Pages

Ads 468x60px

December 30, 2010

မိမိ Bloack ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း

သူငယ်ချင်းတစ်ယောက်ရဲ့ ဖော်ဝပ်မေးလ်လေးပါ။
အားလုံးအဆင်ပြေကြပါစေ။
အမြင်ကပ်နေသူတွေကို နှိပ်ကွပ်နည်းလေးပေါ့...PPP

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင်
မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove
လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat
လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ
ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင်
သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click
နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော
Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။
တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို
မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့
Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည်
ကျန်ရှိတော့မည် မဟုတ်တော့ပါ။.
.


အားလုံးအဆင်ပြေနိုင်ကြပါစေ။ဒီ Post လေးမှာ အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ။
အဆင်ပြေခဲ့ရင် သူငယ်ချင်းတွေကို share ပေးပါ။ ..



No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....