bookmarks ဆိုတာ website address လေးတွေကို မှတ်သားထားတာပါ ။
ကိုလိုချင်တဲ့ ဒေါင်းလုတ်လင့်လေးတွေ အဲဒါမျိုးလေးတွေကို မှတ်သားထားတာကို
bookmarks လို့ခေါ်ပါတယ်..။ကဲ bookmarks ကိုဘယ်လိုမှတ်ကြမလဲ
ဥပမာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ဆိုဒ်လိပ်စာလေးကို မှတ်ချင်တယ်ဆိုဘာတော့
တစ်ချို့က စာအုပ်လေးထဲမှာ ဘော့ပင်လေးနဲ့မှတ်ကြတယ် ၊ တစ်ချို့ကျတော့
notepad , microsoft word စတာလေးတွေနဲ့မှတ်ကြတယ် ဒါပေမယ့် ကျွန်တော်က အဲဒါတွေကို မကြိုက်ဘူး ဘာဖြစ်လို့လဲဆိုတော့ စာအုပ်နဲ့မှတ်မယ်
ဆိုလည်း ကိုထိုင်တိုင်း အဲဒီမှတ်ထားတဲ့ စာအုပ်ပါမှ ၊ notepad ,microsoft word နဲ့မှတ်တယ်ဆိုလည်း အဲဒီသိမ်းထားတဲ့ဖိုင်လေးပါမှ မြန်မာနိုင်ငံမှာ
ကိုယ်ပိုင်သုံးတဲ့လူ နည်းပါတယ် ။ အဲဒီနည်းလေးတွေကိုတော့ ကျွန်တော်
မကြိုက်ပါဘူး ကျွန်တော်ကိုယ်တိုင် ကိုယ်ပိုင်အင်တာနက်မသုံးတဲ့အတွက်ကြောင့်
ပါ ။ အဲလို အခက်အခဲလေးတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ web ဖခင်ကြီး
google က gmail အကောင့်တစ်ခုရှိရုံနဲ့ bookmarks လုပ်လို့အဆင်ပြေ
အောင် ဖန်တီးထားပါတယ်.... အရမ်းကျေးဇူးတင်ဖို့ကောင်းပါတယ်ဗျာ
ကဲ ကျွန်တော်တို့ စလုပ်ကြည့်ကြစို့.....
1. www.google.com/bookmarks ကိုအရင်နှိပ်လိုက်ပါ
2. အောက်ကပုံမှာ ပြထားတဲ့အတိုင်း မိမိ bookmarks သုံးချင်တဲ့
gmail အကောင့်ကိုဝင်လိုက်ပါ....။
3. ဒါဆိုရင်အောက်က ပြထားတဲ့ပုံစံမျိုးလေးပေါ်လာပါပြီ
4. ပြီးရင် အောက်က ပြထားတဲ့ပုံလေးအတိုင်းပဲ create new list ကိုနှိပ်လိုက်ပါ
5. ဒါဆိုရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာပါပြီ အဲဒီမှာ ကိုယ်ဖြည့်ချင်တဲ့ စာသားလေးတွေဖြည့်ပြီး create list ကိုနှိပ်လိုက်နော်
6. အပေါ်မှာပြထားသလို ပုံလေးပေါ်လာပြီ အနီကွက်နဲ့ပြထားတဲ့နေရာလေးမှာ
မိမိမှတ်သားထားချင်တဲ့ လိပ်စာလေးကို ထည့်ပြီး Add ဆိုတာလေးကိုနှိပ်လိုက်ပါ
7. တစ်ခါတစ်လေမှာ အောက်ကပြထားတဲ့ပုံလေးလို လိပ်စာထည့်ဖို့ အကွက်ကလေး မပေါ်ခဲ့ရင် Add stuff ကိုနှိပ်လိုက် အဲဒါဆို
ပေါ်သွားလိမ့်မယ်သိလား
ဒါက ခုနက ကိုသတ်မှတ်ထားခဲ့တဲ့ ခေါင်းစဉ်အောက်မှာ(ဥပမာပြထားသလို နည်းပညာသီးသန့်ဆိုဒ်ကလေးများ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေးသားခြင်း
ဖြစ်ပါတယ် အခြားသော နာမည်များနှင့်လည်း create လုပ်နိုင်ပါတယ်
ကိုယ်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုမှာပြန်ထွက်ချင်ရင်
ကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့ နောက်ထပ် list တစ်ခု ထပ်လုပ်လို့ရတာပေါ့
ကဲဘယ်လိုလဲ အဆင်ပြေတယ်မဟုတ်လား လွယ်လွယ်လေးပါ

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....