Pages

Ads 468x60px

October 26, 2013

Huawei C8650 & C8800 (v2.3.3) Root [How to]

Preparation>>

ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး လိုအပ်တဲ့ Driver တွေ အရင်ဆုံးသွင်းထားပါ။ (ဒီမှာတော့ အသေးစိတ်မပြောတော့ဘူး)



1. http://rom.anshouji.com/down/C8650_ShunYea_Recovery_4.0.1.4_RC1.rar

2. http://www.mediafire.com/?nduasar91ex7cu9

3. နံပါတ်(၂) မှာဒေါ်င်းထားတဲ့ကောင်ကို update.zip လို့ အမည်ပြောင်းပြီး sdcard ထဲကို ဘာဖိုဒါမှ မဖွဲ့ပဲ ကော်ပီကူးထဲ့လိုက်ပါ။

4. နံပါတ်(၁) ကို extract လုပ်ပြီး 双击..Recovery ဆိုတာကို Run ပါ။ အစိမ်းရောင် စာတမ်းလေးတွေ ရှိလိမ့်မယ်။

5. ဖုန်းမှာ Vol Down + Power ကို 5 to 10 စက္ကန့် ကြာအောင် နှိပ်ပါ (မလွတ်ပါနဲ့)။Huawei ဆိုတဲ့ လိုဂိုမှာ ရပ်နေမယ်။ ဒါဆို Fast Mode ဝင်ပါပြီ။

6. ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပါ။ တခါမှ မချိတ်ဖူးရင်တော့ Driver installation process တွေ လုပ်ပါလိမ့်မယ်။ အစိမ်းရောင် စာသားတွေ ဟိုလုပ် ဒီလုပ်.. ပြီးလို့ အတန်ကြာအောင် ငြိမ်သွားပြီဆိုရင် Recovery အောင်မြင်ပါပြီ။

7. Recovery အလိုလို တက်လာလိမ့်မယ်။ မတက်လာရင်တော့.. Vol Up + Power နဲ့ဝင်ပါ။

8. -apply update from sdcard >> -Yes >> - Insatll /sdcard/update.zip ကို အဆင့်ဆင့်ရွေးပါ။

9. စက်ကို Restart ချပြီးပြန်တက်လာတာနဲ့ Applications တွေထဲမှာ Super User ဆိုတာ တွေ့ရလိမ့်မယ်။

10. Done! Root လုပ်လို့ပြီးပါပြီ။



Myanmar Font Installation>>

မြန်မာဖောင့်ချိန်းတာနဲ့ ပတ်သက်ပြီး သိစေချင်တဲ့အချက်လေး နည်းနည်းရှိလို့ပါ။ ဘယ်လိုချိန်းသလဲ ဆိုတာကို ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ ယေဘုယျ ဖောင့်ချိန်းနည်း (၂) မျိုးရှိပါတယ်။

● Root Explorer နဲ့ Manual ချိန်းနည်း

● Font changer သုံးပြီး အလိုအလျောက် ချိန်းနည်း (Required Busy Box)

သူ့ အားနည်းချက် အားသာချက်နဲ့သူရှိတယ်။

● Root Explorer နဲ့ချိန်းခြင်းကြောင့် စက်ဟန်းတာနဲ့ စက်သေသွားတာမျိုးမရှိဘူး။ အဲ့ဒါသူ့အားသာချက်၊ အားနည်းချက်ကတော့ ဖောင့်(အနည်းစု) မပေါ်တော့ပဲ လေးထောင့်ကွက်ပဲမြင်ရတာ။ အနည်းစုဆိုတဲ့ အတိုင်း တကယ့်တကယ်ကို အနည်းစုပါ။ နောက်တစ်ချက်.. Root Explorer နဲ့ ချိန်းရင် DroidSans.ttf ကိုပဲ overwrite လုပ်ပါ။ တချို့လူတွေရှိတယ်။ FallBack ကို လုပ်ကြတယ်။ FallBack ချိန်းတာကို လုံးဝအားမပေးပါဘူး။ မဖြစ်မနေ.. DroidSans ကို ချိန်းပြီးလို့ မပေါ်မှသာ FallBack ကို ချိန်းကြပါလို့ အထူးသတိပေးလိုက်ပါတယ်။

● Font Changer ကတော့ အသုံးပြုရလွယ်ကူတယ်၊ ဖောင့်ချိန်းလိုက်လို့ လေးထောင့်ကွက်ပဲမြင်ရတော့တာမျိုးတွေ မရှိဘူး။ အားနည်းချက်က အခန့်မသင့်ရင် ဖောင့်ချိန်းပြီး restart ကျတာနဲ့ စက်တက်မလာတော့တာမျိုးရှိတယ်။ ပါဝါတက်လျက်နဲ့ စက်ဟန်းတာတွေလဲ တခါတခါရှိတတ်ပါတယ်။



အဓိက သိစေချင်တာက အထက်က နည်းအတိုင်း Root လုပ်ပြီးလို့.. Font Changer အသုံးပြုချင်တယ်ဆိုရင်တော့ Busy Box ကို manual install လုပ်ပေးရပါမယ်။

Busy Box Installer 3.2.4 - http://www.mediafire.com/?xicsm0jfizvx9vy



== Q&A == ှ

Q. Recovery က ပေးထားတာပဲရှိတာလား? တခြား Recovery ရော ကိုယ့်ဘာကို တင်လို့မရဘူးလား?

A. ကျတော်တင်ပေးထားတာက C8650, C8800 တို့အတွက် သီးသန့် ပြင်ဆင်ထားတာမို့လို့ပါ။ တခြားဟာစမ်းချင်ရင် ကိုယ်တိုင်စမ်းကြည့်ကြပါ။ ခလုတ်တွေအဆင်မပြေရင် ပေးထားတာကို အချိန်မရွေးပြန်တင်လို့ရပါတယ်။



Q. Recovery ဝင်လိုက်ရင် screen ပြတ်တောင်းပြတ်တောင်းဖြစ်တယ်၊ ဘာလို့လဲ ?

A. custom recovery မှာ bug နဲနဲရှိလို့ပါ။ ဘက်ထရီဖြုတ်ပြီး.. နှစ်ခါသုံးခါလောက် ဝင်ဝင်ထွက်ထွက် လုပ်လိုက်ရင် မရှိတော့ဘူးလို့တော့ ပြောပါတယ်။ အသုံးပြုခြင်းအတွက်လဲ ဘာပြဿနာမှတော့ မရှိပါဘူး။



Q. အကိုက.. ရုပ်ကလေးက သန့်သန့်ပြန့်ပြန့်ရှိတယ်နော်၊ ဘာနည်းဗျူဟာတွေများရှိလဲဗျ?

A. ဒါကတော့ မွေးကထဲက အမေပေးတဲ့ ဆုလာဘ်ပါ။ နည်းဗျူဟာဆိုရင်တော့.. ကောင်မလေးနဲ့ တည့်အောင် အဆင်ပြေအောင်.. ပေါင်းပြီး.. ကိုယ့်ကိုယ့်ကို စိတ်ချမ်းသာအောင် ထားပါတယ်။

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....