Pages

Ads 468x60px

December 29, 2010

Face Book သုံးစွဲသူ မြန်မာလူမျိုး ခုနှစ်သောင်း ကျော်ရှိ


ယခုတစ်ပတ် လူကြိုက်များ နေသည့် "The Social Network" အမည်ရှိ ရုပ်ရှင်ကား ထဲမှ ဖေ့ဘွတ် တည်ထောင်သူ ရှောင် ပတ်ကား အဖြစ် သရုပ်ဆောင်သူ ဂျပ်စတင် တင်ဘာလိခ် နှင့် မာခ် ဇာက်ကာဘာဂ် အဖြစ် သရုပ်ဆောင်သူ ဂျက်ဆီ အိုင်ဆင်ဘာဂ် ..


အမေရိကန် နိုင်ငံတွင် အခြေစိုက် သည့် အင်တာနက် လူမှုကွန်ယက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် Face Bookတွင် မြန်မာလူမျိုးအသုံးပြုသူပေါင်း (မွေးဖွားရာနိုင်ငံ-မြန်မာ) ဖြင့် ဖွင့်ထားသူပေါင်း ခုနှစ်သောင်း
ကျော်ရှိသွားပြီ ဖြစ်ကြောင်း Face Book မှတာဝန်ရှိ သူ တစ်ဦးက Freedom News
Group သို့ ပြောသည်။
မက်ဆာချူးဆက် ပြည်နယ် ကမ်းဘရေခ်ျ တက္ကသိုလ် တွင် စတင်ခဲ့သည့် Face Book အမည်ရှိ အင်တာနက်
လူမှုကွန် ယက် ကို မာခ် ဇာက်ကာဘာဂ် ဆိုသည့် လူငယ်တစ်ဦးက ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီတွင် စတင်တည်
ထောင်ခဲ့ခြင်းဖြစ်သည်။


Seven,Panic Room,The Curious Case of Benjamin Button စသည့်ဇာတ်ကားများ ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဒေးဗစ် ဖန်ရှ်ရှာ ၏ The-Social-Network
အမည်ရှိ ရုပ်ရှင် ဇာတ်ကား ပိုစတာ...


လက်ရှိတွင် သုံးစွဲသူ ဦးရေ သန်း ၅၀၀ ကျော်ရှိ သော
Face Book Inc သည် မြန်မာလူငယ်တို့ ၏ အကြိုက်
ဆုံး လူမှု ကွန်ယက် တစ်ခုလည်းဖြစ်သည်။
အမေရိကန် နိုင်ငံ ဘော်စတွန် တွင် ဆယ်စုနှစ် နှစ်စုနီးပါး နေထိုင်လာခဲ့သည့် ကိုမျိုးအောင် က သူ၏ ကွဲကွာ
နေသာ မြန်မာ နိုင်ငံမှ သူငယ်ချင်းများ ကို Face Book တွင်ပြန်တွေ့ ရသည့် အတွက် အထူးပင် ပျော်ရွင်မိသည်
ဟု ဆိုသည်။
Face Book လူမှုကွန်ယက် အား မြန်မာလူငယ်များ အားတက်သရော သုံးစွဲမှု မှာ ၂၀၀၉ ခုနှစ် မှ စတင်သော်
လည်း နေ့ စဉ် မြန်မာ လူမျိုး User အသစ် ၀င်ရောက်မှု မှာ နေ့ စဉ် ၂၀၀ ကျော်ခန့် ရှိပြီး ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ နှစ်ဆန်း ပိုင်းကာလ က တစ်နေ
့လျှင် မြန်မာ ပြည် နေရပ် လိပ်စာဖြင့် အကောင့်သစ် ဖွင့်မှု မှာ ၆၀၀ ခန်
့ထိပင် ရှိသည် ဟု သိရသည်။
ပြည်ပနေ မြန်မာ လူမျိုးများ လည်း Face Book ကို အသုံး
ပြုကြကာ ယခု အခါ Face Book သည် မြန်မာလူမျိုး
တို့ ၏ သတင်း စီးဆင်းမှု ဗဟိုချက်မ တစ်ခု အဖြစ် ရပ်တည် နေပြီ ဖြစ်သည် ဟု နယူးယောက် မြို့ နေ ကိုဘကောင်း ကပြောသည်။
မြန်မာ လူမျိုးတို့ Face Book ကို ကနဦး စတင် သုံးစွဲ ခါစက မိမိ၏ ကိုယ်ရေးကိုယ်တာ စာမျက်နှာ တစ်ခု
အဖြစ်သာ အသုံးချ ခဲ့သော် လည်း နောက်ပိုင်း တွင် မိမိ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်း များ ၊ အဖွဲ့ အစည်း
များ ၊ ၀န်ဆောင်မှုများ အတွက် Fan Page များ ဖွင့် လှစ်ကာ Face Book အဖွဲ့ ဝင် အချင်းချင်း ဆွဲဆောင်မှုပြု
ခဲ့ကြသည်။
နာရေးကူ ညီမှု အသင်းအား တည်ထောင်သည့်ရုပ်ရှင် သရုပ်ဆောင် ကျော်သူ ၏ Face Book page တွင် ပရိသတ် နှစ်သောင်း နီးပါးရှိ သည်။ ထင်ရှားသော မြန်မာ စာရေးဆရာများ၊သရုပ်ဆောင် နှင့် အဆိုတော်များ
မှာ လည်း Face Book သို့ ဝင်ရောက်ကာ ၎င်း တို့ ၏ ပရိသတ် နှင့် ထိတွေ့ ကြသည်။
နိုင်ငံတကာတွင် Face Book ကြောင့် ဆိုးကျိုး၊ကောင်းကျိုးများ ပေါ်ပေါက်နေသော် မြန်မာ သုံးစွဲသူများ
အနေဖြင့် သိသာ သော ဆိုးကျိုး များ မဖြစ်ပေါ်သေး ဟု မြန်မာ ဘလောက် ဂါတစ်ဦးက ပြောသည်။
Face Book အား မြန်မာလူမျိုးသုံးစွဲ သူများ က သတင်းမျှဝေရန် အတွက် အသုံးပြုကြသည်။မြန်မာ စစ်အစိုးရ
က Face Book ကို တရားဝင် အသုံးပြုခွင့်အား နိုင်ငံတွင်း ဉ် ပိတ်ပင်ထားခြင်းမရှိသော် လည်း တရုတ်၊အီရန်၊ဗီယက်နမ်၊မြောက်ကိုရီးယား၊တရုတ်
စသည့် နိုင်ငံများက ပိတ်ပင်ထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည့် လူငယ် ကိုယ်စားလှယ် တစ်ဦးမှာ လည်း သူ၏ ပရိသတ် ကို
Face Book မှ တစ်ဆင့်စည်းရုံးသည် ဟု ဆိုသည်။ ရန်ကုန်မြို့ မှ စေတနာ့ဝန်ထမ်း လူငယ်များ မှာ သူတို့ ၏
အဖွဲ့ မှာ လုပ်ဆောင်မှု များ ကို Face Book တွင် အသိပေးထားရာမှ နိုင်ငံတကာမှ လည်း သိလာကာ
အကူအညီ များ လည်းရရှိသည် ဟု ဆိုသည်။
မြန်မာ လူမျိုး တို့ အသုံးများ သည့် အခြား လူမှုကွန်ယက်များ မှာ Twitter,Stumble Upon နှင့် Plaxo
တို့ ဖြစ်သည်။Face Book သည် အင်တာနက် လူမှု ကွန်ယက် သမိုင်း တစ်လျှောက် တွင် မြန်မာ လူမျိုး
တို့ အသုံး အများ ဆုံသော Social Network ဖြစ်သည်။
Face Book လူမှုကွန်ယက် အကြောင်း The Social Network အမည်ရှိ ရိုက်ကူးထားသည့် ဇာတ်ကားမှာ
အမေရိကန် နိုင်ငံတွင် လူကြိုက်များ လျှက်ရှိသည်။

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....