
ဆက်စနာ လေယာဉ် တစ်စင်းသည် ဆီးနှင်း ထူထပ် နေချိန်၌ ဗြိတိန်နိုင်ငံ ဘာမင်ဂမ် လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် ပေ ၅ဝ မြင့်သော အင်တာနာတိုင် တစ်ခုကို တိုက်မိပြီး ပျက်ကျခဲ့ရာ ပြေးလမ်း အနီးရှိ မြက်ခင်းပြင်သို့ ကျရောက်ခဲ့ပြီး မီးလောင်ခဲ့သည်။ လေယာဉ်တွင်း၌ အသက် ၅၈ နှစ် အရွယ်ရှိ လေယာဉ်မှူး ပိတ်မိ နေခဲ့သည်။ ယင်း အဖြစ်အပျက်မှာ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆီးနှင်း ထူထပ် နေသောကြောင့် ကယ်ဆယ်ရေး အဖွဲ့သည် ပျက်ကျနေသည့် လေယာဉ်ကို ချက်ချင်း တွေ့ရှိခြင်း မရှိခဲ့ပေ။
သို့သော် ပထမဆုံး မော်တော်ကား တစ်စီးသည် အခင်း ဖြစ်ပွားရာသို့ သုံးမိနစ် အတွင်း ရောက်ရှိခဲ့ပြီး လေယာဉ်မှူးကို ကယ်ထုတ် နိုင်ခဲ့သည်။ ၎င်းအပြင် လေယာဉ်ပေါ် ပါလာသော အစားထိုး ကုသရန် လှူဒါန်း လိုက်သော အသည်း ကိုလည်း ပြန်လည် ရယူနိုင်ကာ လူနာ၌ အောင်မြင်စွာ အစားထိုး ကုသ နိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....