Pages

Ads 468x60px

August 20, 2011

ရန်သူပစ်ခတ်မှုအား နားထောင်မည့်စက် ဗြိတိသျှတပ်များ သုံးနေခြင်း

တိုင်ပေါ်မှ မိုက်ခရိုဖုန်း ခုနှစ်ခုသည် သေနတ်သံနှင့် သေနတ်ကျည်ဆံထိပ်ဖူး လေထဲတွင် အသံထက်မြန်သောနှုန်းနှင့် ရွေ့လျားနေစဉ် ထွက်လာသော တုန်ခါလှိုင်း (supersonic shockwave) များအား ဖမ်းယူနိုင်သည်။
ရန်သူများက ချောင်းမြောင်း ပစ်ခတ်ခြင်းအား သေနတ်သံအား နားထောင်ပြီး ထောက်လှမ်းသည့် စက်အား အာဖဂန်နစ္စတန်ရှိ ဗြိတိသျှတပ်များအား ထုတ်ပေးနေပြီဖြစ်သည်။
“Boomerang III” သည် ရန်သူ၏ သေနတ်သံအား “နားထောင်” (ဖမ်းယူ)ပြီး ပစ်ခတ်သူရန်သူရှိရာ အရပ်နှင့် အကွာအဝေးအား ခန့်မှန်းနိုင်သည်။
ဤ ကိရိယာမှ ရန်သူ သေနတ်သမားရှိသည့် နေရာအား မျက်မြင်ပြသ (Display) သည့်အပြင် အသံဖြင့်လည်း သတင်းပေးသည်။
အမေရိကန်ပြည်ထောင်စုမှ စတင်တီထွင်ပြီး ဗြိတိန်၏ “Defence Science and Technology Laboratory” မှ သိပ္ပံညာရှင်များက ရှေ့တန်းသုံး လိုအပ်ချက်နှင့် ကိုက်ညီရန် ပြန်လည်ပြုပြင်ထားသည်။
Ref: Internet
British forces employ machines to 'listen' for enemy fire (BBC News)
Sniper snooper: 'Boomerang' can tell where Taliban marksmen are by 'listening' for enemy gunfire (The Daily Mail)

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....