပြထုတ်ဘို့ ဘာလိုမလဲ။ ဓာတ်ပုံတွေရယ်
ဒီဓာတ်ပုံတွေပေါ်မှာ ဆက်စပ်တဲ့ ဇတ်ညွှန်းလေးပဲ လိုမယ်။ ကျန်တာက
ကလိကြည့်ဘို့ပဲ ဒါက ကိုယ့်အပိုင်း။ တန်ဘိုးက ၂၉.၉၅ဒေါ်လာတဲ့။ ကျနော် ရှာကြံ
ဆွဲချထားတာလေးတော့ ရှိတယ်။ လိုချင်ရင် ဗမာလိုရေးပြီး လက်တို့လိုက်။
၁၀မက်ကျော်ကျော်လေး။ ဒီမှာတော့ ငြိမှာစိုးလို့ အတက်မတွဲတော့ဘူး။

အောက်မှာ နမူနာအဖြစ် မေလကုန်တုန်းက အိခိဂျောတို့ မာဏဝဘေရီအဖွဲ့
ရေသွားလှူစဉ်က တရားဝင်ထုတ်ပြန်ပေးထားတဲ့ ပုံလေးတွေကို
ကာယကံရှင်များထံခွင့်တောင်းပြီး နမူနာ လုပ်ပြထားပါတယ်။ အားလုံး ၎
မျက်နှာတည်း။ ကျန်တာတွေက လုပ်နည်းကို Tutorial အဖြစ် gif နဲ့
လှုပ်ပြထားတာပါ..

IMAGES are courtesy of မာဏဝဘေရီ and respective persons ဇာတ်ညွှန်းကတော့ ညီလေး ကိုလွှမ်းမိုးထက် တင်ထားတဲ့ ပို့စ်ကို အခြေခံထားပါတယ်။
အချက်အလက်များကို RFM core-member မသိဂီမှ စစ်ဆေးပေးပါတယ်။

စာမျက်နှာ-၁

စာမျက်နှာ-၂

စာမျက်နှာ-၃

စာမျက်နှာ-၎


မိုက်တယ်နော်...အနည်းဆုံးတော့ ကိုယ့်ကလေး မွေးနေ့မှာ ဒီလို ထုတ်ပေးလိုက်ရင် သူတို့ ဘယ်လောက်ပျော်လိုက်မလဲ စဉ်းစားကြည့်ပါ။

အောက်ကတော့ ကျူတိုရီယယ်ပေါ့။ ပုံတွေကို ဆိုဒ်သိပ်မချုံ့ထားတော့ အတက်တော့ နှေးနေမယ်..။ ကွန်ပေါ်မူတည်မှာပေါ့လေ...။

စာမျက်နှာတစ်ခု ဒီလိုယူပါ။ လိုသလို အကွက်တွေ ချပါ။



ဒါက Caption (ခေါင်းစည်း) ထဲ့ပုံ

ဒါက ခေါင်းစည်းကို ညှိတာ


ဒါက အကွက်ထဲ ပုံထည့်တာ

ဒါက စာထည့်တာ...

ဒါက စကားပြောတွေ၊ အော်တာတွေ။ အတွေးတွေ ထည့်တာ (Call-out)

ဂလောက်ဆို လုပ်နည်းက တီးခေါက်မိပီပေါ့။ အသေးစိတ်ညှိချင်ရင် Details သာ ဖွင့်ကြည့်ဗျ..။ ညှိလို့ရတယ်။
လုပ်ပြီးပြီဆိုရင် ရလဒ်ကို Image နဲ့ Export သိမ်းလို့ ရတယ်။ Software ကို ဒီ မှာဒေါင်းပါ။
ရေးသားပြုစုသူ - /ဧးသိမ်း/
>>ဆက်ဖတ်ရန်>>

December 15, 2010

စာလုံးဒီဇိုင်းလေးများရေးနည်း


အခု တစ်ခေါက် မျိုးက နောက်တစ်မျိုးစာလုံး ဒီဇိုင်း ရေးနည်းလေးကို ပြောပြပေးပါ့မယ်

သိတဲ့လူတွေ သိပြီးသား ဖြစ်နေပေမဲ့လည်း မသိသေးသူ တွေ အတွက် ပါနော်
ဒီနေ့ စာလုံး လေးတွေကို ရေး နည်း ၃ မျိုးကို မျိုးက ပြောပြပေးပါ့မယ်နော်

(၁) စာလုံး ကိုဇောက် ထိုးရေး နည်း ( reversed text)

http://www.glitter-graphics.com/generators/reverse.php

Type your text here

ဆိုတဲ့နေရာမှာ ကိုယ်ရေးချင်တဲ့ စာသားကိုရေးပါ
(မြန်မာ လိုမရပါနော်)
အောက်မှတွေ့ ရပါလိမ့်မယ်

Here's your reversed text

ဆိုတဲ့နေရာမှာ ကိုယ်ရေးထားပြီးစာ လေးတွေ ဇောက်ထိုးဒီဇိုင်းလေးကို ကော်ပီယူပြီး
ကိုလိုချင်တဲ့နေရာတွေ မှာသုံးလို့ရပါတယ်နော်....

ဒီလိုလေးဖြစ်သွားပါလိမ့်မယ်

Photobucket


ɹɐd ɹɐן ɐƃ uıɯ oןןǝH

(၂) စာလုံး ကို အစောင်း ဒီဇိုင်းလေး နဲ့ရေးနည်း (scrambled text)

http://www.glitter-graphics.com/generators/scramble.php

လင့်လေးကိုသွားပြီးရင်
အပေါ်က

Type your text here

ဆိုတဲ့နေရာလေး ကိုယ်လိုချင်တဲ့ စာသားကိုရေးပါ

Here's your scrambled text

ဆိုတဲ့ နေရာမှာ တွေ့ ရပါလိမ့်မယ်
Photobucket

ကိုယ်ရေးပြီးသား စာလုံးဒီဇိုင်းလေးတွေ လိုချင်သလိုအသုံးပြုနိုင်ပါလိမ့်မယ်နော်

ဒီလိုလေး မြင်တွေ့ ရမှာပါ

мιи ɢα ℓαя ραя ƨнιи

(၃) စာလုံးလေးတွေကို အရောင်လေးတွေ နဲ့ဖြစ်နေအောင် ရေးတဲ့ လင့်လေးပါ (Rainbow text)

http://www.glitter-graphics.com/generators/rainbow.php


Type your text here

နေရာလေးမှာ လိုချင်သော စကားလုံးလေးတွေကိုရေးထည့်ပါ
ပြီးရင်

Generate Code! ဆိုတာလေးကိုကလစ်ပေးလိုက်ပါ

this is what is will look like:

နေရာမှာ ခုနကေ၇းခဲ့သည့် စာလေးများကို အရောင်လေးနှင့် တွေ့ ရမှာဖြစ်ပါတယ်
အဲ့ဒီ မှာ ကုဒ်လေးတွေ ပေးထားပါတယ် လိုအပ်သလို အသုံးပြုနိုင်ပါတယ်ရှင်...

ကဲ အားလုံး ပဲ လိုက်လုပ်ကြည့်ပြီး သူငယ်ချင်းတွေကို ကွန်မန့်အဖြစ် စာလေးတွေေ၇းပြီးလည်း ပေးပို့နိုင်ပါတယ်နော်



Photobucket


Hello min ga lar par

အခုလောက်ဆို အားလုံပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်
လေးစားလျှက်
>>ဆက်ဖတ်ရန်>>