သင့်ရဲ့ အီးမေးလ် ဆက်သွယ်မှု လုံခြုံရေးကို တိုးမြှင့်စေဖို့ ဆောင်ရွက်ရမဲ့ အရေးကြီးတဲ့ အဆင့် တချို့ ရှိတယ်။ ပထမဆုံး အချက်ကတော့ လူတဦးတယောက်ဆီ သင်ပေးပို့လိုက်တဲ့ စာကို ဖတ်ရှုတဲ့သူဟာ အဲဒီပုဂ္ဂိုလ်သာ ဖြစ်ကြောင်း သေချာစေဖို့ ဖြစ်တယ်။ ဒီအကြောင်းကို အောက်က သင့်ရဲ့ webmail ကို သီးသန့်ထားခြင်းနဲ့ ပိုမိုလုံခြုံတဲ့ အီးမေးလ် အကောင့်တခုကို ပြောင်းလဲ အသုံးပြုခြင်းအပိုင်းတွေမှာ ဆွေးနွေးထားတယ်။ အဲဒီ အခြေခံ အချက်တွေအပြင်၊ သင့်ရဲ့ အီးမေးလ် အဆက်အသွယ်တွေက သူတို့ဆီ ရောက်သွားတဲ့ စာဟာ သင့်ဆီက ဖြစ်ကြောင်းနဲ့ သင့်ကို အယောင်ဆောင်နေတဲ့ လူတဦးတယောက်ဆီက မဟုတ်ကြောင်း ခွဲခြားသိရှိနိုင်ဖို့ တခါတလေ အရေးပါတယ်။ ဒီလို ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတမျိုးကို *လူတဦးတယောက်ရဲ့ အီးမေးလ် စာများကို စာဝှက်ခြင်းနဲ့ စစ်မှန်ကြောင်း ပြခြင်း * အပိုင်းထဲက၊အဆင့်မြင့် အီးမေးလ် လုံခြုံရေး အောက်မှာ ဖော်ပြထားတယ်။
သင့်ရဲ့ အီးမေးလ် အကောင့် သီးသန့်ဖြစ်မှုဟာ အချိုးဖောက်ခံရတယ်လို့ သင်ယူဆရင် သင်ဆက်လက် လုပ်ဆောင်ရမဲ့ အချက်ကို သိထားဖို့ လိုတယ်။ သံသယဖြစ်ဖွယ် အီးမေးလ် စောင့်ကြည့်မှု အကြောင်း သိကောင်းစရာများ အပိုင်းက ဒီမေးခွန်းကို ရှင်းလင်းထားတယ်။
အကယ်လို့ သင်ရိုက်ထည့်လိုက်တဲ့ အရာအားလုံးကို spyware က မှတ်ထားပြီး အင်တာနက်ကနေ ကြားလူ တဦးတယောက်ဆီ ပုံမှန် ပေးပို့နေတယ်ဆိုရင် အဲဒီ အီးမေးလ် လုံခြုံရေးက ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ သိထားပါ။ အခန်း ၁ - ကွန်ပျူတာကို malware နဲ့ hacker များ ရန်မှ ကာကွယ်နည်းထဲမှာ ဒီလို အဖြစ်မျိုးကို တားဆီးနိုင်တဲ့ အကြံဉာဏ်တချို့ကို ပေးထားပြီး အခန်း ၃ - လုံခြုံမှုရှိတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း က အောက်မှာ ဖော်ပြထားတဲ့ အီးမေးလ်အတွက် သုံးတဲ့ အကောင့်များနဲ့ အရံသင့် စာတိုပေးပို့ရေး ကိရိယာများကို ကာကွယ်တဲ့ နေရာမှာ အထောက်အကူ ပေးလိမ့်မယ်။
သင့်ရဲ့ webmail ကို သီးသန့်ထားခြင်း
အင်တာနက်ဟာ ဖွင့်ထားတဲ့ ကွန်ရက်တခု ဖြစ်ပြီး အဲဒီကတဆင့် အချက်အလက်ကို ဖတ်နိုင်တဲ့ ပုံစံနဲ့ ပုံမှန် စီးဆင်း သွားလာနေတယ်။ အကယ်လို့ သာမန် အီးမေးလ် စာတခုဟာ လက်ခံရရှိမဲ့သူထံ သွားနေတဲ့ လမ်းမှာ ကြားဖြတ်ခံနေရရင်၊ အဲဒီ စာကို အလွယ်တကူပဲ ဖတ်ယူနိုင်မှာ ဖြစ်တယ်။ အင်တာနက် ဆိုတာ တိုက်ရိုက် စီးဆင်းနိုင်ဖို့ ကြားခံ ကွန်ပျူတာတွေကို အမှီပြုနေတဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာ့ ကွန်ရက်ကြီးပဲ ဖြစ်တယ်၊ ဒီလိုနည်းနဲ့ စာတစောင်ကို လူအမျိုးမျိုးက ကြားဖြတ်နိုင်တဲ့ အခွင့်အလမ်း ရသွားကြတာ ဖြစ်တယ်။ သင့်ရဲ့ အင်တာနက် ဝန်ဆောင်မှု ပံ့ပိုးသူ ISP* ဟာ အီးမေးလ်စာ တစောင်ကို လက်ခံမဲ့သူဆီ သွားနေတဲ့ လမ်းကြောင်း စတင်တဲ့နေရာဖြစ်သလို၊ စာကို ပထမဆုံး လက်ခံတဲ့သူလ ည်းဖြစ်တယ်။ ဒီလိုပဲ၊ လက်ခံရရှိသူရဲ့ ISP* ဟာ သင့်ရဲ့ စာကို မလွှဲပြောင်းပေးခင် နောက်ဆုံး ရပ်နားတဲ့ နေရာ ဖြစ်တယ်။ ကြိုတင်ကာကွယ်မှု တချို့ လုပ်မထားရင်၊ သင့်ရဲ့ စာတွေကို နေရာတခုခုမှာ၊ ဒါမှမဟုတ် ကြားနေရာတွေမှာ ဖတ်ရှုခံရနိုင်သလို အနှောင့်အယှက်ပေး ခံရနိုင်တယ်။
ပါပလို - ကျွန်တော်ဟာ ဒီအကြောင်း အားလုံးကို ကျွန်ုပ်တို့ရဲ့ မိတ်ဖက် တယောက်နဲ့ စကားပြောခဲ့ကြတယ်၊ သူမက သူနဲ့ သူမရဲ့ လုပ်ဖော်ဆောင်ဖက်တွေက အရေးကြီးတဲ့ စာတွေကို တခါတလေ စကားဝှက် တခုထဲကို ဝိုင်းသုံးနေကြတဲ့ webmail အကောင့်တခုရဲ့ 'Drafts' ဖိုင်တွဲထဲမှာ သိမ်းထားကြတယ်လို့ ပြောတယ်။ ဒါဟာ ကျွန်တော့်အတွက် အတော်လေး ထူးဆန်းနေသလိုပဲ၊ ဒါပေမဲ့ ဒါဟာ အလုပ် ဖြစ်ပါ့မလား။ ဆိုလိုတာက၊ အဲဒီစာတွေကို တကယ် ပေးပို့တာ မဟုတ်တဲ့အတွက်၊ တယောက်ယောက်က ဖတ်လို့ မရအောင် တားဆီးနိုင်ပါ့မလား။
ဂလော်ဒီယာ - သင့်ရဲ့ ကွန်ပျူတာမှာ အီးမေးလ်တစောင် ဖတ်ရှုတဲ့ အခါတိုင်းမှာ၊ အကယ်၍ အဲဒါဟာ 'draft' တခုပဲ ဖြစ်နေပါစေ၊ ၄င်းရဲ့ အကြောင်းအရာတွေကို အင်တာနက် တခုလုံးကနေ သင့်ဆီ ပေးပို့နေတယ်။ ဒါမှမဟုတ်၊ သင့်ရဲ့ ဖန်ပြင်ပေါ်မှာ ပေါ်လာနိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်နော်။ တကယ်လို့ တယောက်ယောက်က သင့်ကို စောင့်ကြည့်နေတယ် ဆိုရင်၊ သင့်ရဲ့ အီးမေးလ်စာတွေကိုပဲ စောင့်ကြည့်နေတာ မဟုတ်ဘူး၊ သင့်ကွန်ပျူတာ ထဲကနေ ဝင်ထွက်နေတဲ့ ဖတ်လို့ရတဲ့ အချက်အလက်အားလုံးကို သူတို့ စကင်ဖတ်နိုင်တယ်။ နောက်တမျိုးနဲ့ ပြောရရင်၊ လူတိုင်းက လုံခြုံတဲ့ နည်းနဲ့ အဲဒီ webmail အကောင့်ကို မဆက်သွယ်ထားရင် ဒီနည်းနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ ဆက်သွယ်ထားရင်တော့ သီးခြား အကောင့်တွေကို ဖန်တီးရာမှာ ဒါမှမဟုတ် ဆက်လက်ပြီး 'send' ခလုတ်ကို နှိပ်တဲ့အတွက် ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး။
သင့်ရဲ့ ကွန်ပျူတာနဲ့ သင် ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေ အကြားက အင်တာနက် ဆက်သွယ်မှုလိုင်းဟာ အချိန်အတော်ကြာကြာ လုံခြုံမှုကို ပေးနိုင်ပါတယ်။ ကွန်ရက် စာမျက်နှာတွေမှာ စကားဝှက်တွေ (သို့) အကြွေးဝယ်ကဒ် အချက်အလက်ကို ရေးထည့်တဲ့ အချိန်မှာ ဒီလို လုံခြုံရေး အဆင့်မျိုးကို ရင်ဆိုင်ရတတ်တယ်။ Secure Sockets Layer SSL စာဝှက်စနစ်လို့ ခေါ်တဲ့ နည်းပညာက ဒါကို လုပ်ဆောင်ပေးနိုင်တယ်။ SSL ကို သုံးသလား မသုံးဘူးလား ဆိုတာကို ကွန်ရက် ဘရော်ဆာရဲ့ လိပ်စာတန်းကို ကြည့်ပြီး သင် ပြောနိုင်တယ်။
ကွန်ရက် လိပ်စာ အားလုံးဟာ အောက်က ဥပမာထဲမှာ တွေ့ရသလိုပဲ သာမန် အားဖြင့် HTTP စာလုံးနဲ့ စလေ့ရှိတယ် -
သင်ဟာ လုံခြုံမှု ရှိတဲ့ ကွန်ရက်တခုကို ကြည့်ရှုတဲ့အခါ၊ ၄င်းရဲ့ လိပ်စာဟာ HTTPS နဲ့ စနေမှာ ဖြစ်တယ်။
အဆုံးပိုင်းက အပို S က သင့်ရဲ့ ကွန်ပျူတာဟာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်းကို သုံးပြီး ကွန်ရက် စာမျက်နှာ တခုကို ဖွင့်နေတဲ့အကြောင်း အချက်ပြတာပဲ ဖြစ်တယ်။ 'သော့ခတ်'တဲ့ သင်္ကေတတခုကိုလည်း address bar နဲ့ သင့်ရဲ့ ဘရော်ဆာ ဝင်းဒိုး အောက်ခြေက status bar မှာ သင် တွေ့ရှိနိုင်တယ်။ ဒါဟာ သင့်ရဲ့ အင်တာနက် ဆက်သွယ်မှုလိုင်းကို စောင့်ကြည့်နေတဲ့ သူတွေက သင့်ရဲ့ ကွန်ရက်စာမျက်နှာ တခုခု ဆက်သွယ်နေတာကို ခိုးနားထောင်လို့ မရနိုင်တော့တဲ့ သဲလွန်စတွေ ဖြစ်တယ်။
စကားဝှက်တွေနဲ့ ငွေကြေး ပေးပို့မှုတွေနဲ့ ပါတ်သက်ပြီး၊ ဒီလို စာဝှက်စနစ် ဟာ သင့်ရဲ့ webmail လုံခြုံရေး အတွက် ကွက်တိဖြစ်တယ်။ ဒါပေမဲ့၊ webmail ဝန်ဆောင်မှုပေးသူ အများအပြားက လုံခြုံမှု ရှိတဲ့ ချိတ်ဆက်မှုမျိုးကို ပံ့ပိုးမပေးကြဘူး၊ တချို့ကတော့ အဲဒါကို preference တခုကို ချိန်ညှိလိုက်ပြီးတော့၊ ဒါမှမဟုတ် လက်နဲ့ HTTPS ကို ရိုက်ထည့်ပြီးတော့ ဖွင့်လိုက်ဖို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကွန်ရက်ထဲ မဝင်ခင်၊ သင့်ရဲ့ စာကို မဖတ်ခင် ဒါမှမဟုတ် စာတစောင် မပို့ခင် သင့်ရဲ့ ဆက်သွယ်မှုလိုင်းဟာ လုံခြုံမှု ရှိမရှိ အမြဲတမ်း စစ်ဆေးရမယ်။
အကယ်လို့ သင့်ရဲ့ ဘရော်ဆာဟာ လုံခြုံမှု ရှိတဲ့ webmail အကောင့်တခုကို ဝင်ရောက်ဖို့ ကြိုးစားနေစဉ် invalid security certificates ကို ပြလာရင် သင် အနီးကပ် သတိထားရတော့မယ်။ ၄င်းက တယောက်ယောက်ဟာ သင့်ရဲ့ စာတွေကို ကြားဖြတ်နိုင်ဖို့ သင့်ကွန်ပျူတာနဲ့ ဆာဗာအကြားက ဆက်သွယ်မှု လမ်းကြောင်းကို အနှောင့်အယှက် ပေးနေတာကို ဖော်ပြတယ်။ နောက်ဆုံးအနေနဲ့၊ အထိခိုက်မခံတဲ့ အချက်အလက်ကို ဖလှယ်တဲ့ နေရာမှာ webmail ကို သင် အားထားနေရရင်၊ သင့်ရဲ့ ဘရော်ဆာ အပေါ် စိတ်ချလက်ချ ရှိနေရဖို့ အရေးကြီးတယ်။ မော်ဇီလာ Firefoxနဲ့ ၄င်းနဲ့သက်ဆိုင်တဲ့ ဖြည့်စွတ် ဆော့ဗ်ဝဲတွေကို တပ်ဆင်ဖို့ စဉ်းစားပါ။
ပါပလော - ဒီအစီရင်ခံစာနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့နဲ့အတူ အလုပ် လာလုပ်မဲ့သူ တယောက်က သူ ရုံးမတက်တဲ့အချိန်မှာ သူ့ရဲ့ Yahoo webmail အကောင့်ကို သုံးလေ့ရှိတယ်။ အခြား တယောက်က Hotmail ကို သုံးတာကကို သတိရသေးတယ်။ အကယ်လို့ ဒီလူတွေဆီမှာ စာတစောင် ရေးလိုက်ရင်၊ တခြားသူတွေက ဖတ်လို့ ရမလား။
ဂလော်ဒီယာ - ဖြစ်နိင်ပါတယ်။ Yahoo, Hotmail နဲ့ အခြား webmail ဝန်ဆောင်မှု ပေးသူတွေ တော်တော်များများမှာ သုံးစွဲသူတွေရဲ့ စာတွေကို သီးသန့်ဖြစ်စေတဲ့ ကာကွယ်မှုမျိုးကို မပေးနိုင်တဲ့ လုံခြုံ မရှိတဲ့ ကွန်ရက်တွေ ရှိကြတယ်။ အကယ်လို့ အဲဒီသက်သေခံချက်တွေကို လုံလုံခြုံခြုံနဲ့ ဆွေးနွေးစေလိုရင် တချို့လူတွေရဲ့ အကျင့် စရိုက်တွေကို ပြောင်းလဲ ပစ်ရလိမ့်မယ်။
ပိုပြီး လုံခြုံတဲ့ အီးမေးလ် အကောင့်ကို သုံးစွဲခြင်း
Webmail အနည်းစုက သင့်ရဲ့ အီးမေးလ်အတွက် SSL ကို သုံးစွဲခွင့် ပေးထားတယ်။ ဥပမာအားဖြင့်၊ Yahoo နဲ့ Hotmail တို့အထဲကို ဝင်သွားတဲ့အခါ သင့်ရဲ့ စကားဝှက်ကို လုံခြုံစေဖို့ လုံခြုံတဲ့ ဆက်သွယ်မှုလိုင်းတခုကို ပံ့ပိုးပေးထားတယ်၊ ဒါပေမဲ့ သင့်ရဲ့ စာတွေကို လုံခြုံမှု မပါပဲ ရယူ ပေးပို့နေကြတယ်။ နောက်ပြီး Yahoo, Hotmail နဲ့ အခြား အခမဲ့ webmail ဝန်ဆောင်မှု ပေးသူ တချို့က သင် အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ IP လိပ်စာ ကိုပါ သင် ပို့လိုက်တဲ့ စာတွေ အားလုံးထဲမှာ ထည့်သွင်း ထားကြတယ်။
အခြားတဖက်မှာ၊ သင်ဟာ သင့်ရဲ့ ဂျီမေးလ် အကောင့်ထဲကို ဝင်ဖို့ http://mail.google.com/ ကို မသုံးပဲ https://mail.google.com/(HTTPS ပါပြီး) နဲ့ အမြဲသုံးနေရင် ဂျီးမေးလ် အကောင့်တွေကို လုံခြုံမှုရှိတဲ့ ဆက်သွယ်မှုလိုင်းနဲ့ သင် အသုံးနေနိုင်တယ်။ ဂျီးမေးလ်ထဲမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်း တခုကို အမြဲတမ်း အသုံးပြုနေဖို့ preference တခုကို သင် သတ်မှတ်ထားနိုင်တယ်။ Yahoo ဒါမှမဟုတ် Hotmail နဲ့ မတူပဲ ဂျီးမေးလ်ဟာ အီးမေးလ် လက်ခံတဲ့ သူဆီမှာ သင့်ရဲ့IP လိပ်စာကို ဖော်ပြ မပေးဘူး။ ဒါပေမဲ့၊ Google ကို အထိခိုက် မခံတဲ့ အီးမေးလ် ဆက်သွယ်ရေးအတွက် စိတ်ချလက်ချ လုံးဝ မှီခိုနေဖို့ သင့်ကို အားမပေးလိုဘူး။ Google ဟာ သုံးစွဲသူတွေရဲ့ ပေးစာ အကြောင်းအရာတွေကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အရင်ကရော၊ အခုပါ ဒစ်ဂျစ်တယ် လွတ်လပ်မှုကို တားမြစ်တဲ့ အစိုးရရဲ့ တောင်းဆိုချက်အရ စကင်ဖတ်ပြီး မှတ်တမ်းလေ့ရှိတယ်။ Google ရဲ့ သီးခြား မူဝါဒအကြောင်း ပိုမို အချက်အလက်ကို လေ့လာပါ။
ဖြစ်နိုင်ရင်၊ https://mail.riseup.net/ ကို သွားပြီး RiseUp အီးမေးလ် အကောင့်တခုကို သင် ဖွင့်ထားသင့်တယ်။ RiseUp ဟာ ကမ္ဘာတဝှမ်းက လှုပ်ရှားတက်ကြွသူများအတွက် အခမဲ့ အီးမေးလ်ကို ပံ့ပိုးထားပြီး ၄င်းတို့ရဲ့ ဆာဗာထဲမှာ သိုထားတဲ့ အချက်အလက်ကို သတိကြီးကြီးနဲ့ ကာကွယ်ပေးနေကြတယ်။ လုံခြုံမှု ရှိတဲ့ အီးမေးလ် ဖြေရှင်းနည်းတွေကို လိုအပ်နေသူတွေအတွက် အချိန်အတော်ကြာ စိတ်ချရတဲ့ အရင်းအမြစ်တခု အဖြစ် ရပ်တည်လာခဲ့တယ်။ Google နဲ့ မတူပဲ၊ သုံးစွဲသူများရဲ့ သီးသန့်ဖြစ်မှုနဲ့ ပါတ်သက်တဲ့ အလွန် တင်းကျပ်တဲ့ မူဝါဒတခု ထားရှိကြပြီး နောင်တချိန်မှာ အဲဒီ မူဝါဒတွေနဲ့ ငြိစွန်းလာနိုင်တဲ့ စီးပွားရေး ဆန်တဲ့ အကျိုးတွေကို မမျှော်ကိုးထားဘူး။ RiseUp အကောင့်တခုကို ဖွင့်ဖို့၊ 'ဖိတ်ကြားတဲ့ ကုဒ်' နှစ်ခု ရှိထားဖို့ လိုတယ်။ ဒီကုဒ်တွေကို RiseUp အကောင့်တခု ရှိထားပြီးတဲ့ လူတွေဆီကနေ ရယူနိုင်တယ်။ အကယ်လို့ သင့်မှာ ဒီစာစောင်ငယ် မိတ္တူတခု ရရှိထားရင်၊ သင့်ရဲ့ 'ဖိတ်ကြားတဲ့ ကုဒ်များ' ကို တပါးထဲ သင်ရရှိနေမှာ ဖြစ်တယ်။ ဒါမှမဟုတ်၊RiseUp သုံးစှဲသူ သုံးစွဲသူ နှစ်ယောက်ကို ရှာပြီး သင့်ကို ကုဒ် တခု ပို့ပေးဖို့ တောင်းခံရမှာ ဖြစ်တယ်။
Gmail နဲ့RiseUp တို့ဟာ webmail ၀ဝန်ဆောင်မှု ပေးသူတွေထက် ပိုတယ်။ သူတို့ကို အဆင့်မြင့် အီးမေးလ် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေကို ပံ့ပိုးပေးတဲ့ မော်ဇီလာ Thunderbird လို အီးမေးလ် ဂလိုင်းတခုနဲ့လည်း အသုံးပြုနိင်တယ်။ သင့်ရဲ့ အီးမေးလ် ဂလိုင်းဟာ သင့်ရဲ့ ဆာဗာဆီ စာဝှက်ထားတဲ့ ဆက်သွယ်မှုလိုင်း တခုက တဆင့် သင့်ရဲ့ webmail ဆီကို HTTPS ကနေ ဝင်ရောက်တဲ့ ပုံစံအတိုင်း ဖြတ်သန်းစေတယ်။ အကယ်လို့ သင်ဟာ အီးမေးလ် ဂလိုင်းကို အသုံးပြုနေရင်၊ နောက်ဆက်တွဲ အသေးစိတ်ကို Thunderbird လမ်းညွှန်လမ္းၫႊန္ထဲမွာ လေ့လာပါ။ သင်ဟာ သင့်ရဲ့ ပေးစာ ဆာဗာတွေရဲ့ အဝင်အထွက် နှစ်ခုစလုံးအတွက် SSL ဒါမှမဟုတ် စာဝှက်စနစ်ကို ဖွင့်ထားရမယ်။
ပါပလော - RiseUp ကို ပြောင်းသုံးရမလား ဒါမှမဟုတ် Gmail ကိုပဲ ဆက်သုံးပြီး လုံခြုံတဲ့ 'https' လိပ်စာကိုပဲ ပြောင်းလိုက်ရမလား။
ဂလော်ဒီယာ - ဒါဟာ သင့်ကိစ္စပဲ၊ ဒါပေမဲ့ အီးမေးလ် အကောင့်တခုကို သင် ရွေးချယ်တဲ့အခါ စဉ်းစားရမဲ့ အချက် အနည်းငယ် ရှိတယ်။ ပထမ အချက်ကတော့၊ သူတို့က သင့်အကောင့်နဲ့ လုံခြုံမှုရှိတဲ့ ဆက်သွယ်မှုလိုင်းတခုကို ထားပေးကြသလား။ ဂျီးမေးလ်က ဒါကို လုပ်ပေးတယ် ဆိုတော့် အိုကေပါပဲ။ ဒုတိယ အချက်အနေနဲ့၊ စီမံခန့်ခွဲတဲ့သူတွေက သင့်ရဲ့ အီးမေးလ်ကို သီးသန့်ထားပေးမယ်၊ လုံးဝ မဖတ်ဘူး (သို့) အခြားသူတွေဆီ ဝေမျှနေမှာ မဟုတ်ဘူးလို့ သင်စိတ်ချနိုင်သလား။ အဲဒါကတော့ သင်သဘောပဲ။ နောက်ဆုံးအနေနဲ့၊ အဲဒီ ဝန်ဆောင်မှုပေးတဲ့ သူက သိရှိသွားတဲ့အရာဟာ သင့်အနေနဲ့ လက်ခံနိုင် မခံနိုင်ကို စဉ်းစားဖို့ လိုတယ်။ နောက်တမျိုးအနေနဲ့၊ တက်ကြွလှုပ်ရှားသူတွေ အကြားမှာ ရေပမ်းစားနေတဲ့ 'riseup.net' နဲ့ အဆုံးသတ်တဲ့ အီးမေးလ် လိပ်စာ တခုခုကို အသုံးပြုတာဟာ သင်အတွက် အန္တရာယ် ဖြစ်နေမလား၊ (သို့) တခြား ပုံမှန် 'gmail.com' လိပ်စာမျိုးကိုပဲ သုံးတာ ကောင်းမလား။
သင် အသုံးပြုဖို့ ဆုံးဖြတ်ထားတဲ့ လုံခြုံမှုရှိတဲ့ ဘယ် အီးမေးလ် ကိရိယာတွေမှာ မဆို၊ ပေးပို့တဲ့ စာတိုင်းမှာ ပေးပို့သူနဲ့ လက်ခံသူ တဦး ဒါမှမဟုတ် ဒီထက်များများ ရှိနိုင်တာကို သတိပြုပါ။ သင်ကိုယ်တိုင်ဟာ ဒီရုပ်ပုံလွှာရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်။ အကယ်လို့ သင့်ရဲ့ အီးမေးလ် အကောင့်ထဲကို လုံလုံခြုံခြုံ ဝင်ရောက်နိုင်ရင်တောင်၊ စာတွေကို ပေးပို့တဲ့အခါ၊ ဖတ်ရှုတဲ့အခါနဲ့ စာပြန်တဲ့အခါ သင့်ရဲ့ အဆက်အသွယ်တွေက မသိထားတဲ့ ကြိုတင် ကာကွယ်မှုတွေကို လုပ်ဖို့ စဉ်းစားပါ။ သင့်ရဲ့ အဆက်အသွယ်များကို အီးမေးလ် ဝန်ဆောင်မှုပေးတဲ့ သူတွေ ရှိတဲ့နေရာကို လေ့လာပါ။ ပုံမှန်အနေနဲ့၊ အီးမေးလ် စောင့်ကြည့်မှုနဲ့ ပါတ်သက်လာရင် တချို့လူတွေဟာ အခြားသူတွေထက် ပိုပြီး ရန်လိုတတ်ကြတယ်။ သီးသန့် ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းနိုင်ဖို့ သင်နဲ့ သင့်ရဲ့ အဆက်အသွယ် အားလုံးက အတော်လေး စိတ်ချရတဲ့ နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ လုံခြုံမှုရှိတဲ့ အီးမေးလ် ဝန်ဆောင်မှုတွေကို သုံးစွဲကြရမယ်။ စာပေးပို့ချက်တွေဟာ သင့်ရဲ့ အီးမေးလ် ဆာဗာနဲ့ အဆက်အသွယ် တခုခုရဲ့ အီးမေးလ် ဆာဗာ အကြားမှာ ကြားဖြတ်ခံရမှု မရှိရလေအောင် သေချာမှု ရှိစေလိုရင်၊ အကောင့်တွေကို ဝန်ဆောင်မှုပေးတဲ့ သူတဦးဦးထံကနေ အသုံးပြုဖို့ ရွေးချယ်ရမယ်။ RiseUp ဟာ ရွေးချယ်သင့်တဲ့ အရာတခုပဲ။
သင့်ရဲ့ အီးမေးလ် လုံခြုံရေးကို တိုးမြှင့်စေတဲ့ နောက်ဆက်တွဲ သိကောင်းစရာများ
- သင်မသိထားတဲ့သူ (သို့) သံသယ ဖြစ်စရာ အကြောင်းအရာပါပြီး သင် မျှော်လင့်မထားတဲ့ အီးမေးလ် ပူးတွဲဖိုင်တွေကို ဖွင့်တဲ့အခါ အမြဲတမ်း သတိထားပါ။ ဒီလို အီးမေးလ်တွေကို ဖွင့်တဲ့အခါ၊ သင့်ရဲ့ ဗိုင်းရပ်စ်သတ်-ကိရိယာဟာ နောက်ဆုံးထွက် ဖြစ်နေဖို့ လိုပြီး သင့်ရဲ့ ဘရော်ဆာ ဒါမှမဟုတ် အီးမေးလ် ပရိုဂရမ်မှာ ပေါ်လာတဲ့ သတိပေးချက်တွေကို အထူး ဂရုစိုက်ပါ။
- အခန်း ၈ - အင်တာနက်ပေါ်မှာ အမည်ဝှက်ပြီး စီစစ် ဖြတ်တောက်မှုကို ရှောင်လွဲနည်းထဲမှာ ဖော်ပြထားတဲ့ Tor လို အမည်ဝှက်ထားပေးတဲ့ ဆော့ဗ်ဝဲက သင် ရွေးချယ် သုံးစွဲတဲ့ အီးမေးလ် ဝန်ဆောင်မှုကို သင့်ရဲ့ အင်တာနက် ဆက်သွယ်ရေးကို စောင့်ကြည့်နေတဲ့ လူတွေရဲ့ ရန်ကနေ ဝှက်ထားပေးနိုင်တယ်။ သင့်နိုင်ငံရဲ့ အင်တာနက် စီစစ်မှု အနေအထားအပေါ် မူတည်ပြီး၊ Torဒါမှမဟုတ် အခန်း ၈ မှာ ဖော်ပြထားတဲ့ အခြား ရှောင်တိမ်းရေးကိရိယာများထဲက တခုခုနဲ့ RiseUp ဒါမှမဟုတ် Gmail စတဲ့ လုံခြုံမှု ရှိတဲ့ အီးမေးလ် ပံ့ပိုးသူ တခုခုကို အသုံးပြုရလိမ့်မယ်။
- သင့်ရဲ့ ကိုယ်ပိုင် အီးမေးလ် လက်ခံသူတွေ၊ ဒါမှမဟုတ် အီးမေးလ်နဲ့ သတင်းတွေကို တင်ပို့လေ့ရှိတဲ့ လူထု ဆွေးနွေးခန်းတွေဆီကနေ နာမည်မဖော်ပဲ အသုံးနိုင်တဲ့ အကောင့်တခုကို သင် ဖွင့်လိုက်တဲ့အခါ၊ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် ကျွမ်းကျင်မှုနဲ့ ပါတ်သက်တဲ့ ဘဝနဲ့ ဆက်စပ်တဲ့ သုံးစွဲသူအမည်တို့၊ ဒါမှမဟုတ် 'နာမည်အပြည့်အစုံ' တခုခုကို သုံးပြီး မှတ်ပုံမတင်မိဖို့ ဂရုစိုက်ပါ။ ဒီလို အခြေအနေမှာ၊ Hotmail, Yahoo ဒါမှမဟုတ် သင့်ရဲ့ IP လိပ်စာ ကို စာနဲ့ တကွ ပေးပို့လေ့ရှိတဲ့ အခြား webmail ဝန်ဆောင်မှု ပေးသူတွေကို အသုံးမပြုဖို့ အရေးကြီးတယ်။
- သင့်ရဲ့ ကွန်ပျူတာကို ကိုယ်တိုင် ဝင်ရောက်သုံးစွဲနိုင်တဲ့ လူအပေါ်မှာ မူတည်ပြီး၊ သင့်ရဲ့ ယာယီ ဖိုင်တွေထဲက အီးမေးလ်နဲ့ ပါတ်သက်တဲ့ ခြေရာဖိုင်တွေကို ရှင်းလင်းတာဟာ သင့်ရဲ့ ပေးစာတွေကို အင်တာနက်ပေါ်ကနေ ပေးပို့တဲ့ နေရာမှာ အကာအကွယ် ပေးထားသလို အရေးကြီးနေတယ်။ အသေးစိတ်ကို သိလိုရင် အခန်း ၆။ အထိခိုက်မခံတဲ့ အချက်အလက် ဖျက်ဆီးနည်း နဲ့ CCleaner လမ်းညွှန်ကို လေ့လာပါ။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....