Apple ကုမ္ပဏီ ကိုစတင် တည် ထောင် ခဲ့ သူ တစ်ဦး ဖြစ်တဲ့ စတိဗ် ဂျော့ဘ် ဟာ ကာလကြာရှည်
စွာ သူ ခံ စားနေရတဲ့ ပန်ကရိယ ကင်ဆာ ကြောင့် ယနေ့ အသက် ၅၆ နှစ် အရွယ် မှာ ကွယ်လွန်
အနိစ္စရောက် သွား ခဲ့ ပြီ ဖြစ်ပါတယ်။
သူဟာ မကွယ်လွန် ခင် နဲ့  Apple ကုမ္ပဏီ မှာ အမှုဆောင် အရာ ရှိ ချုပ်အဖြစ် တာဝန် ထမ်း
ဆောင် နေ ချိန် အက်ပဲလ် ရဲ့  အသစ် ထွက် ရှိ မယ့် OS X LION မှာ မြန်မာ စာ စနစ် ကို ပါ
ထည့် သွင်း ဖို့  အကြံ ပြု ခဲ့ သူ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ တကာ ကွန် ပျူတာ နဲ့  Operation
Software ထုတ်လုပ် မှု မှာ မြန်မာ စာ စနစ် ပထမ ဦး ဆုံး ပါဝင်လာ တာ ဖြစ်ပါတယ်။
စတိဗ် ဂျော့ဘ် ကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ Joanne Simpson နဲ့ 
Abdulfattah Jandali ဆို တဲ့ မိဘ နှစ်ပါး က ဆန်ဖရန် စစ္စကို မြို့  မှာ မွေးဖွား ခဲ့ ပါ
တယ်။ မိဘ ရင်း တွေ ကို ဆက်မွေး ဖို့  မလုပ် လို တာ ကြောင့် သူ ဟာ မွေး စား မိဘ
တွေ နဲ့  ကြီး ပြင်း ခဲ့ ရ ပါတယ်။
၁၉၆၉ ခုနှစ်မှာ Hewlett-Packard ကုမ္ပဏီ ကို တည်ထောင်သူ William Hewlett က
သူ့  ကို နွေ ရာ သီ ရောက် တိုင်း သူ့  ကုမ္ပဏီ မှာ လာအလုပ်လုပ် ဖို့  ကမ်းလှမ်း ခဲ့ ပါတယ်။
၁၉၇၆ ခု နှစ် မှာ ၀ုဇ်နိုက် နဲ့  ပထမဦး ဆုံး Apple I ကွန် ပျူတာ ကို ထုတ်လုပ် ခဲ့ ပါတယ်။
အဲဒီ နှစ် မှာ ပဲ Wozniak , Ronald Wayne တို့  နဲ့  ပေါင်း ပြီး အက်ပဲလ် ကွန် ပျူတာ ကု
မ္ပဏီ ကို တည်ထောင် ခဲ့ ပါတယ်။
အဲဒီ အချိန် မှာ သူ့  အသက် ဟာ ၂၁ ပဲ ရှိ ပါသေးတယ်။
၁၉၇၇ မှာ အက်ပလ်ကုမ္ပဏီ က ပထမ ဦး ဆုံး ဂရပ်ဖစ် စနစ် ပါရှိ တဲ့ Apple II ဖြန့် ချိ
ခဲ့ ပြီး တစ်လုံး ကို ၆၆၆ ဒေါ်လာ နဲ့  ရောင်း ချ ခဲ့ ပါတယ်။
၁၉၈၀ မှာ Apple III ကို ထုတ်လုပ် ခဲ့ ပြီး သူ့  ကုမ္ပဏီ ရဲ့  စတော့ ရှယ်ယာ တွေ ကို
အများ ပြည်သူ ကို ရောင်းချ ခဲ့ ရာ မှာ ၂၂ ဒေါ်လာ နဲ့  စတင် ခဲ့ ပြီး တစ်ရက် တည်း
မှာ တင် ၂၉ ဒေါ်လာ မြင့် တက် ခဲ့ ပါတယ်။ ( ဒီနေ့  Apple ရှယ်ယာ ပေါက်ဈေး ဟာ
၃၇၈.၂၅ ရှိတဲ့ အတွက် အဲဒီ အချိန် ထဲ က Apple စတော့ ၁ ဒေါ်လာ ဖိုး ၀ယ်ထား သူ
တွေ ဟာ ၃၇၇ ကျပ် အမြတ် ရရှိ နေပြီ ဖြစ်ပါတယ်)
Apple စတော့ ၏ infographic ကိုကြည့် ရန် ဤနေရာ သို့  ကြွပါ။
၁၉၈၄ ခုနှစ်မှာ Apple မက်ကင်တောရှ် ဆို တဲ့ ရုပ်သံ နဲ့  ဂရပ်ဖစ် နည်းပညာ မှာ စွမ်း
ဆောင် ရည် မြင့် တဲ့ စက်တွေ ကို စတင် ထုတ် လုပ် ခဲ့ ပါတယ်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....