skip to main |
skip to sidebar
Myanmar Blogဆိုက်ဖန်တီးနည်း
How to Make Myanmar Blogဆိုက်ဖန်တီးနည်းလေးပါ
How to Make Myanmar Blog
မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်
ညီလင်းဆက်
သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း
အဆင့် (၁)
Create Google Account
ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail
Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ
ရယူနိုင်သည်။
https://www.google.com/accounts/ManageAccount
အဆင့် (၂)
First Step to Blog
www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။
How to Make Myanmar Blogဆိုက်ဖန်တီးနည်းလေးပါ
How to Make Myanmar Blog
မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်
ညီလင်းဆက်
သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း
အဆင့် (၁)
Create Google Account
ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail
Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ
ရယူနိုင်သည်။
https://www.google.com/accounts/ManageAccount
အဆင့် (၂)
First Step to Blog
www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။
အဆင့် (၃)
Name Your Blog
သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို
ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော
နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား
ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး
ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင်
ရှင်းပြသွားပါမည်)
သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍
ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check Availability ဆိုသည်ကို
နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင်
အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။
အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။
အဆင့် (၄)
Choose Template….ဆက်ကြစို့ဗျာ…….
How to Make Myanmar Blogဆိုက်ဖန်တီးနည်းလေးပါ
အဆင့် (၄)
Choose Template
ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template
ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား
အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး
အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။
ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ
ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း
အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting
ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။
အဆင်ပြေကြပါစေဗျာ..ပုံတင်ပေးတာကအဆင်မပြေသေးလို့နောက်နေ့ကော်နက်ရှင်ကောင်းတဲ့အခါပြန်တင်ပေးပါ့မယ်နော်
လိုအပ်ချက်တွေကိြုောပထားခဲ့ ကြပါအုံေးန်ာဗျခင်မင်လေးစားစွာဖြင့် နေလင်းဖြိုး
အဆင့် (၅)
အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း
ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက
အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန်
ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။
အထက်ပါပုံတွင် အပြာရောင် ပြထားသော နေရာတွင် သင်ရိုက်လိုသော စာသားများကို
ရိုက်ရန် ဖြစ်ပါသည်။ ပြီးလျှင် အောက်ဆုံးမှ အစိမ်းရောင်နှင့် ပြထားသော
Publish Post ဆိုသည့် ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုအခါ သင့်တွင်
ပထမဆုံးပိုစ့် (စာမူတစ်ခု) ဝဘ်ပေါ်သို့ တင်ပြီးသွားပြီ ဖြစ်ကြောင်းကို
အောက်ပါအတိုင်း အကြောင်းကြားပါလိမ့်မည်။
ထိုအဆင့် ပြီးဆုံးသွားလျှင် View Blog ဆိုသည်ကို နှိပ်ကြည့်ခြင်းဖြင့်
သင်၏ ဘလော့ဂ်ကို အင်တာနက် စာမျက်နှာပေါ်တွင် အောက်ပါကဲ့သို့ တွေ့ရမည်
ဖြစ်ပေသည်။
ပထမအဆင့် သာမန်ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်း ပြီး၏။နောက်တွက်
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....