Pages

Ads 468x60px

August 21, 2011

ကမ္ဘာ့အပါးလွှာဆုံး Graphene ဖြင့် ပိုမိုလျင်မြန်သည့် မျိုးဆက်သစ်ကွန်ပျူတာများကိုထုတ်လုပ်နိုင်ဖွယ်ရှိ

မျိုးဆက်သစ်ကွန်ပျူတာများနှင့် စမတ်ဖုန်းများကို graphene အမည်ရှိ ကမ္ဘာ့အပါးလွှာဆုံးအရာဝတ္ထုတစ်ခု အသုံးပြု၍ ထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းတို့ကို ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များကဆိုသည်။ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အီလက်ထရွန်များ၏ရွေ့လျားနိုင်စွမ်းသည် လက်ရှိကွန်ပျူတာများတွင် အသုံးပြုသည့် ဆီလီကွန်ချစ်ပ်များထက် graphene ပေါ်တွင် ပိုမိုလျင်မြန်ကြောင်း သိရသည်။ ကာဗွန်အက်တမ်တစ်လွှာမျှသာပါဝင်သည့် graphene ကို မန်ချက်စတာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ၂၀၀၄ ခုနစ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ၎င်းကို မျိုးဆက်သစ်အီလက်ထရွန်နစ်ပစ္စည်းများ၌ စတင်အသုံးပြုနိုင်ဖွယ်ရှိကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ လေ့လာချက်သစ်အရ အီလက်ထရွန်များသည် ပါးလွှာသည့်အရာပေါ်တွင် ပိုမိုလျင်မြန်စွာရွေ့လျားနိုင်ပြီး graphene ရှိ အီလက်ထရွန်များ၏ရွေ့လျားနှုန်းသည် အလွန်လျင်မြန်ကာ ရွေ့လျားနိုင်စွမ်းလည်းကြီးမားကြောင်း ပါမောက္ခ Kostya Novoselvo ကပြောကြားခဲ့သည်။ Graphene သည် ရူပဗေဒနယ်ပယ်အတွက် ကြီးမားသည့်ရလဒ်တစ်ခုဖြစ်ပြီး ပါမောက္ခ Novoselov နှင့် ပါမောက္ခ Andre Geim တို့ကလည်း နှစ်ဘက်မြင် graphene တစ်ခုနှင့် ပတ်သက်၍ လေ့လာချက်အသစ်များ ပြုလုပ်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်များကလည်း touchscreen ကွန်ပျူတာကဲ့သို့သော device များ၌ ဆီလီကွန်ချစ်ပ်များထက် graphene အသုံးပြုထုတ်လုပ်နိုင်မည့် နည်းလမ်းများရှာဖွေလျက်ရှိသည်။ ရေးသားသူ - ဟေမာ Ref: DailyMail

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....