နာဆာအဖွဲ့၏ အင်္ဂါဂြိုဟ် ဆင်းယာဉ်သည် သုံးနှစ်ကြာ ခရီးသွားပြီးနောက် အင်္ဂါဂြိုဟ် မျက်နှာပြင် ပေါ်ရှိ နေရာသစ် ဖြစ်သော အန်ဒင်းဗားဟု အမည် ပေးထားသော ချိုင့်ဝှမ်းကြီး ထဲသို့ ရောက်ရှိကာ ယခင်က မြင်ဖူးခြင်း မရှိသည့် ကျောက်တုံးများကို လေ့လာနေကြောင်း နာဆာအဖွဲ့က သြဂုတ်လ ၁ဝ ရက်နေ့တွင် ကြေညာ ခဲ့သည်။ ဂေါက်ကွင်းတွင် သုံးသည့် ယာဉ်ငယ် သာသာ ရှိသော ဂြိုဟ်ဆင်းယာဉ်သည် ၂၂ ကီလိုမီတာ (၁၄မိုင်) ကျယ်ဝန်းသော ချိုင့်ဝှမ်း အတွင်း နောင်နှစ် အနည်းငယ် အကြာ အထိ လေ့လာမှုများ ဆက်လက် ပြုလုပ်လိမ့်မည် ဟု ဆိုသည်။ နာဆာအဖွဲ့၏ Mars Reconnaissance Orbiter အာကာသယာဉ်သည် ၂ဝဝ၅ ခုနှစ် နှောင်းပိုင်း ကတည်းက အင်္ဂါဂြိုဟ်ကို လှည့်ပတ်လျက် ရှိပြီး ချိုင့်ဝှမ်းအတွင်း စိုစွတ်သည့် အနေအထားကို ဖြစ်ပေါ်စေသည့် ရွှံ့စေးများကို ရှာဖွေ တွေ့ရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....