ဒီတစ်ခါတော့ဗျာ ကိုယ်မဖွင့်ချင်တဲ့ Website တွေကို ဖွင့်လို့ မရအောင် လုပ်ကြည့်ရအောင်ဗျာ။ကိုယ့်ရဲ့ ကွန်ပျုတာကနေ ဘယ် Website ကို ပိတ်ထားချင်တယ် ရပါတယ်ခင်ဗျာ ။Gtalk စကားနဲ့ ပြောရရင် Block ထားတာပေါ့ဗျာ။

လွယ်ပါတယ်ခင်ဗျာ….
C:windowssystem32driversetc ဆိုတာထိကို သွားလိုက်ပါခင်ဗျာ၊
etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ့ ဖွင့်
လိုက်ပါ ခင်ဗျာ။
127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ့ ရပါလိမ့်မယ်။
တွေ့ ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့ Website နာမည်လေးကို အစားတိုးပေးပါ ခင်ဗျာ။ Notepad လေးကို save လိုက်ပါခင်ဗျာ။ restart ပေးလိုက်ပါ ။Windows တက်လာတာနဲ့ ကိုယ်မဖွင့် ချင်တဲ့ Website လေးကို အခုလို တွေ့ ရပါမယ် ခင်ဗျာ။
ပြန်ဖွင့်ချင်တယ် တိုရင်တော့ ကျွန်တော်တို့ ကူးထည့်ထားတဲ့ စာကြောင်းလေးကို ပြန်ဖျက်၊ file ကို Save ၊restart ပေးလိုက်ရင် ပြန်ပွင့်သွားပါလိမ့်မယ်ခင်ဗျာ။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....