ကမ္ဘာ့ ပထမဆုံး အဖြစ် 3D ပရင်တာကို အသုံးပြုကာ လေယာဉ်ပျံ တည်ဆောက် နိုင်ခဲ့ကြောင်း သိရသည်။ ကွန်ပျူတာကိုသာ အသုံးပြုကာ ဒီဇိုင်း ရေးဆွဲလျက် 3D ပရင်တာဖြင့် ထုတ်သော အပိုင်းအစများဖြင့် လေယာဉ်ပျံ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ တောင်ပံဗြက်သည် နှစ်မီတာ (၆ပေခွဲ) ရှိပြီး အမြန်ဆုံး အဖြစ် တစ်နာရီလျှင် မိုင် ၁ဝဝ နှုန်းဖြင့် သွားနိုင်ကြောင်း သိရသည်။ လေယာဉ်ပျံ တည်ဆောက်မှု၌ အထူး နိုင်လွန် ပရင်တာကို အသုံးပြုပြီး တစ်လွှာချင်း ထုတ်လုပ်ခဲ့သည်။ အပိုင်းအစများကို တစ်ခုချင်း ထုတ်လုပ်ပြီးနောက် မည်သည့် ကိရိယာကိုမျှ သုံးစွဲရန် မလိုဘဲ အစိတ်အပိုင်းများကို မိနစ်ပိုင်း အတွင်း တပ်ဆင် နိုင်သည်။ အဆိုပါ လေယာဉ်ကို ဗြိတိန်နိုင်ငံ ဆောက်သမ်ပတန် တက္ကသိုလ်မှ အင်ဂျင်နီယာ သုတေသန ပညာရှင်များက တီထွင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....