Pages

Ads 468x60px

June 24, 2011

ချင်ပင်ဇီ မျောက်ဝံ တိုက်ခိုက် ခံရသည့် အမျိုးသမီး


၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီ က ချင်ပင်ဇီ မျောက်ဝံ တစ်ကောင်ရဲ့ ဒေါသထွက် တိုက်ခိုက် ခံခဲ့ရတဲ့ အမျိုးသမီး တစ်ဦးဟာ အမေရိကန်ပြည် ထောင်စုမှာ တတိယ အကြိမ်မြောက် မျက်နှာ ခွဲစိတ် ကုသမှု ခံယူခဲ့ပြီး အခုဆိုရင် မျက်နှာအသစ်တစ်ခုရရှိလိုက် ပါပြီ။ပြီးခဲ့တဲ့လနှောင်းပိုင်းက မျက်နှာတစ်ခုလုံး အပြင် လက်နှစ်ဖက်လုံး အစားထိုးကုသမှုခံယူခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် ရှာလာနက်ရှ်ဟာ တိုက် ခိုက်မှုခံရပြီးကတည်းက လပေါင်း များစွာမှီဝဲစားသောက်လာရတဲ့အစာ ပျော့တွေကိုဆက်စား စရာမ လိုတော့ဘဲ ပီဇာနဲ့ ဟန်ဘာဂါ တွေပြန်စားနိုင်တော့ မှာပါ။
ဒါပေမယ့် ခွဲစိတ်မှုခံယူအပြီး ရက်တော်တော်များများအကြာမှာ အဆုပ်ရောင် ရောဂါ(pneumonia) ခံစားခဲ့ရပြီး သွေးပေါင်ချိန်လည်း ထိုးကျသွားခဲ့ပါတယ်။ သွေးပေါင် ချိန်ကျနေတာ ကြောင့် သွေးမရောက်တော့တဲ့ လက်နှစ်ဖက်ကို ဆရာဝန် တွေကဖြတ်တောက် ဖယ်ရှားခဲ့ရတယ် လို့ဆိုပါတယ်။ ဘရစ်ဟန်နဲ့ အမျိုး သမီးဆေးရုံက အဖွဲ့ဝင် ၃၀ ဦး ပါဝင်တဲ့ ခွဲစိတ်ကုသမှု အဖွဲ့ရဲ့ခေါင်းဆောင်အိုဒန် ပိုမာဟက်က မစ္စနက်ရှ်နဲ့ ပတ်သက်ပြီး “ဟန်ဘာဂါတစ်လုံးကို ဖြည်းဖြည်း ချင်းစားနိုင်လာတော့မှာပါ။ နက်ရှ်ဟာ အနာဂတ်မှာ သူ့ရဲ့ပန်းတိုင် ဖြစ်တဲ့ ကျန်းမာရေးကောင်းမွန်မှုနဲ့ လွတ်လပ်မှုတွေ ကိုပြန်ပြီးရရှိနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ပြောကြားသွားခဲ့ ပါတယ်။ ခွဲစိတ်မှုခံယူစဉ် အတွင်းနက်ရှ် ဟာ သူ့ရဲ့ အရေပြား၊ ကြွက်သားတွေ၊ သွေးကြောတွေ၊ အာရုံကြောတွေအပါ အဝင်အာခေါင်မာနဲ့သွားတွေကိုလည်း အစားထိုးခံရပါတယ်။ ဆရာဝန်တွေရဲ့အဆိုအရ အချိန်တော်တော်ကြာမှ အနံ့ခံမှုတွေ၊ လေရှူမှုတွေ၊ အာရုံခံစားမှုတွေ၊ မျက်နြှွာကက်သားထိန်း ချုပ်နိုင်မှုတွေပိုပြီးပြုလုပ်လာနိုင်ဖွယ် ရှိပါတယ်။
ဒါပေမယ့် မျက်လုံးက တော့အခုချိန်ထိ မမြင်ရသေးပါဘူး။ နောက်ထပ် လက်အစားထိုးကုသမှုကိုလည်း အနာဂတ်မှာ ပြုလုပ်နိုင်မယ် လို့ ဒေါက်တာပိုမာဟက်ကပြောကြား သွားပါ တယ်။ ပေါင် ၂၀ဝ အလေးချိန်ရှိတဲ့ ချင်ပင်ဇီကြီးကို လှောင်အိမ် ထဲပြန်သွင်းဖို့ ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခဲ့တာကြောင့် စေတနာ ပိုခဲ့တဲ့ မစ္စနက်ရှ်တစ်ယောက် အခုလို အဖြစ် မျိုး ရောက်ခဲ့ရတာပါ။ အဲဒီချင် ပင်ဇီကိုတော့ရဲတွေက သေနတ်နဲ့ပစ် သတ်ခဲ့တယ်လို့သိရပါတယ်။ မျက် နှာအစားထိုးကုသမှုခံယူခဲ့တဲ့သူအရေ အတွက်ဟာ အမေရိကန်၊ ပြင်သစ်၊ စပိန်နဲ့ တရုတ်နိုင်ငံတွေမှာ ဒါဇင်ချီ ရှိသွားပါပြီ။ မစ္စနက်ရှ်ဟာ အမေရိ ကန်မှာ မျက်နှာတစ်ခုလုံး အစား ထိုးကုသမှုခံယူခဲ့တဲ့ တတိယမြောက် လူနာ ဖြစ်လာခဲ့ပါတယ်။
http://www.yoyarlay.com

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....