Pages

Ads 468x60px

August 20, 2011

ကျိုင်းတောင်း ရေတံခွန်

ရေတံခွန်နဲ့ အောက်က ချောင်းပုံပါ.

ရေတံခွန်တွေ ၅ခုလောက်ရှိပါတယ်...

ရေငွေ့မှုံတွေကို မြင်ရရင် အရမ်းပျော်ဖို့ ကောင်းပါတယ်...
ရေတံခွန်သံ ကတော့ အဝေးကြီးကကို ကြားရပါတယ်...
ရေအားလျှပ်စစ်ထုတ်ဖို့ ချောင်းရဲ့ တချို့အပိုင်းတွေကို ရေလမ်းကြောင်းလွဲ လိုက်လို့
ရေတံခွန် နှစ်ခုလောက် ရေအားနည်းသွားတယ်လို့ သိရပါတယ်.
ကျိုင်းတောင်းရေတံခွန် ပုံတွေပါ... မရောက်ဖူးသူများအတွက်
ဖော်ပြလိုက်ပါတယ်... သာသာယာယာနဲ့ အရမ်းလှ ပါတယ်... ဒီနှစ်အတွင်း
ပြီးတော့မယ့် ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းလဲ အဲ့ဒီမှာ
ရှိပါတယ်... လိပ်ပြာတွေလဲ အရမ်းပေါတဲ့ နေရာပါ.. ရေကြိုက်သူများ အတွက်
အရမ်းနေလို့ ကောင်းတဲ့ နေရာတစ်ခုပါ... ရေတံခွန်က ရေငွေ့လေးတွေနဲ့
ထိတွေ့ရတဲ့ အရသာ၊ တဝေါဝေါနဲ့ ကြားနေရတဲ့ ရေတံခွန်အသံ၊ အေးမြနေတဲ့
တောတောင်ရဲ့ အငွေ့အသက်၊ ဖြူဖွေးလွင်မြနေတဲ့ ရေတွေကို တွေ့ရတဲ့ မြင်ကွင်း၊
အရာအားလုံးက သွားပြီး မပြန်ချင်အောင် ဖမ်းစားနိုင်လွန်းတယ်...
အောက်ဘက်ကမြင်ကွင်းပါ..
ကျွန်တော် လေ့လာလို့ ရသလောက် ရေအားလျှပ်စစ် ထုတ်ယူနည်း နှစ်ခုရှိပါတယ်..
Dam ဆောက်၊ အဲ့ဒီကနေ ရေကို ပိုက်နဲ့ ထုတ်ပြီး Generator တွေကို လည်စေပြီး
လျှပ်စစ်ထုတ်တဲ့ နည်းနဲ့၊ ချောင်းရဲ့ေ ရအားကိုသုံးပြီး Generator နဲ့
လျှပ်စစ်ထုတ်တဲ့ နည်း နှစ်ခုပါ..
အဲ့ဒီမှာ Dam ဆောင်ပြီး ထုတ်တဲ့နည်းက မိုးတွင်း ရေရှိတဲ့ အချိန်မှာပဲ
အများဆုံး လျှပ်စစ်ထုတ်နိုင်ပါတယ်.. ထွက်ရှိမဲ့ ဓါတ်အားကတော့ များပါတယ်..
ဒါပေမဲ့ မိုးတွင်း မဟုတ်ရင်လို့ ရေနည်းရင်ကတော့ ဓါတ်အား နဲနဲပဲ
ထုတ်နိုင်ပါတယ်... အခု မြန်မာပြည်မှာ အများဆုံး ဆောက်ထားတဲ့
ရေအားလျှပ်စစ် စီမံကိန်းတွေ ဖြစ်ပါတယ်
အခု ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကတော့ ဒုတိယတစ်မျိုး
ဖြစ်ပါတယ်... ဘီလူးချောင်းမှာ လုပ်ထားတဲ့ ပုံစံမျိုးပါ... အဲ့ဒီ နည်းက
လျှပ်စစ်ဓါတ်အား အထွက်တော့နည်းတယ်... ဒါပေမဲ့ ၁၂လလုံး ထုတ်လို့ ရတယ်လို့
သိရပါတယ်... ဒါကတော့ Knowledge အနေနဲ့ပါ...

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....