Pages

Ads 468x60px

June 24, 2011

အသက် ၁၁ နှစ် အရွယ်မှာ ၅ စတုံကျော် မနိုင်တယ်ဆိုတော့


သူမ အသက်က ၁၁ နှစ်သာ ရှိသေးသည်။ ဗြိတိန်နိုင်ငံ ဂလတ်စဂိုမြို့မှ ချာလေးကရိတ်ဟု အမည် ရ သော ထိုမိန်းကလေးသည် အသက် ငယ်ရွယ်သော်လည်း သာမန်လူကြီး တစ်ယောက် မနိုင်ရန် မ လွယ်ကူသော ၅ စတုံကျော် အလေးကို ခေါင်းပေါ်ကျော်၍ ပင် မပြနိုင်သဖြင့် တစ်နိုင်ငံလုံး၏ အသက် အငယ်ဆုံး လူသန်မလေး အဖြစ် နာမည် ကျော်ကြား နေသည်။
ဓနသဟာယနိုင်ငံများ လူငယ် အားကစားပြိုင်ပွဲ တွင် အလေးမ ရွှေတံဆိပ်ဆုရခဲ့ပြီး အသက် ၃၇ နှစ်အရွယ် မိခင် အာမန်ဒါဘက်စ်နှင့် အစ်ကိုဖြစ်သူ အသက်နှစ်ဆယ်အရွယ် ဒန်နီယယ် တို့က သူမကို ပုံမှန် ဆက်လက်လေ့ ကျင့်ပေးခဲ့ရာမှ သူမ၏ အသက် အရွယ်နှင့်မလိုက်ဖက်သည့် အလေးချိန်ကို မနိုင်လာခဲ့ခြင်း ဖြစ်သည်ဟု အလေးမဆရာတစ်ဦးက ရှင်းပြသည်။ ချာလေးကရိတ် ကိုယ်တိုင်က လည်း အလေးမ အားကစား လေ့ကျင့်ကာ စံချိန်တင် အလေးမနိုင်သည်ကို အားရကျေနပ်နေကြောင်း သိရသည်။
အသက် ၁၁ နှစ်မို့သာ တော်တော့တယ်။ ၁၈ နှစ်လောက် ရောက်လာရင် မယ်ဗလလေး ဘယ် လောက်များ မ ပြမလဲ မသိဘူးနော်။
http://www.yoyarlay.com

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....