

အိန္ဒိယ နိုင်ငံမှ သားအိမ် နှစ်ခု ပါသော အမျိုးသမီး ဖြစ်သည့် ရင်ကုဒေဝီ (၂၈နှစ်)သည် သြဂုတ်လ ၅ရက်နေ့က အမြွှာပူး ကလေးကို မွေးဖွားခဲ့ရာ ကလေး တစ်ဦးစီသည် သားအိမ် တစ်ခုစီ၌ သန္ဓေ ကလေး တစ်ဦးစီသည် သားအိမ် တစ်ခုစီ၌ သန္ဓေ တည်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ကလေး နှစ်ဦးသည် မတူညီသော မျိုးဥအိမ်များမှ သန္ဓေ တည်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်၌ပင် အလွန် ရှားပါးသော ဖြစ်ရပ်မျိုး ဖြစ်သည်ဟု ဆိုသည်။
ရင်ကုသည် ကလေး နှစ်ဦးကို ကိုယ်ဝန် ဆောင်ထားရမှန်း သိသော်လည်း သူ့၌ သားအိမ် နှစ်ခု ပါမှန်း မသိခဲ့ပေ။ အဆိုပါ အမျိုးသမီးသည် သားအိမ် တစ်ခုစီ၌ ကလေး နှစ်ဦးကို တစ်လ ခြား၍ သန္ဓေ တည်ခဲ့ခြင်း ဖြစ်မည်ဟု ဆရာဝန်တို့က ယူဆသည်။ ကိုယ်အလေးချိန် လေးပေါင် လေးအောင်စနှင့် သုံးပေါင် သုံးအောင်စ အသီးသီး ရှိသော ကလေးနှစ်ဦးကို မူဇာဖာပါမြို့မှ မာတီဆာ ဒန်ပရီဂျက် သူနာပြု ဌာနက မွေးဖွား ပေးခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....