ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေဂြိုဟ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး သုံးကြိမ် ဖြစ်ပွားခဲ့ပါတယ်...

နောက်ဆက်တွဲ သက်ရောက်မှုက အပူချိန်တွေ တိုးပြီး တစ်ကမ္ဘာလုံးမှာ သဘာဝဘေးတွေပိုလာနိုင်တယ်
လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်..
အဓိကကတော့ ဖြာထွက်မှုပေါ့ .. မြန်မာလိုဆိုရင် အပူထွက်တာပါ.. ဒီတစ်ခါဖြစ်တဲ့ ဖြစ်စဉ်က နဲနဲ ပြင်းထန်
တယ် ဒီရောင်ခြည်ကထွက်တဲ့ အပူတွေက ကမ္ဘာဆီကို ဦးတည်လာနေတယ်..ဒါပေမယ့် လေထုကိုဖြတ်ပြီး
ကမ္ဘာမြေဆီတော့ ရောက်အောင်မလာနိုင်ဘူး . ပညာရှင်တွေ အများဆုံး မျှော်လင့် ထားတာကတော့
ကမ္ဘာမြေ မှာ အပူချိန်တွေ မြင့်မားလိမ့်မယ်ဆိုတာပါပဲ..
နေဂြိုဟ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက ပေါက်ကွဲမှုကြောင့် ဖြာထွက်လာတဲ့ရောင်ခြည်တွေ လျှပ်စစ်စီးကြောင်းတွေဟာ
သေချာပေါက်ဖြစ်လာနိုင်ပါတယ်..ဒီလိုဖြစ်လာခဲ့ရင် လျှပ်စစ်သံလိုက်လှိုင်းတွေလာပြီး လျှပ်စစ်စက်ကွင်းတွေကို
ဖြစ်ပေါ်စေမှာပါ...အဲသည် လျှပ်စစ်သံလိုက်လှိုင်းတွေက ဆက်သွယ်ရေးစနစ်တွေကို ထိရင် ပြတ်တောက်သွား
နိုင်တဲ့အထိ ဖြစ်နိုင်တယ်..ဒါလတ်တလော ဖြစ်နိုင်ခြေရှိတဲ့ ဂယက်ပါ ... နောက်ဆက်တွဲတွေအနေနဲ့ အပူချိန်တွေ
တိုးလာမှာပါ... အပူချိန်တွေ တိုးလာတာနဲ့အမျှ သဘာဝဘေးကလည်း တိုးလာမှာပါ...
ပင်လယ်ရေတွေလဲ အပူချိန်တိုးလာလို့ မုန်တိုင်းတွေ ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်...
သည်လို နေပေါ်မှာ ထူးခြားတဲ့ ပေါက်ကွဲမှု(အပူဖြာထွက်မှု)တွေကို ၂၀၁၀ပြည့်နှစ်ကတည်းက စဖြစ်နေတာပါ...
နေဖြာထွက်မှုဖြစ်စဉ်(၅)ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်. အ ခု ၂၀၁၁ မှာပါ ထပ်ဖြစ်နေတော့
၂၀၁၂ အဆိုနဲ့ သွားကိုက်နေသလိုတောင် ဖြစ်နေကြောင်းဗျာ ....

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....