Pages

Ads 468x60px

August 27, 2011

ပျက်စီးသွားသောဒေတာများရှာရန်ဆော့ဖ်ဝဲပါသော


ပျက်စီး ဆုံးရှုံး သွားသော ဒေတာများကို ပြန်လည် ရှာဖွေရန် ဆော့ဖ်ဝဲ ပါဝင်သည့် External  Harddisk တစ်မျိုး ပါဝင် ရောက်လာ ကြောင်းသိရသည်။ Acer အမှတ်တံဆိပ် AH- 022S External Harddisk သည် USB 3.0 မြန်နှုန်း ရှိသောကြောင့် အချက်အလက်များ ကူးယူသည့်အခါ လျှင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ် သည်။ အချက်အလက်ကို သိုလှောင်နိုင်မည့် ပမာဏ 500GB ပါဝင်သလို မည်သည့် Window တွင် မဆို ချိတ်ဆက်အသုံး ပြုနိုင်ကြောင်းသိရသည်။
ဒီExternal Hard-disk က Automatic Back-up လို့ခေါ်တဲ့ ဆော့ဖ်ဝဲ တစ်ခု ပါဝင်တဲ့အတွက် အရင်ကလို Dataတွေ ပျက်စီး ဆုံးရှုံးမှာ မပူရတော့ဘူး။ USB Power Cable နဲ့လည်း အလွယ်တကူ ချိတ်ဆက် အသုံး ပြုနိုင်တယ်။ အာမခံ သက်တမ်းကိုလည်း နှစ်နှစ် ပေးထားပါတယ် ဟု ရွှေလမင်းနဂါး ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်သူရကပြောသည်။ ပေါ့ပါးပြီး ပါးလွှာစတိုင် ကျသည့် ယင်း External Harddisk သည် အရွယ်အစား (၂.၅)လက်မသာရှိပြီး ဈေးနှုန်းအနေဖြင့် ကျပ်ငါးသောင်း တစ်ထောင် ဖြင့် ဈေးကွက်တွင်းရှိ ကွန်ပျူတာ အရောင်းဆိုင်များ တွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဟေမာ
 

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....