ကျွန်တော်တို့ ကျွန်ပျူတာမှာ ရှိတဲ့ dirve တွေကို ဖွင့်လို့မရအောင် လုပ်တဲ့နည်းလေးပါ။
security မှာ permission ပေးတာနဲ့ မတူပါဘူး။
dirve ကိုဖျောက်ထားရင် Run ကနေ ဖျောက်ထားတဲ့ dirve name ကိုရိုက်ရင် ဖျောက်ထားတဲ့ dirve ထဲရောက်ပြီး ကြည့်လို့ရပါတယ်။
အခုလိုလုပ်ထားရင်တော့ ဘယ်သူမှ ကြည့်လို့  မရပါဘူး။
Run gpedit.msc User Configration>Administrative Temlates>Windo Components>Windows Explorer ကိုသွားပါ။
Prevent access to drives from My Computer ရဲ့ properties ၀င်ပြီးEnabled
ပေးပါ Pick one of the following combinations Restrict all drives
လို့ပေးလိုက်ပါ။
ဒါဆိုရင် ကွန်ပျူတာမှာ ရှိသမျှ drive တွေအားလုံး ဖွင့်လို့မရတော့ပါဘူး။
CD drive တွေလည်းပါပါတယ်။
အကုန်လုံးမပေးဘဲ တစ်ခုချင်းစီပေးချင်ရင်တော့ သူပေးထားတဲ့ drive number တွေကိုဘဲ ပေးလို့ရမှာပါ။
နောက်တစ်ခုကတော့ Remove secyrity tab ကို ၀င်ပြီး Enabled ပေးထားလိုက်ရင်
drive တွေ folder တွေကို မိမိ account တစ်ခုတည်းသုံးလို့ရအောင် ပေးတဲ့
security tab မပေါ်တော့ပါဘူး။
ပြန်ဖွင့်ချင်ရင်တော့ ကျွန်တော်ပြောတဲ့အတိုင်းကိုဘဲ Not Configured ပြန်ပေးလိုက်ရုံပါဘဲ။
ကိုယ်ကလွဲပြီး ကျန်တဲ့လူ ဖွင့်လို့ မရအောင် လုပ်မယ် ဆိုရင် အရင်ဆုံး Folder Options ကိုဖွင့်ပါ။
View tab ကိုသွားပြီး ညာဘက်မှာရှိတဲ့ scroll bar ကိုအောက်ဆုံးထိရောက်အောင်ဆွဲချလိုက်ပါ။
Use simple file sharing(Recommended) ကို uncheck လုပ်ပြီး OK ပေးလိုက်ပါ။
ပြီးရင် မိမိပေးချင်တဲ့ drive ကို Right click ထောက်ပြီးတော့ properties ကို click လိုက်ပါ။
properties box ပွင့်လာတဲ့အခါ security tab ကိုတွေ့ ပါလိမ့်မယ်။
(မှတ်ချက်) Folder Options ကနေ Use simple file sharing ကို check ပေးထားရင် security tab မပေါ်ပါဘူး။
Advanced tab ကို click လိုက်ပါ။
Permittion entries မှာ ပေးထားတဲ့ account တွေကို တွေ့ ပါလိမ့်မယ်။
ကိုယ့်ရဲ့ account ကိုချန်ပြီး ကျန်တဲ့ account တွေကို Remove လုပ်လိုက်ပါ။
ပြီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့  account တစ်ခုကလွဲလို့  ကျန်တဲ့ account မှန်သမျှ လုံးဝဖွင့်လို့မရတော့ပါဘူး။
August 9, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....