
''ဒီ လေယာဉ်တွေက မြန်မာ့ လေကြောင်းမှ လေလံပစ်တုန်းက လေလံနဲ့ ဝယ်ယူခဲ့တာပါ၊ ဒါကို စိတ်ကူးလေး ရပြီး၊ ပြည်တွင်း စားသုံးသူတွေ အတွက် ရည်ရွယ်ပြီးတော့ ပုံစံ တစ်မျိုး နဲ့ လုပ်ဖြစ် တာပါ၊ ဒီ စားသောက်ဆိုင် သုံးဆိုင်မှာ ရောင်းမယ့် အစားအသောက်တွေ ကလည်း ပြင်ပမှာ ရှိတဲ့ အစားအစာတွေ အတိုင်း ရောင်းချ ပေးမှာပါ၊ လတ်တလော ကတော့ မိုးရာသီ ရောက်နေ တာရယ်၊ ပြည်သူ့ဥယျာဉ်က သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်း နေရတာ ရယ်ကြောင့်၊ တည်ဆောက် ပြီးစီးမှုကိုတော့ အချိန်ယူရ ပါဦးမယ်'' ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ လေယာဉ်ဟောင်းဖြင့် ပြုလုပ် ထားသော စားသောက်ဆိုင်မှာ နေပြည်တော်တွင် လည်း ရှိကြောင်း သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....