ဒီနည်းလေးကတော့ အားလုံးအတွက်အသုံးဝင်မယ်ထင်ပါတယ်။
ဒီတိုင်းကြည့်လိုက်ရင်တော့ ဓါတ်ပုံပဲပေါ့ဗျာ။ ဒါပေမယ့် အဲဒီဓါတ်ပုံထဲမှာ
ကိုယ့် files တွေရှိတယ်ဆိုတာ ဘယ်သူမှမသိတော့ဘူး။ ကိုယ်ပဲသိတာလေ။
အဲဒီနည်းလေးကိုပြောပြချင်တယ်ဗျာ……
လုပ်နည်းလေးကတော့..
ပထမဆုံး My Computer ထဲက Drive တစ်ခုခုကိုဝင်လိုက်ဗျာ။ ပြီးရင် အဲဒီထဲမှာ
Folder အသစ်တစ်ခုဆောက်လိုက်။ အဲဒီ Folder ထဲမှာကိုယ်ဖွက်ထားချင် တဲ့ file
ကို win rar နဲ့ချုံ့ပြီးထည့်လိုက်။ ပြိးရင် ပုံတစ်ပုံကိုပါ အဲဒီ Folder
ထဲကိုထည့်လိုက်။
ပြီးရင် run ထဲကနေ command prompt ကိုဝင်ပါ။ ပြီးရင် ကိုယ် ခုနာဝင်ထားတဲ့
Drive လမ်းကြောင်းကိုပြောင်းပါ။ ဥပမာ။ ။ ခုနာက အသစ်ဆောက်ထားတဲ့ Folder
ကိုထည့်ထားတာက D: လို့ပဲထားပါတော့ဗျာ။ ဒါဆို Cmd မှာ D: လို့ရိုက်ပြီး
Enter ခေါက်လိုက်။ အဲဒါဆို D: ထဲကိုရောက်သွားမယ်။ ပြီးရင် ခုနာအသစ်ဆောက်တဲ့
Folder ထဲကို ထပ်ဝင်ရမယ်။ ဘယ်လိုဝင်ရမလည်းဆိုတော့ Folder နာမည်က Test
လို့ပဲထားပါတော့။ အဲဒါဆို cd Test လို့ရိုက်လိုက်။ အဲဒါဆို Test Folder
လမ်းကြောင်းကိုရောက်သွားမယ်။ ကဲ အခုမှ လုပ်နည်းကစမှာဗျ
စာတွေအများကြီးဖတ်ရလို့စိတ်မရှည်တော့ဘူးလားဗျ။ မသိသေးတဲ့လူတွေ
မလုပ်တတ်မှာဆိုးလို့ အသေးစိတ်ပြောပြနေတာပါဗျာ။ ကဲ စကားမရှည်တော့ဘူး
ဆက်ပြောမယ်နော်…
အဲဒီ Test Folder ထဲမှာ ခုနာကထည့်ထားတဲ့ ပုံတစ်ပုံနဲ့ rar file
တစ်ခုရှိနေပြီနော်။ ပုံနာမည်က image.jpg ပဲထားပါတော့။ rar file နာမည်ကတော့
test.rar ပေါ့ဗျာ။ ဒါဆို Cmd ထဲမှာ အောက်ကစာလေးရိုက်လိုက်
copy /b image.jpg + test.rar image.jpg
အဲဒီလိုရိုက်လိုက်၇င် ခင်ဗျားတို့ image.jpg ဆိုတဲ့ ပုံထဲမှာ ခုနာ rar
file ပါဝင်သွားပြီဗျ။ ဘယ်လို ပြန်ဖွင့်ရမလည်းဆိုရင် image.jpg ကို
image.rar လို့ extension ပြောင်းလိုက် ပြိးရင် extract လုပ်ကြည့်
ခင်ဗျားတို့ ခုနာ rar file ထဲမှာသိမ်းထားတဲ့ file တွေအားလုံးကို
တွေ့ရလိမ့်မယ်။
August 9, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....