ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့... အင်း...အင်း....... အဲ...
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ
အစောကြီး အစောကြီး... ဟိုးးး အစောကြီးကထဲက (လွန်ခဲ့တဲ့ ၉ လအလွန်လောက်ကပေါ့..)
nokia s60 ဖုန်းမှာမြန်မာစာယူနီကုတ်ဖောင့်ထဲ့ဖို့ အတွက်ကို အတော်ကြိုးစားလိုက်ရတယ်.. (မအောင်မြင်ခဲ့ဘူး..) ဖောင့်တွေပေါ်ပေမယ့်.. အရမ်းရွဲတယ်.. ဘာဖြစ်လို့လဲလို့ အစ်ကိုတစ် ယောက်ကို မေးကြည့်တော့ ဇော်ဂျီဆိုတာ ယူနီကုတ်မစစ်ဘူးဆိုလားပဲ.. နဂိုကထဲကမှ ကျတော် က အူကြောင်ကြောင်ဆိုတော့..သူပြောတဲ့ဟာတွေအားလုံးနဲ့ ပတ်သက်ပီး နားမလည်တာတွေကို နားမလည်သလိုပဲ နေလိုက်ရတယ်... အဲ့ဒီတုံးက ကောက်ချက်ချမိလိုက်တာက
ဇော်ဂျီသာ ယူနီကုတ်မစစ်ဘူးဆိုရင် Nokia မှာ မရတဲ့နည်းတူ၊ SE မှာဆိုလဲ ဒီအတိုင်းပဲပေါ့.. အဲ့ဒါကြောင့် ဆက်ပီးဘာမှ မကြိုးစားဖြစ်ခဲ့ဘူး.. ဟော.... မှားသွားပီ အကြီးအကျယ်မှားသွားပီ... ကျတော်လုံး၀ကိုမှားသွားပီဗျာ... ဘယ်လိုလဲဆိုတော့
ဒီနေ့မှ စလုံးက ဘော်ဘော်ကြီး တာယာ(၀ါ)ကြယ်စင် က သူ့ SE w995 မှာ ဖောင့်ပြောင်းချင်တယ်တဲ့.. အဲ့ဒါ နဲနဲကြည့်ပေးလို့ တောင်းဆိုလာတာနဲ့...
ကျတော်အစကတော့ ပြောလိုက်သေးတယ်.. တခြားဖောင့်ပုံစံတော့ ပြောင်းမယ်.. မြန်မာစာတော့ ကောင်းကောင်းမြင်မှာမဟုတ်ဘူးလို့ကို အတည်ပေါက် သူနဲ့ငြင်းလိုက်ရသေးတယ်... အဲ့ဒါကိုက ကျတော့အကျင့်လေ.. ထားပါတော့.. ဒီလိုနဲ့ပဲ တရုတ်ဆိုက်တွေမှာ ၀င်မွှေဖြစ်တယ် ဆိုပါတော့...
မသေချာတာကြီးကို ကျတော်စမ်းကြည့်ဖို့ ကြိုးစားလိုက်တယ်.... ဟားဟာ.. ခုတော့ အဲ့ဒီ မသေချာတာကြီးက ကျတော့မျက်စိရှေ့မှာ အပီအပြင်ကြီးကို မြင်တွေ့နေရပီ... ကဲ ကြည့်လိုက်ကြရအောင်...
ဆိုင်က 2nd hand w595 လေးနဲ့ အလောတကြီး လုပ်လိုက်ရတာဆိုတော့ နောက်ဆုံးရလဒ်ကိုပဲ တင်ပေးလိုက်တယ်၊ နောက်နေ့မှ သေချာလေး ကြားထဲက လုပ်ပုံလုပ်နည်းလေးတွေကို ပုံနဲ့တင်ပြပေးပါမယ်ဗျာ...
2011/3/12 Update - အောက်က လင့်ခ်တွေသေနေတာကြောင့်.. လင့်ခ်အသစ်မှာ တင်ပေးထားပါတယ်။ (Driver ပါပြီးသားပါ)
https://sites.google.com/site/sainyiphyo/A2Uploader.rar
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....