အလွန်မြန်ဆန်သော
ဆက်သွယ်ရေး စနစ် တစ်ခုဖြစ်သော Fiber ဆက်ကြောင်း တစ်ခုတည်း ပေါ်တွင်
ပြည်တွင်း ပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုများနှင့် ရုပ်သံလိုင်းများကိုပါ
ဖမ်းယူကြည့်ရှု နိုင်မည့် အင်တာနက်ဝန်ဆောင်မှု ဖြစ်သော Fiber to the Home
နည်းစနစ်ကို လာမည့် ဇူလိုင်လ ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့၌
တပ်ဆင်ပေးလာဖွယ်ရာ ရှိသည်ဟု သတင်းရရှိပါသည်။ ဆက်သွယ် ရေးနှင့် ဖျော်ဖြေရေး
ဝန်ဆောင်မှုများစွာကို အသုံးပြုနိုင်မည့် Fiber to The Home စနစ်အား
ရန်ကုန်မြို့တွင်းတွင် စတင် တပ်ဆင်ပေးမည် ဆိုပါက ကွန်ဒိုများနှင့်
လုံးချင်း အိမ်ရာ များတွင် ဦးစားပေး တပ်ဆင်သွားဖွယ်ရာ ရှိကြောင်း
သိရှိရပါသည်။ Fiber ဆက်ကြောင်းများကို သုံးစွဲသောနေရာအထိ ရောက်အောင်
ဆွဲယူရန်အတွက်မှာ နေရာတိုင်းတွင် အဆင်မပြေ နိုင်သဖြင့် လူနေ မထူထပ်သော
နေရာများကို အဓိက ရွေးချယ်ရခြင်းဖြစ်ပြီး ဆက်သွယ်ရေးရုံးနှင့်
လျှပ်စစ်ရုံးတို့ဖြင့် ပူးပေါင်း လုပ်ကိုင်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Fiber To The Home ဟုခေါ်တွင်သော Triple Play Service (နည်းစနစ် ၃ မျိုး
ဝန်ဆောင်မှု) ဖြစ်သည့် နည်းစနစ် ဆက်သွယ်မှုအား မန္တလေးတိုင်းတွင်လည်း လာမည့်
ဇွန်လခန့်တွင် ဝန်ဆောင်မှု ပေးသွားဖွယ်ရာ ရှိပြီး အဆိုပါ ဝန်ဆောင်မှုက
ဆောင်ရွက်နေသော ကုမ္ပဏီမှာ ရတနာပုံ တယ်လီပို့စ် ကုမ္ပဏီ လီမီတက် ဖြစ်ကြောင်း
သိရှိရပါသည်။
http://www.enjoy.net.mm/news/local/view.php?id=1768 မှကူးယူပါသည်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....