ယနေ့ ကာလတွင် မိမိ၏ ကုန်ပစ္စည်းများကို အရောင်း မြှင့်တင်ခြင်း မကြာခဏ ပြုလုပ်လေ့ ရှိပြီး Discount တို့ဖြင့် သုံးစွဲသူကို ဆွဲဆောင် လာကြကြောင်း သိရသည်။ ထိုသို့ ဆွဲဆောင်မှု များပြားလာခြင်း နှင့် အတူ Pointman (Bonus Card စက်) သည် ဈေးကွက်သို့ ဝင်လာပြီး အဆိုပါ စက်ဖြင့် အရောင်းမြှင့်တင်ရာတွင် Discount Card ၊ Bonus Card ၊ Cash Card များ အသုံးပြုနိုင်ကြောင်း ၁-၈-၂ဝ၁၁ ရက်က သိရသည်။ ''စက်က Korea Product ပါ။ ဒီစက်က သုံးစွဲသူ ဘက်ကနေ ဝယ်ယူထားတဲ့ Account (စာရင်း) ကို Record(မှတ်သား) လုပ်ထားတယ်။ ပြီးရင် ကတ်ပေါ်မှာ သုံးစွဲသူ ရရှိတဲ့ Bonus Point တွေကို စာရင်းသွင်း ထားတယ်။ ဒါကြောင့် သုံးစွဲသူ အနေနဲ့ ကိုယ်ရရှိ တဲ့ Bonus Point ကို သိနေတဲ့ အတွက် စိတ်ကျေနပ်မှု ရရှိကာ ဆိုင်ပေါ်မှာလည်း ယုံကြည်မှုတွေ တိုးလာပြီး ဆက်လက် ဝယ်ယူချင်တဲ့ ဆန္ဒတွေ ဖြစ်လာပါမယ်'' ဟု အဆိုပါ စက်တင်သွင်းသည့် D.I.S ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အဆိုပါ စက်သည် ဈေးကွက် နည်းဗျူဟာ အမျိုးမျိုး အတွက် အသုံးဝင်ပြီး စရိတ် အကုန်အကျ သက်သာစွာ လိုသလို အသုံးပြုနိုင်ကြောင်း သိရသည်။ ''စက်ကို တစ်လုံးတည်း သီးသန့် သုံးလို့လည်း ရတယ်။ ကွန်ပျူတာနဲ့ တွဲဖက်ပြီးလည်း သုံးနိုင်တယ်။ စက်ထဲမှာ သုံးစွဲသူရဲ့ အချက်အလက်တွေကို မှတ်သား ထားနိုင်တယ်။ သုံးစွဲသူတွေကို ကျား၊ မ ခွဲပြီးဖြစ်ဖြစ်၊ ကတ်သုံးစွဲမှု အတိုင်းအတာကို ခွဲပြီး ဖြစ်ဖြစ် အသုံးပြုနိုင်ပြီး သုံးစွဲသူဆီကို SMS ပို့တာလည်း လုပ်နိုင်ပါတယ်'' ဟု ယင်းက ဆိုသည်။ ဆိုင်ခွဲများစွာ ရှိသော စတိုးဆိုင်များ ၊ Supermarket များတွင် ဆိုင်ခွဲတစ်ခု နှင့် တစ်ခု ချိတ်ဆက် အသုံးပြုနိုင်ပြီး သုံးစွဲသူနှင့် သက်ဆိုင်သော အချက်အလက်များကို Server သို့ ပေးပို့ ချိတ်ဆက် ထားခြင်းဖြင့် ရုံးချုပ် အနေဖြင့် ဆိုင်ခွဲများ၏ ကတ်များကို အလွယ်တကူ စစ်ဆေးနိုင်ကြောင်း၊ LAN ကြိုးကို ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရသည်။
အဆိုပါ စက်ကို သုံးစွဲရာတွင် မိမိကုန်ပစ္စည်းအား မကြာခဏ အရောင်းမြှင့်တင် တတ်သော စားသောက်ဆိုင်၊ Supermarket များ၊ ကိတ်မုန့်ဆိုင်၊ အလှကုန်ဆိုင်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော ယာဉ်မောင်း သင်တန်းများ၊ အင်တာနက် ဆိုင်များ၊ Marketing နှင့် ဆက်နွှယ်နေသော လုပ်ငန်းများ၊ ပုံနှိပ်မီဒီယာ လုပ်ငန်းများ စသည်တို့တွင် အသုံးပြုနိုင်သည့် အပြင် လုပ်ငန်းရှိ ဝန်ထမ်းများကို ထိန်းချုပ်ရာတွင် Bonus Card အဖြစ်လည်း သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....