အလိုအလျှောက် ပဲထိန်းစနစ် (Automatic Navigation System) ဆိုသည်နှင့် လူအများတို့ မျက်စိထဲမှာ ချက်ချင်းမြင်စေသောအရာမှာ ကား (သို့) လေယာဉ် (သို့) သင်္ဘော တို့ကို အဝေးမှ ထိန်းချုပ်မောင်းနှင်ခြင်းပင်ဖြစ်သည်။ အချို့ သိပ္ပံနှင့် အလှမ်းမကွာသူများက ဂြိုဟ်တု များနှင့် ဒုံး များကို စပ်ဆက် တွေးတောကြသည်။ သိပ္ပံပညာတို့၏ ထုံးစံအတိုင်းပင် Automatic Navigation System ဆိုသည်မှာလဲ ကျယ်ပြန့်နက်နဲလှပေသည်။
ရွေ့လျှားနေသော ယာဉ်တစ်စီးအား အဝေးမှ ပဲ့ထိန်းနိုင်ခြင်းကို ပထမ ဆုံး မြေပြင်ပေါ်တွင် ကေဘယ် ကြိုးတန်းလန်း များဖြင့် စတင် အကောင်ထည်ဖော်ကာ စက်ရုပ်ငယ် (Robot) များဖြင့် စတင်ခဲ့သည်။ ထို့နောက် အတားအဆီး ကန့်သက်ချက်နည်းပါးသော လေထဲတွင် တွင်တွင်ကျယ်ကျယ် အကောင်ထည် ဖော်ခဲ့သည်။ AutoPilot (automated control
system which watches over an airplane while in flight) နှင့် Satellite Navigation System ( ဂြိုဟ်တုစနစ် ) များသည် Navigation System ၏ အကြီးဆုံး အောင်မြင်ခဲ့မှုများဖြစ်ပေသည်။ Navigation System ဖြင့် ကမ္ဘာပေါ်ရှိ လူသားများကို အကျိုးပြုသည့် ဂြိုဟ်တု အမျိုးအစားပေါင်းများစွာနှင့် မောင်းသူမဲ့ လေယာဉ်များကို သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။
လေထုထဲ စမ်းသပ်တီထွင်မှုများ အောင်မြင်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင်လည်း အသုံးပြုနိုင်ရန် မောင်းသူမဲ့ ကားများကို အသင့်အတင့် တီထွင်အောင်မြင်နေပြီဖြစ်သည်။
system which watches over an airplane while in flight) နှင့် Satellite Navigation System ( ဂြိုဟ်တုစနစ် ) များသည် Navigation System ၏ အကြီးဆုံး အောင်မြင်ခဲ့မှုများဖြစ်ပေသည်။ Navigation System ဖြင့် ကမ္ဘာပေါ်ရှိ လူသားများကို အကျိုးပြုသည့် ဂြိုဟ်တု အမျိုးအစားပေါင်းများစွာနှင့် မောင်းသူမဲ့ လေယာဉ်များကို သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။
လေထုထဲ စမ်းသပ်တီထွင်မှုများ အောင်မြင်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင်လည်း အသုံးပြုနိုင်ရန် မောင်းသူမဲ့ ကားများကို အသင့်အတင့် တီထွင်အောင်မြင်နေပြီဖြစ်သည်။

Robot ကားငယ်တစ်စီး

Robot ကားငယ် တစ်စီး (အတွင်းပိုင်း)
Unmanned on Ground
မြေပြင်ပေါ်သုံး မောင်းသူမဲ့ယာဉ် (Unmanned on Ground) သည် Navigation System ၏ အခက်အခဲဆုံးနှင့် အသုံးအဝင်ဆုံး ဖြစ်လာမည့် သုတေသန တစ်ခု ဖြစ်သည်။ အမေရိကန်နိုင်ငံ မီယ်လွန် တက္ကသိုလ် (Mellon University) ၏ National Robotics Engineering Center (NREC) မှ မောင်းသူမဲ့ စစ်သုံး ယာဉ် (unmanned ground combat vehicle (UGCV)) များကို နေ့စဉ်နှင့်အမျှ သုတေသန ပြုလုပ်လျှက်ရှိသည်။ မောင်းသူမဲ့ စစ်သုံး ကင်းလှည့်ယာဉ်များကို ၂၀၀၈ ခုနှစ် အေပရယ် လတွင် အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့သည်။
အမေရိကန် စစ်တပ်သည် အချိန်ကာလ အစောပိုင်းကတည်းကပင် မြေပြင်ပေါ်တွင် သုံးနိုင်သော အဝေးထိန်း ယာဉ်ငယ်များနှင့် Robots နည်းပညာအချို့ကို ကင်းလှည့် စောင့်ကြပ်ခြင်းလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ ကာကွယ်ရေးလုပ်ငန်းများ တွင် Navigation System အား ပိုမိုစိတ်ဝင်စားလာရခြင်းမှာ မိုင်းကွင်းများကို
ဖြတ်ကျော်ရမည့် အခြေအနေများ၊ ရှေ့တန်းစစ်မျက်နှာတွင် ပိတ်မိနေသော မိမိတပ်မတော်သားများကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် လိုအပ်သည့်အခြေအနေများ၊ သဘာဝအန္တရယ် (သို့) လူလုပ်အန္တရာယ် ရှိသည့် လမ်းများကို မဖြစ်မနေ ဖျက်ကျော်ရမည့်အခြေအနေများတွင် မဖြစ်မနေ အသုံးပြုရန် လိုအပ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်တွင် ဆင်ဆာနည်းပညာ (Sensor Technology) ဖြင့် အတားအဆီးများကို အသုံးပြုလာကြပြီဖြစ်ရာ အလွန် အန္တရာယ်ကြီးမားသာ ထိုအတားအဆီးကိုများကို ဖြတ်ကျော်နိုင်ရန် အတွက် Navigation System သုံး Robot များကို အသုံးပြုရပေမည်။
ဖြတ်ကျော်ရမည့် အခြေအနေများ၊ ရှေ့တန်းစစ်မျက်နှာတွင် ပိတ်မိနေသော မိမိတပ်မတော်သားများကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် လိုအပ်သည့်အခြေအနေများ၊ သဘာဝအန္တရယ် (သို့) လူလုပ်အန္တရာယ် ရှိသည့် လမ်းများကို မဖြစ်မနေ ဖျက်ကျော်ရမည့်အခြေအနေများတွင် မဖြစ်မနေ အသုံးပြုရန် လိုအပ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်တွင် ဆင်ဆာနည်းပညာ (Sensor Technology) ဖြင့် အတားအဆီးများကို အသုံးပြုလာကြပြီဖြစ်ရာ အလွန် အန္တရာယ်ကြီးမားသာ ထိုအတားအဆီးကိုများကို ဖြတ်ကျော်နိုင်ရန် အတွက် Navigation System သုံး Robot များကို အသုံးပြုရပေမည်။

မောင်းသူမဲ့ ကင်းလှည့်နှင့် ထောက်ပံ့ပို့ဆောင်ရေးယာဉ်

မောင်းသူမဲ့ ကင်းထောက်ယာဉ်

Big Dog ခေါ် သယ်ယူပို့ဆောင်ရေး Robot
Unmanned in Air
မောင်းသူမဲ့ ယာဉ်များကို မြေပြင်ပေါ်နှင့် ရေအောက်ထက် ကောင်းကင်ပေါ်တွင် ပိုမို အောင်မြင်အောင် စမ်းသပ်နိုင်သည်။ အဓိက အားသာချက်မှာ ရွေ့လျှားမှု လမ်းကြောင်းတစ်လျှောက် အတားအဆီး အနှောက်အယှက် နည်းပါးခြင်းနှင့် Signal အပေးအယူအတွက် ကြားခံ အတားအဆီး နည်းပါးသောကြောင့်ဖြစ်သည်။ နယူး မက္ကစီကို ပြည်နယ် (New Mexico State) ရှိ University's Physical Science Laboratory မှ ရေဒီယို စနစ်၊ အနီအောက်ရောင်ချည်သုံး ကင်မရာ များကို ထည့်သွင်း ထားသော မောင်းသူမဲ့လေယာဉ်များကို အီရက် စစ်ပွဲမတိုင်မီ သုတေသန ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် DARPA နည်းပညာများကို ထပ်ပေါင်း၍ အလေးချိန် တန် ၂၀ ကို အနည်းဆုံး ၇၄၀ ကီလိုမီတာထိ သယ်ယူနိုင်အောင် စီမံနိုင်ခဲ့သည်။

အသံထက်မြန်သော မောင်းသူမဲ့လေယာဉ် HTV-2 နှင့် HTV-3

အသံထက်မြန်သော မောင်းသူမဲ့လေယာဉ်များ အဆင့်ဆင့်ပြောင်းလဲလာပုံ

HTV-3X
Unmanned Aerial Vehicles (UAVs)
အစပိုင်းတွင် Auto Pilot စနစ်ကို အမေရိကန်နိုင်ငံ၌ အမေရိကန် ရေတပ်မှ ဦးစီးပြီး သုတေသန ပြုခဲ့သည်။ ထို့နောက် မိုင်းအန္တရာယ်များနှင့် အခြားထောင်ချောက် များအတွက် ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
DARPA နှင့် အမေရိကန် လေတပ် တို့ ပူးပေါင်း၍ Falcom (အပေါ်နှုတ်သီးတွင်ပါသော စောင်းမာများဖြင့် အမဲကို ကိုက်ဖြတ်တတ်သော သိမ်းငှတ်တစ်မျိုး) အမည်ဖြင့် အသံထက်မြန်သော မောင်းသူမဲ့လေယာဉ်ကို ပထမဆုံး တီထွင်ခဲ့သည်။ ထို
အသံထက်လျှင်မြန်သော လေယာဉ် (Hypersonic Technology Vehicle (HTV)) သည် ၁၂၀၀၀ ပေါင် ရှိပြီး မိုင် ၉၀၀၀ ကို ၂ နာရီခန့်ဖြင့် မောင်းနှင်နိုင်ခဲ့သည်။ ယခုအခါ ထို HTV ကို လေအား (သို့) နေရောင်ခြည်စွမ်းအင်သုံးပြီး မောင်းနှင်းထိန်းချုပ်ဖို့
ကြိုးစားလျှက်ရှိသည်။
အသံထက်လျှင်မြန်သော လေယာဉ် (Hypersonic Technology Vehicle (HTV)) သည် ၁၂၀၀၀ ပေါင် ရှိပြီး မိုင် ၉၀၀၀ ကို ၂ နာရီခန့်ဖြင့် မောင်းနှင်နိုင်ခဲ့သည်။ ယခုအခါ ထို HTV ကို လေအား (သို့) နေရောင်ခြည်စွမ်းအင်သုံးပြီး မောင်းနှင်းထိန်းချုပ်ဖို့
ကြိုးစားလျှက်ရှိသည်။

အီရက် စစ်ပွဲတွင် အမေရိကန်တို့ အသုံးပြုခဲ့သော မောင်းသူမဲ့ ကင်းထောက်လေယာဉ်

နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်
Unmanned under Water
မောင်းသူမဲ့ ရေငုပ်သင်္ဘော များသည် စစ်ဘက်နှင့် ရေအောက် သုတေသန လုပ်ငန်းများအတွက်သာ အသုံးဝင်ပြီး ပျက်စီး ပျောက်ဆုံးမှုများ မကြာခဏ ကြုံတွေ့ရသောကြောင့် သိပ္ပံပညာရှင်တို့ သည် ကောင်းကင်ပေါ်နှင့် မြေပြင်ပေါ်လောက် စိတ်ဝင်စားမှု နည်းကြသည်။ ၂၀၀၅ ခုနှစ် ဂျူလိုင် တွင် အမေရိကန် ရေတပ်မှ သမုဒ္ဒရာ ရေပြင်အောက်ရှိ တိရစ္ဆာန်များ၏ သေဆုံးမှုကို လေ့လာရန်အတွက် မောင်းသူမဲ့ ရေငုပ်သင်္ဘော Uunmanned Underwater Vehicles (UUVs) များကို စတင်တီထွင်အသုံးပြုခဲ့သည်။ ထို့နောက် အားနည်းချက်များကို ပြင်ဆင်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ပိုမိုကောင်းမွန်အောင် တီထွင် အသုံးပြုခဲ့သည်။ မောင်းသူမဲ့ ရေငုပ်သင်္ဘောများသည် အလေးချိန် အရွယ်အစား အမျိုးမျိုးရှိကြပြီး အသေးဆုံး ၂၅ ပေါင်မှ အကြီးဆုံး ပေါင် ၂၅၀၀၀ ထိ ရှိသည်။ ရေအောက်တွင် ဖြစ်သောကြောင့် ကမ္ဘာ့ဆွဲအား မြေပြင်ပေါ်လောက် ထည့်သွင်း စဉ်းစားရန်မလိုပေ၊ အကြီး အသေး ကို စိတ်ကြိုက် ပုံဖော်နိုင်သည်။ မနှစ်က နောက်ဆုံး ထုတ်လုပ်ခဲ့သော မောင်းသူမဲ့ ရေငုပ်သင်္ဘော (Long-Term Mine Reconnaissance System (LMRS)) သည် အချင်း ၂၁ လက်မရှိပြီး အရှည် ၃ မီတာ ကျော် ရှိသည်။

မောင်းသူမဲ့ ရေငုပ်သင်္ဘော UUV
DARPA
Navigation System ၏ နောက်ဆုံး အောင်မြင်မှုကို မေးပါက DARPA အကြောင်းကို ပြောရပါလိမ့်မည်။ DARPA ဆိုသည်မှာ (Defense Advanced Research Projects Agency) ဖြစ်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ အရေးအပါဆုံး အေဂျင်စီ အဖွဲ့များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အေဂျင်စီ ၏ ရည်ရွယ်ချက်မှာ အဆင့်မြင့်နည်းပညာများကို ထိန်းသိမ်းရန်နှင့် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုမည့် ရှာဖွေမှုများအတွက် သုတေသန ပြုလုပ်ရန်ဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံပြီး နည်းပညာပြပွဲများ၊ ပြိုင်ပွဲများကို အေဂျင်စီ က အလျှင်းသင့်သလို ကျင်းပပေးခဲ့သည်။ DARPA တွင် အခြေခံအကျဆုံးနှင့် အရေးအပါဆုံး နည်းပညာမှာ Autonomous Ground Vehicles ဖြစ်သည်။

အလိုလျှောက် မောင်းနှင်သော ယာဉ် ၏ နည်းပညာနောက်သို့ ကမ္ဘာ့နိုင်ငံတော်တော်များများ လိုက်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ အမေရိကန်နိုင်ငံက ၁၉၅၀ ကျော်ကတည်းက သုတေသန ပြုခဲ့သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံသည် ၁၉၇၇ ခုနှစ်ကတည်းက စတင်သုတေသနလုပ်ခဲ့သည်။ ဂျာမနီနိုင်ငံမှ (Ernst Dickmanns နှင့် VaMP)၊ အီတလီနိုင်ငံမှ (the ARGO Project) ၊ ဥရောပ သမဂ္ဂမှ EUREKA Prometheus Project (PROgraMme for a European Traffic of Highest Efficiency and Unprecedented Safety,1987–1995) ၊ စသည့် project များကို စီမံကိန်းချ၍ သုတေသနများ အသီးသီး လုပ်ဆောင် ခဲ့ကြသည်။ အခြားနိုင်ငံပေါင်းများစွာကလည်း အသီးသီး သုတေသန လုပ်ခဲ့ကြသည်။
DARPA အေဂျင်စီ က ကမကထ ပြုလုပ်ပြီး မောင်သူမဲ့ ကား များအား ပြိုင်ပွဲများ ကို ၂၀၀၄ မတ်ခ်ျ လ ၁၃ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၀၅ ခုနှစ် အောက်တိုဘာ လ ၈ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ တွင် တစ်ကြိမ် ပြုလုပ်ကျင်းပပေးခဲ့သည်။ ပထမ ဆုကို ဒေါ်လာ ၂ သန်းထိ ချီးမြင့်ပေးခဲ့သည်။ ယခင်က ပေါင် ၁၈၀၀ ရှိသော ယာဉ်ကို ယခင်က တစ်နာရီလျှင် ၅ မိုင် မောင်နှင်နိုင်ခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် မိုင် ၆၀ ကို ၆ နာရီနှင့် မောင်းနှင်ပြသနိုင်ခဲ့သည်။

DARPA မှ ပြိုင်ပွဲဝင် ကားတစ်စီး
DARPA ၏ ပဲ့ထိန်းစနစ်တွင် အရေးပါဆုံး နည်းပညာမှာ Micro Inertial Navigation Technology (MINT) ဖြစ် ပြီး တည်နေရာခန့်မှန်းတွက်ချက်သည့် စနစ် နှင့် ပဲထိန်း စနစ်များကို အခြေခံသည်။ အဓိက အနှစ်သာရမှာ Tracking System (ထပ်ကြပ်မကွာ လိုက်သောစနစ်) ဖြစ်သည်။ စစ်ရေးနှင့် အခြား ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးအဝင်ဆုံး စနစ်ဖြစ်သည်။
ဤနည်းပညာသည် ရွှေ့လျှားမှုများကို အနုစိတ် တိတိကျကျ တွက်ချက်ပြီး စီမံခန့်ခွဲရသည်။ မြေပုံပေါ်တွင် လှုပ်ရှားနေသော ယာဉ်နောက်သို့ ထပ်ကြပ်မကွာလိုက်သည့် နည်းပညာနှင့် ပြင်ပရှိ မူရင်းတည်နေရာအမှန်ကို တိတိကျကျ မြေပုံပေါ်တွင် ဖော်ပြသော စနစ် နှစ်ခုကို ပေါင်းထားခြင်းဖြစ်သည်။ Autonomous Vehicle နည်းပညာအတွက် အသိဥာဏ်၊ မောင်သူကိုယ်စား ဝင်ရောက်ထိမ်းချုပ်မည့်စနစ်၊ တိကျသေချာသော စေခိုင်းမှု နှင့် လုံခြုံချောမွေ့မှု့၊ လိုအပ်ချက်အတိုင်း တိတိကျကျ မောင်းနှင်နိုင်မှု စသည့် စနစ် များကို တိတိကျကျ အချိတ်ဆက်မိအောင် စီမံရသည်။
DARPA အေဂျင်စီမှ ၂၀၀၇ ခုနှစ်က ပထမ ရရှိသော ကား ကို ဒေါ်လာ ၂ သန်း၊ ဒုတိယ ဒေါ်လာ ၁ သန်းနှင့် တတိယ ဒေါ်လာ ၅ သောင်း ချီးမြင့်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ် တွင် ဆုရရှိခဲ့သောကား “Boss” ကို အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သော Carnegie Mellon မှ ပညာရှင် လူငယ်များက တီထွင်ထုတ်လုပ်ခဲ့သည်။ ၎င်း၏ လျှပ်စစ်ထုတ်ကိရိယာ (generator) တွင် Blade ပြား ၁၀ ခု တပ်ဆင်ထား ပြီး Blade တစ်ခုတွင် Intel Core 2 Duo, running at
2.16GHz ရှိသော processor ၁ ခု စီ တပ်ဆင်ထားသည်။ လုံလောက်သော အအေးဓာတ်ရရှိစေရန် လေအေးပေးစနစ် (air conditioning system) ပါရှိပြီး Control လုပ်ရန်အတွက် Sensors လိုင်းပေါင်း 250,000 ကျော်အသုံးပြုထားသည်။ ပေါင် ၁၀၀၀ ကျော် အလေးချိန်ရှိပြီး ထိန်းချုပ်မှုနှင့်လွတ်သွားပါက အလိုလို ရပ်တန့်သွားစေရန် တီထွင်ထားသည်။ DARPA က ၂၀၁၅ ခုနှစ်တွင် လူလုံးဝ ထိန်းချုပ်ပေးရန်မလိုသော မောင်သူမဲ့ကားများ တီထွင်နိုင်မည်ဟု ကြွေးကြော်ထားသည်။
2.16GHz ရှိသော processor ၁ ခု စီ တပ်ဆင်ထားသည်။ လုံလောက်သော အအေးဓာတ်ရရှိစေရန် လေအေးပေးစနစ် (air conditioning system) ပါရှိပြီး Control လုပ်ရန်အတွက် Sensors လိုင်းပေါင်း 250,000 ကျော်အသုံးပြုထားသည်။ ပေါင် ၁၀၀၀ ကျော် အလေးချိန်ရှိပြီး ထိန်းချုပ်မှုနှင့်လွတ်သွားပါက အလိုလို ရပ်တန့်သွားစေရန် တီထွင်ထားသည်။ DARPA က ၂၀၁၅ ခုနှစ်တွင် လူလုံးဝ ထိန်းချုပ်ပေးရန်မလိုသော မောင်သူမဲ့ကားများ တီထွင်နိုင်မည်ဟု ကြွေးကြော်ထားသည်။

Boss



Tracking System
Tracking System သည် လေထဲတွင်ဖြစ်စေ၊ ကုန်ပေါ်တွင်ဖြစ်စေ၊ ရေထဲတွင် ဖြစ်စေ တည်နေရာ GPS ၏ အကူအညီကိုယူ၍ တည်နေရာကို တိတိကျကျ ပြသနိုင်ရန်နှင့် ထပ်ကြပ်မကွာ လိုက်လံထိန်းချုပ်နိုင်ရန် ပြုလုပ်ထားသော စနစ် ဖြစ်သည်။ ထပ်ကြပ်မကွာ လိုက်ခြင်း၊ အကွက် တစ်ကွက်မှ တစ်ကွက် (တစ်နေရာမှ တစ်နေရာခြင်း) စနစ်တကျ ရွေ့လျှားမှု၊ အလျှင်တဖြည်းဖြည်း မြင့်မားလာမှု နှင့် ပဲ့ထိန်းမှု ကို လုပ်ဆောင်ရာတွင် Tracking System က အလွန် အရေးပါလှသည်။ Tracking & Navigation (တည်နေရာရှာဖွေခြင်း၊ ထပ်ကြပ်မခွာလိုက်ခြင်း၊ ပဲထိန်းခြင့်း) အတွက် ကမ္ဘာ့နေရာပြစနစ် (GPS) ကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် စစ်ဖြစ်လျှင် GPS အသုံးပြုခွင့်ကို ပိတ်ခံရမည်ဖြစ်သောကြောင့် GPS အစား နေရာပြစနစ် တစ်ခု အစားထိုးရန် စဉ်းစားဖို့လည်း လိုအပ်ပေသည်။

GPS Receiver များ

Israel G-Nius UGS - Avantguard UGCV, Guardium LS UGV & Guardium UGV
အမေရိကန် သမ္မတ အိုဘားမှား အရူးထခဲ့သည် ဆိုသော Boston Dynamics Big Dog
Robotic UAV Prototype Animation
DARPA Falcon hypersonic X-plane
AUV Guide-Introduction
The DARPA Geand Challenge 2005
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....