Standard View ဆိုရင်တော့ Account Setting ကိုအရင်ဝင်ရတယ် ပြီးမှ Gmail ဆိုတဲ့ icon လေးဘေးက Setting ကို နှိပ်ပါ။
ပြီးရင် Setting ထဲက Labs ဆိုတာလေးကို ဝင်လိုက်ပါ။
အဲဒီထဲက Multiple Inboxes ဆိုတာလေးကိုရှာပြီး သူ့ဘေးက Disable ဖြစ်နေတာလေးကို Enable ပေးလိုက်ပါ။ ပြီးရင် အောက်ဆုံးက Save Change ကိုနှိပ်ပါ။
ပြီးရင် ပထမဆုံးကလုပ်သလိုပဲ Gmail ရဲ့ Setting ကိုပြန်ဝင်ပါ။
အဲဒီမှာ Multiple Inboxes ဆိုတာလေး ကို ဝင်လိုက်ပါ။
အဲ့ထဲကိုဝင်လိုက်ရင် အဲဒီထဲက search query ရဲ့အောက်က box လေးတွေထဲမှာ ကိုခွဲထားချင်တဲ့ဟာကို ရိုက်ထည့်ပေးပါ။ ဥပမာ။ ။ ကိုယ်က ကိုယ့်ကောင်မလေးရဲ့ မေးလ်ကို ထားချင်တယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးရဲ့ email လိပ်စာကိုရိုက်ထည့်လိုက်ပေါ့ဗျား …မဖတ်ရသေးတဲ့စာတွေဆိုရင်တော့ is:unreadလို့ရိုက်ထည့်ပေးလိုက်ပေါ့။ မပို့ဖြစ်ပဲသိမ်းထားတဲ့စာတွေကိုပါခွဲထုတ်မယ်ဆိုရင်တော့ is

ကျန်တဲ့ starred,trashs,chat chat, sent mail, spam စတာတွေကိုလည်းခွဲထုတ်လို့ရပါသေးတယ်။ အများဆုံး 5
ခုအထိခွဲထုတ်လို့ရပါတယ်။
Search query ရဲ့ ဘေးက Panel title(optional) မှာတော့ ကိုယ်ခွဲထားတဲ့ Inbox မှာပေါ်ချင်တဲ့ Title ကိုရိုက်ရမှာပါ။ အဲဒါကတော့ မထည့်လည်းရပါတယ်။
အဲဒီအောက်က Maximum page size မှာတော့ ဒီစာမျက်နှာမှာ mail ဘယ်နှဆောင်ပြမလည်းဆိုတာကို သတ်မှတ်လို့ရပါတယ်။
အဲဒီအောက်မှာကတော့ အခုကိုယ်ခွဲလိုက်တဲ့ Inbox ကို ဘယ်နားမှာထားချင်လည်းဆိုတာရွေးပါ။ ပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
ကဲပြီးရင် ကြည့်လိုက်တော့ ကိုယ်ခွဲထားတဲ့Inbox လေးတစ်ခု ထွက်လာပြီဆိုတာမြင်ရမှာပါပဲ။
ကိုယ့်ချစ်သူရဲ့ စာတွေကို သီးသန့်ထည့်ထားချင်တဲ့လူတွေတို့ အလုပ်ကိစ္စ စာတွေကို သီးသန့် ဖတ်ချင်တဲ့လူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။ အောက်မှာ ပုံလေးတွေကို တင်ပေးပါမယ်။ အခုစာနဲ့ပြောတာမရှင်းရင် အဲဒီ link ကနေ download လုပ်ပြီးကြည့်ကြည့်ပါ။ ဒီမှာပုံတင်ရင် သေးနေလို့ မမြင်ရမှာဆိုးလို့ပါ။ ကျေးဇူးတင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။
ကျွန်တော် လုပ်ထားတာလေး အစမ်းကြည့်ချင်ရင် အောက်က link ကို download လုပ်ပြီးကြည့်ကြည့်ကြပါ။
Click Here To Download
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....