Pages

Ads 468x60px

August 20, 2011

စာဖတ်ဝါသနာပါသူများအတွက် ကမ္ဘာ့ရောင်းအားအကောင်းဆုံး eBook Reader

kindle 3
Amazon Kindle 3
အင်တာနက်မှတဆင့် eBook များရယူပြီး ကွန်ပြူတာရှေ့မှာထိုင်ဖတ်နေရတာ ငြီးငွေ့နေသူတွေများပါတယ်။ Laptop နဲ့ ဖတ်ပြန်တော့လည်း အိပ်ယာပေါ်မှာဖြစ်ဖြစ် ထိုင်ခုံပေါ်မှာပဲဖြစ်ဖြစ် စာအုပ်ကိုင်ဖတ်နေရတာလောက် အရသာမတွေ့ပြန်ပါဘူး။ iPad ဝယ်ပြီး eBook ဖတ်ရမှာကျတော့လည်း ဈေးကြီးလွန်းတယ် ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Amazon ကုမ္ပဏီထုတ် Kindle 3 ဟာ စာပေချစ်မြတ်နိုးသူ၊ စာဖတ်ဝါသနာပါသူတွေအတွက် အသုံးတည့်မှာပါ။
Keyboard လက်ကွက် အသေးစားလေးပါရှိပြီး Wi-Fi ဆက်သွယ်မှုမှတဆင့် အင်တာနက်စာမျက်နှာပေါ်ထိ ဝင်ရောက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ရောင်စုံကာလာမပါတဲ့ အဖြူအမဲ E-ink မြင်ကွင်းနဲ့ပါ။ ရောင်စုံကာလာနဲ့ eBook Reader တွေကျပြန်တော့လည်း ဈေးမြင့်ပါတယ်။ ကဲ Kindle 3 ရဲ့ အရည်အသွေးနဲ့ အချက်အလက်တွေကို လေ့လာကြည့်ရအောင်။





Kindle 3
ဈေးနှုန်း - US ဒေါ်လာ ၁၃၉.၀၀
ဆက်သွယ်မှု - Wi-Fi ကွန်ယက် (3G တိုးမြှင့်ထားလျှင် US ဒေါ်လာ ၁၈၉.၀၀)
အလေးချိန် - ၈.၇ အောင်စ (၁၆ အောင်စ = ၁ ပေါင်)
အတိုင်းအထွာ - အနံ ၇.၅ လက်မ၊ အလျား ၄.၈ လက်မ
ထုထည် - ၀.၃၃၅ လက်မ အထူသာရှိပါတယ်။
မြင်ကွင်း - E-ink & Resolution 600x800
ထိန်းချုပ်မှု -  Touch Screen မဟုတ်ပေမယ့် စာမျက်နှာများကို ကောင်းမွန်စွာထိန်းချုပ် ဖတ်ရှုနိုင်စွမ်းရှိတယ်။
မှတ်နိုင်စွမ်း - 4GB နဂိုပါရှိပြီး ထပ်မံတိုးချဲ့ဖို့ (Memory Card Slot) မပါရှိပါဘူး။ ဘာပဲဖြစ်ဖြစ် eBook ပေါင်း ၃၅၀၀ ဝန်းကျင်ကို သင့်နဲ့အတူသယ်ဆောင်သွားနိုင်ပြီလေ။ ebook
ဘက်ထရီစွမ်းအင် - Wi-Fi ကွန်ယက်ပိတ်ထားမယ်ဆိုရင် တစ်လကျော် အသုံးပြုနိုင်ပြီး Wi-Fi ကွန်ယက်ဖွင့်ထားခဲ့မယ်ဆိုရင် အနည်းဆုံး ၃ပါတ် အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အခြား eBook Reader များထက် အသုံးပြုနိုင်ချိန် အကြာမြင့်ဆုံးဖြစ်နေပါတယ်။ USB Cable အသုံးပြုပြီး ဘက်ထရီပြန်ဖြည့်မယ်ဆိုရင်တော့ ဘက်ထရီအပြည့်ရရှိဖို့ အချိန် ၄နာရီခွဲ ကြာမြင့်ပါတယ်။
ထူးခြားချက်များ - စာမျက်နှာအဖြူအမဲထင်ရှားမှုကို ၁၆ မျိုးရွေးချယ်နိုင်အောင် ထည့်သွင်းထားပြီး Kindle Store အင်တာနက်စာမျက်နှာမှ တဆင့် စာအုပ်ပေါင်း ၇ သိန်းကျော်ကို
ebook
ရွေးချယ်ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ မဝယ်သေးပဲ မြည်းစမ်းဖတ်ကြည့်ချင်တယ်ဆိုရင်လည်း စာမျက်နှာတချို့တဝက်ကို ဖတ်ရှုခွင့်ပြုထားပါတယ်။ Amazon ကလည်း eBook ပေါင်း တစ်သန်းကျော်ကို အခမဲ့ဖတ်ရှုခွင့်ပြုထားပါတယ်။
စာအုပ်တွေ အကြိုက်များနေပြီး မဆန့်မှာလည်း မပူရပါဘူး။ ကိုယ်ပိုင်အကောင့်တစ်ခုဖွင့်ထားပြီး အင်တာနက်ပေါ်မှာ သိမ်းဆည်းထားနိုင်ပါတယ်။ သင်ဝယ်ယူထားတဲ့ စာအုပ်ကို ခြေချော်လက်ချော်ဖျက်ခဲ့မိတယ်ဆိုရင်လည်း မပူပါနဲ့ အခမဲ့ Download ပြန်လည်ရယူနိုင်ပါတယ်။
သင့်ရဲ့ Wi-Fi အင်တာနက်ကွန်ယက်ဆက်သွယ်မှုနှုန်းက အလွန်နှေးကွေးနေမယ်၊ မြန်နှုန်းကန့်သတ်မှုတွေရှိမယ်ဆိုလျှင်လည်း Kindle 3 မှတဆင့် US Wi-Fi ဆိုချိတ်ဆက်မှုကို စီစဉ်ပေးထားပါတယ်။ AT&T ဆက်သွယ်မှုဧရိယာမှတဆင့် ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ Wi-Fi ဆက်သွယ်မှု မရှိတဲ့နေရာမှာဆိုရင်တော့ ဘယ်လိုမှကူညီပေးနိုင်မှာမဟုတ်ပါဘူး။
Mp3 အမျိုးအစား သီချင်းများကိုလည်း နားဆင်နိုင်ပါတယ်။ (အင်္ဂလိပ်) စာများကိုလည်း eBook Reader လေးမှ အသံထွက်ဖတ်ပေးနိုင်ဖို့ Amazon မှ စီစဉ်ပေးထားတဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။ Amazon ကုမ္ပဏီမှ အသုံးပြုသူများရဲ့ လိုအပ်မှုတွေကို လေ့လာဖြည့်ဆည်းပေးလျှက်ရှိပါတယ်။
Kindle 3 ဟာ ဈေးနှုန်းချိုသာမှု၊ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ ဝန်ဆောင်မှုကောင်းမွန်မှုများကြောင့် ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နေနိုင်တာပါ။
မှာယူချင်တယ်ဆိုရင်တော့ Amazon မှတဆင့်မှာယူနိုင်ပါတယ်။ မြန်မာနိုင်ငံအထိ မှာယူနိုင်ပါတယ်။ မလေးရှားနဲ့ စင်ကာပူနိုင်ငံကိုတော့ မှာယူလို့မရနိုင်ပါဘူး။
လမ်းသစ်ဂျာနယ်

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....