သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည်။
"ဟဲလို၊ မေမေလား။ မေမေ၊ ကျွန်တော် မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပြီဗျ ဒါပေမယ့် မေမေ။ ကျွန်တော်ယူမည့် မိန်းကလေးဟာ အသားမည်း နီဂရိုး အမျိုးသမီး ဖြစ်နေတယ်"
"ဟုတ်လား။ ဝမ်းသာလိုက်တာ သားရယ်" "ဒါများ အရေးတကြီး လုပ်လို့ကွယ်။ မေမေနဲ့ သားတို့ ဖေဖေ အသားအရောင် ခွဲခြားတက်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့"
"ဒါပေမယ့် သူ့မှာ အရင်ယောက်ျားနဲ့ရတဲ့ ကလေးသုံးယောက် ပါလာမယ် ခင်ဗျ"
"ကိစ္စရှိပါဘူး။ မေမေနဲ့ သားဖေဖေ ကလေးတွေကို ချစ်တက်ပါတယ်ကွယ်"
"ခက်တာက ကျွန်တော်တို့ နေစရာ မရှိဘူး အမေရာ" "
ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ မေမေတိုဆီမှာ လာနေပေါ့။ မေမေတို့ အိမ်ခန်းက အိပ်ခန်းတစ်ခန်းထဲ ရှိပေမယ့် နေလို့ရပါတယ်။ မင်းတို့ မိသားစု အဲဒီအခန်းမှာ နေကြပါ။ အဲ မင်းဖေဖေကတော့ စတိုခန်းမှာ နေပါလိမ့်မယ်ကွယ်"
"မေမေ၊ မေမေကရော ဘယ်မှာ နေမလဲခင်ဗျ"
"မေမေလား။ မေမေလေ မင်းနဲ့ အခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်။ သား စိတ်မပူပါနဲ"
၂) ငါ လမ်းလျှောက်ပြန်မယ်
ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။
"ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"
နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။ " နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား" " နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"
၃) အမေကိုဆဲလို့
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမကမနေ့ကလေ့လာရေးခရီးနဲ့ပတ်သက်ပြီးကလေးတွေကိုဗဟုသုတအနေနဲ့ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။”
ဒါနဲ့ကိုလတ် 'ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ"
ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။”
ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း” မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။”
“ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။
ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။
၎) အနမ်း ၁၅၀၀
နိုင်ငံခြားရောက်နေသူ ကိုကိုမောင်က ရန်ကုန်က ဇနီးဖြစ်သူထံ စာပို့လိုက်သည်
"ကို ဒီမှာ အသုံးနည်းနည်းကြမ်းသွားတယ်။ ဒီ တစ်လတော့ ကိုယ် ပိုက်ဆံ မပို့ပေးနိုင်တော့ဘူးနော်..၊ ကိုယ့် အနမ်း ၁၅၀၀ ကိုပဲ . ဒီစာအိတ်ထဲထည့်ပေးလိုက်တယ်နော်. . .အဲ အနမ်း ၁၅၀၀ နဲ့ ပဲ ဒီတစ်လနေလိုက်တော့နော် .မင်းကိုသိပ်ချစ်တယ်။ မင်းကိုချစ်တဲ့ ကို"
စာပို့ပြီး တစ်လကြာ ချစ်ဇနီးဆီမှ ပြန်စာပြန်လာသည်။
"မောင်ပို့လိုက်တဲ့ အနမ်း ၁၅၀၀ ရတယ်သိလား.. အရမ်းပျော်တာပဲသိလား.....ချစ်ကို
ချစ်သေးတယ်ဆိုတာ သိရပါတယ်.၊မောင်ပေးလိုက်တဲ့ အနမ်း ၁၅၀၀နဲ့ လောက်ငှအောင်နေလိုက်ပါတယ်။
သြော်ဒါနဲ့ ဒီလ အိမ်သုံးစ ရိတ်တွေ ပြောပြရဦးမယ်။
မောင်ပို့လိုက်တဲ့အနမ်း ၁၅၀၀ ထဲကလေ မနက်တိုင်း နွားနို့လာပို့တဲ့ကုလားကို တစ်ရက် အနမ်းနှစ်ချက်ပေးလိုက်တယ်သိလား. တစ်လဆိုတော့ အနမ်း ၆၀. . ဈေးတော့သိပ်မကြီးပါဘူး အစက အဲကုလားကြီးက တစ်ရက် ၃ချက်တောင်းတာ သိလား.. ကို့ ချစ်ချစ်ပဲ ဘယ်ရမလဲ . ဈေးဆစ်လိုက်တာပေါ့.. အဲဒါ အနမ်း ၆၀မှာဈေးတည့်သွားကြတယ်လေ
နောက် .. မီတာလာတောင်းတဲ့သူကို တစ်လ အနမ်း အချက် ၃၀၀ ၊ ရေဖိုးတစ်လ အနမ်းအချက် ၂၀၀၊ပဲပြုတ်ရောင်းတဲ့ဦးလေးကြီးကိုတစ်လ အချက်၄၀ ၊ အထွေထွေစရိတ်ဈေးဖိုး စရိတ်နဲ့ပေးလိုက် ရတာတွေ ကအနမ်း ပေါင်း ၅၀၀၊
နောက် အလှပြင်ပစ္စည်းဖိုးက ၃၀၀ နောက် အိမ်လခ လာတောင်းတဲ့ဦးလေးကြီးကိုတော့ ကျန် အနမ်း ၁၀၀ နဲ့ ပေးလို့ မလောက်တာနဲ့ တခြားဟာ တွေ ပါ ပေးလိုက်ရတယ်........ ချစ်လေး ဒီလသုံးတာများသွားလားဟင်.. .. ကိုကော... နောက်တစ်လ လည်း ခုလိုအနမ်း ၁၅၀၀ ပဲ ထပ်ပို့ပေးမှာလား..ဟင်... ကို့ကို အရမ်းချစ်တဲ့ .. ကိုယ့်ရဲ့ သည်းလေး "
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....