ဘလော့နဲ့အဆက်သွယ်နည်းနည်းပြတ်နေတယ် .... အလုပ်တွေရှုပ်လို့လား
အရှုပ်တွေလုပ်တာဆိုတာ ကိုယ့်ကိုယ်ကို မခွဲခြားတတ် စိတ်တွေကလဲ
တစ်စုတစ်စည်းမရှိတော့ ဒီတော့ ဘာလုပ်လို့ ကိုင်ရမှန်လည်းမသိတော့ဘူး ....
စိတ်ညစ်တယ်ဆိုပီ ထိုင်အောနေလို့လဲ သနားမဲ့သူမရှိ ... ဘ၀ ကို ဒီလိုဘဲ
ဖြတ်သန်းရအုံးမှာပေါ့ ... အော် သူငယ်ချင်းမျာကို ပြောရအုံးမယ် ... 3 colum
တွေကိုလုပ်ချင်တယ်ပေါ့ဆိုရင် .. ဘလော့ကိုရေးတာ အချိန်ကြာလာတာနဲ့အမျှ
အချက်လက်တွေက များတထက်များလာ ကိုယ်ကလည်းမဖြုတ်ချင် ဆိုတော့ သူတို့ပေးထားတဲ့
Template က ကောလန်က နှစ်ခုဘဲဆိုတော့ အခက်တွေ့ပီပေါ့ ... ဒီပြင် 3 colum
သူများရေးထားတာကို ယူသုံးမယ်ဆိုရင်လဲ ကိုယ့် စိတ်ကြိုက် ရချင်မှ ရလိမ့်မယ်
... ဒီတော့ ဘာလုပ်ရမလဲ ... ကျွန်တော်တို့ ကောလန်တစ်ခု ထပ်တိုးမှာပေါ့ ...
ဘယ်နားမှာ သွားတိုးမလဲ .... လက်တို့မေးနေမလား ...
ကျွန်တော်တို့လို
ကွန်ပျူတာကို ငယ်ကတည်းက ပိုက်ပီမွေးလာတဲ့သူ css code ကို ၀ါးမျိုမယ်
သယောင်ယောင် English စာ စကားဆိုတစ်လုံးမှမရအောင် ကျွမ်းကျင်သူတွေဆိုတော့
ဟိုလုပ်ဒီလုပ်နဲ့ ဘယ်က ဘာတွေပျောက်သွားလဲမသိ နောက်ဆုံးဘာမှမကျန်တော့ ....
အဲအခုတော့ရသွားပီ ... ပြန်ပြောပြမယ် ...
ဒီလိုပုံစံကိုရသွားအောင်ကူညီပေးသူကတော့ .... ကျွန်တော်ကောင်မလေးပါ ... သူက
လမ်းခွဲစကားပြောတော့ ... gtalk ကို မဖွင့်ဖြင့်အောင် ကိုယ့်ကိုယ်ကို
အားတင်ရင်နဲ့ ရသွားတာပါ ... ဒါဆို ဒီပုံစံဟာ ကျွန်တော် ရဲ့ နှလုံးသားကို
ခင်းပြီ လုပ်ခဲ့တာပါလို့ ပြောရင် ယုံကြမှာလား ... မယုံလဲနေပါ အကြောင်းမဟုတ်
.... အချိန်မရတဲ့ကြားက ဘလော့ကိုရေးနေရတဲ့ သူငယ်ချင်းတွေအဆင်ပြေအောင်လို့
ဒီဟာလေးကို အခြေခံပီ ကျွန်တော်လုပ် လာခဲ့တဲ့ အတွေ့ကြုံလေးတွေကိုပြောပြမယ်
.... အို စမယ်နော် ... အာလူနည်းနည်းများသွားတယ် ....
ဘလော့တစ်ခုကို
လုပ်တော့မယ်ဆို ကျွန်တော်တို့ ပထမဆုံးနားလည်းထားရမှာက Blog Layout ရဲ့
လုပ်ဆောင်မှု အပိုင်းလေးတွေကိုသိရမယ် ... ဘလော့ တစ်ခုရဲ့
အခြေခံအစိတ်ပိုင်းမှာ တော့ Header- section, Main-section, Sidebar section
နှင့် Footer-section ဆိုပီ ပါဝင်ပါတယ် .... ဒီတော့ ကျွန်တော်တို့ တစ်တွေ
ယူသုံးနေတဲ့ Layout က ဒီပုံစံမဟုတ်လား .... အဲဒီအထဲမှာ ဘဲ
အပိုင်းလေးပိုင်းကို ခွဲမြင်တတ်ဖို့ လိုမယ် .... ဒီအထဲမှာ ပါဝင်တဲ့ HTML
code တွေကိုတော့ ဒီနေရာမှာကြည့်လိုက်ပါ ..
ကြည့်ရတာ လွယ်ကူအောင်ဆိုပီ
နံပတ်တွေ ထည့်ပေးထားတယ် .... နံပတ် 010 ကနေ 0320 အထိဟာ body-tags ဖြစ်ပါတယ်
.... အာလူက များလွန်တော့ သူငယ်ချင်းတွေ ငြိငွေ့နေတော့မယ် .. ဒါဆို
စလုပ်ကြရအောင် ... အပေါ်က ရှင်းပြခဲ့တဲ့ အပိုင်းတွေကို
နားလည်လောက်ပီပေါ့နော် ....
အောက် က formatting code တွေကို ရင်းနှီးအောင်ကြည်ထားပါ ...
#outer-wrapper {
with: 660 px;
padding: 10px
........... }
#main-wrapper{
width: 410px;
float: left;
...........}
#sidebar-wrapper {
width: 220px
float: right;
...........}
ဒီလောက်ဆို စပြီး ...
ပထမဆုံးက တော့ Edit Template ကို သွားကြမယ် .....
ဒုတိယကတော့ sidebar code ကို ဒီလိုလေး (#right-sidebar-wrapper)
(b: section class='sidebar' id='right-sidebar' preferred='yes')
(/div)
ဖြစ်အောင်ပြောင်းလိုက်ပါ
... သူနဂို #sidebar-wrapper) ကို # right-sidebar-wrapper အဖြင့်
ပြောင်းလိုက်ခြင်းပါ ... တတိယ အဆင့်မှာတော့ (div id=left-sidebar-wrapper)
(b: section class= 'sidebar' id='left-sidebar-wrapper' preferred='yes'/)
(/div)
ဆိုပီ
နောက်ထပ် အသစ် ထည့်ပေးလိုက်ရပါ့မယ် ဘယ်မှာ သွားထည့်ရမလဲဆိုတော့ (div id=
main-wrapper အေ၇ှ့မှာထည့်လိုက်ပါ .... နောက် save ... ဒီတော့
ဒီပုံစံလေးကိုရလာတာပေါ့ ......
အဆင့်လေးကိုရောက်လာပီနော် . ..
#left-sidebar-wrapper {
width:220px;
float:left;
word-wrap:break-word;
overflow:hidden;
........}
ကို #main-sidebar-wrapper ရဲ့ အပေါ်မှာထားပါ ..... ဒါဆိုရင် ရခါနီးပီပေါ့ ... စိတ်ဓါတ်မကျပါနဲ့အုံး ....
နောက်ဆုံး
ဘာကျန်သေးလဲဆိုရင် ... ဒီအပေါ်ပုံက အဆင်ပြေနေပီ .. ဒါပေမဲ့ ညာဘက်က ဘာ
ဘာလို့ အောက်ရောက်နေရတာလဲ ... ရှင်းရှင်းလေးပါ .. သူ့ရဲ့ outer-wrapper
ကိုချဲ့ပေးလိုက်ပါ ... သူ့နဂို က 660 ရှိရင် ရှိလိမ့်မယ် ... ဒါကို 860
လောက်ပြောင်းပေးရင် အဆင်ပြေနိုင်ပါတယ် ..... အဲလိုဆိုရင် ... နောက်ဆုံး
အသုံးပြုလို့ရတဲ့ ဒီပုံလေးရပီပေါ့ ..... အဆင်ပြေကြပါစေ ရင်နာနာနဲ့ ဘဲ
ရေးလိုက်ရတာပါ ... မရရင် ပြန်ပြောနော် ... သိတာလေးကို မျှဝေ ပေးဖို့
ဝန်မလေးပါဘူး .....
(မှတ်ချက် ။ ။ ရေးထား တာတွေကို တဆင့်ချင်း လုပ်ဆောင်ပါ .... ကွင်လေးတွေကိုလည်း ပြန်ပြင်ရေးပေါ့နော် ...)
August 11, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....