G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။အကောင့်ကိုဝင်လိုက်ရင် username နဲ့ password လဲမှန်တယ် ၊ အကောင့်က၀င်လို့မရပဲ စာလုံးလေးတွေရိုက်ပြီးဝင်ခိုင်းတယ်။ ၀င်
တော့လဲမရဘူး။ နောက်ထပ်ပြောင်းပြီးရိုက်ခိုင်းနဲ့ရွာလည်နေတက်ပါတယ်။ G-Mail အကောင့်များပျက်သွားပြီလား
သုံးလို့များမရတော့ဘူးလားဆိုပြီးစိတ်မပူပါနဲ့..။အောက်မှာပေးထားတဲ့လင့်လေးကနေသွားလိုက်ပါ.။Google
က အဲ့လိုပြသနာတွေကြုံလာရင် ဖြေရှင်းဖို့နည်းလမ်းလေးပေးထားပါတယ်။ တကယ်လို့ကိုယ်သုံးနေတဲ့ G-Mail
အကောင့်ကလော့ကျနေတယ်ဆိုရင်အောက်မှာပေးထားတဲ့လင့်လေးကိုသွားပါ။ ပြီးရင် Username နဲ့
Password ရိုက်ထည့်ပါ။ ပြီးရင်ပေးထားတဲ့စာလုံးလေးတွေကိုမှန်အောင်ရိုက်ထည့်ပေးပါ။ ပြီးရင် unlock ကို
နှိပ်လိုက်ယုံပါပဲ။ လော့ကျနေတဲ့ G-mail အကောင့်လေးပြန်ပွင့်သွားပါလိမ့်မယ်.။
https://www.google.com/accounts/DisplayUnlockCaptcha

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....