ပထမဦးဆုံးအနေနဲ. ကိုယ်ရဲ့ pen drive(Memory Stick) ထဲကဖိုင်တွေကို
တနေရာမှာ Backup လုပ်ပြီး Format ရိုက်ထားပါ။ ပြီးရင် start ထဲကနေ run
ထဲမှာ cmd ဆိုပြီး အန်တာခေါက်။
convert e: /fs:ntfs ဆိုပြီး အန်တာခေါက် e: ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Pen
Drive(Memory Stick) Latter ကိုရေးပေးရမှာနော်။ သူ. ဘာသာ NTFS File system
ပြောင်းသွားလိမ့်မယ်။
ပြီးရင်။ ကိုယ့်ထည့် ချင်တဲ့ ဒေတာတွေကို ကိုယ် Pen Drive(Memory Stick)
ထဲကို ပြောင်းထည့်လို.ရပါပြီ။ ပြီးရင် My computer ထဲမှာ Tools ထဲက Folder
Option ကိုဖွင့်ပါ။
View Tab ထဲမှာ ဟိုး အောက်ဆုံးက Use simple file sharing ဆိုတာကို
အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။ ပြီးရင် My computer ထဲက
ကိုယ်ရဲ့ Pen Drive(Memory Stick) ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties
လိုပြောပေးပါ။ security Tab ထဲမှာ ပုံမှန်အားဖြင့် Full control
ဖြစ်နေလိမ့်မယ်။ အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။
write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။
အားလုံးပြီးသွားရင်တော့ ကိုယ်က Full Control ပြန်မလုပ်သရွေ. ဖိုင်တွေ
ထပ်ထည့်လို.မရတော့ပါဘူး။
အထဲက ဖိုင်တွေကိုတော့ ပုံမှန်ယူသုံးလို. ရနေမှာပါ။
August 9, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....