ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။
ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။
အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကိုတစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox settingလေးကို နည်းနည်းပြင်လိုက်ရုံသာ..။
(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။G-mail Inbox ထဲကို ရောက်ပါပြီ။
(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။

(၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။
ပြီးရင် Google account setting ကိုနှိပ်။

(၄)ထပ်ပြီးပေါ်လာတဲ့အထဲက Personal setting ခေါင်းစဉ်အောက်မှာရှိတဲ့
Multiple sign in ဆိုတဲ့နေရာက Edit ကိုနှိပ်ပါ။

(၅)ပွင့်ကျလာတဲ့အထဲက on use ဆိုတဲ့ radio button အ၀ိုင်းလေးကို နှိပ်ပါ။
လေးထောင့်ကွက်များအားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင် save ကိုနှိပ်ပါ။

အဲဒီအဆင့်တွေပြီးသွားရင် ကျနော်တို့ရဲ့ သုံးနေကျ (မူလကဖွင့်ထားတဲ့မေးလ်) ကို retry
ပြန်နှိပ်ကြည့်လိုက်ပါ။(သို့) ကီးဘုတ်ပေါ်က F5 ကီးကိုနှိပ်ပေးပါ။ Loading
ပြီးအောင်စောင့်ကြည့်လိုက်တဲ့အခါမှာ မိမိရဲ့ G-mail Address ရဲ့ ဘေးမှာ
Down Arrow လေးတစ်ခုပါနေတာကိုတွေ့ရပါမယ်။

အဲဒီနေရာလေးကိုနှိပ်ပြီး ဖွင့်ချလိုက်ရင် အောက်ကပုံမှာပြထားသလိုလေး
ပွင့်ကျလာပါလိမ့်မယ်။

ဒီတော့မှ အပေါ်ကပုံမှာ အ၀ါရောင်မြားနဲ့ပြထားတဲ့နေရာက sign in to another
account ဆိုတာလေးကိုနှိပ်ပြီး နောက်ထပ် Account တွေကို လိုသလောက် Sign in
ဝင်ပြီးဖွင့်ထားလို့ရပါပြီ။
ကဲ ...အခု ကျနော်တို့တွေ Browser တစ်ခုတည်းမှာ Account
တွေကို တစ်ခုမက အပြိုင်ဖွင့်ထားလို့ရပါပြီ ။

ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ....သိထားတာလေးမျှဝေတဲ့သဘောပါပဲ။
အားလုံးအဆင်ပြေကြပါစေ
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....