
ဒါပေမယ့် တကယ် ဟုတ်မဟုတ် အချက်အလက်တွေ လေ့လာနေခဲ့လို့ .. ဒီလောက်ကြာသွားတာပါ ...
၂၀၁၀ ခုနှစ် ဇူလိုင် ၉ ရက်နေ့က တရုတ်နိုင်ငံ ချွန်ဇူး ပြည်နယ် Xaioshan လေဆိပ် အထက် ကောင်းကင်ယံမှာ အမျိုးအမည်အသိ ယာဉ်တစ်စီး ပျံသန်းသွားခဲ့ပါတယ် ... အဲဒီယာဉ်ဟာ ရေဒါမှ လုံးဝထောက်လှမ်းလို့မရတဲ့အတွက် ... အဲဒီ လေဆိပ်ရဲ့ ပျံသန်းဆင်းသက်မှု လုပ်ငန်းဟာ ၂ နာရီလောက် နောက်ကျသွားရပါတယ် ...။ နောက်ပြီး လေယာဉ် ၁၆ စီးရဲ့ ပျံသန်းဆင်းသက်မှု ရပ်ဆိုင်းခဲ့ရသလို ထွက်ခွာ၊ လာရောက်သူ ခရီးသည် စုစုပေါင်း ၂၀၀၀ လောက် ခရီးစဉ် ဖျက်သိမ်းခဲ့ရပါတယ် ...။ နောက်မကြာမီမှာ လေဆိပ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ် ..။ ဒီသတင်းကို သူတို့နိုင်ငံက သတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ် ...။
Disclose.tv - UFO Disrupts Air Traffic in East China July 2010 Video
Disclose.tv - UFO Wormhole in Urumqi China - News Report Video
Disclose.tv - UFO WORMHOLE SPIRAL CHINA JULY 2010 ALIENS Video
အဲဒီယာဉ်ပျံဟာ ကြယ်တံခွန်ကဲ့သို့ အလင်းမှုန်များကို ထုတ်လွှတ်ဖြာထွက်စေပြိး သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ ကမ္ဘာမြေကောင်းကင်ယံထက်က ပျံသန်းသွားခဲ့တာပါ ...။ လေယာဉ်ထက် မြန်ပြီး .. အသံလုံးဝမထွက်သလို ... အလင်းရောင်တန်းကလည်း ရှည်လျားတဲ့အတွက် ပညာရှင်များက ကမ္ဘာမြေပြင်ကနည်းပညာနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ယာဉ်ပျံမဟုတ်ဘူးဆိုတာ ကောက်ချက်ချကြပါတယ် ..။ တာဝေးပစ်ဒုံးပျံတွေ .. အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေက ဒီလို အလင်းထုတ်လွှတ်မှုမျိုး မလုပ်နိုင်ကြပါဘူး ..။ အဲဒီအမျိုးမည်မသိ ယာဉ်ပျံ (UFO) ကို အောက်ကကြည့်နေသူများက ဓာတ်ပုံရိုက်သူရိုက်၊ ဗီဒီယိုရိုက်သူရိုက်နဲ့ အလုပ်ရှုပ်ကုန်ကြပါတယ် ...။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားက ဟောထားခဲ့ပါတယ် .. အနန္တစကြာဝဠာ .. အနန္တ သတ္တ၀ါ လို့ .....စကြာဝဠာလည်း အများကြီး ..သတ္တ၀ါလည်း အများကြီးလို့ ..။
၂၀၁၀ မှာ ၂၁ရာစုရဲ့ အတော်ဆုံးသိပံပညာရှင် စတီဗင်ဟော့ပ်ကင်းကလည်း ပြောထားခဲ့ပါတယ် ... ကမ္ဘာကြီးတစ်ခုတည်းမှာပဲ ..သတ္တ၀ါဆိုတာ ရှိတာမဟုတ်ဘူးလို့ ..။
ကမ္ဘာလူသားတွေထက် .. နည်းပညာအဆင့်အတန်း မှန်းဆလို့မရအောင်မြင့်မားတဲ့ .. သက်ရှိတွေရှိနေတယ်ဆိုတာကို ....ကြေညာခဲ့ဖူးပါတယ်..။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ၀န်းကျင်က အီဂျစ်နိုင်ငံ ဖယ်ရိုဘုရင်တွေရဲ့ ပိရမစ်တွေထဲက ကျောက်ပန်းချီတွေမှာ .. သူတို့ရဲ့ ..နတ်ဘုရားတွေ ... တောက်ပတဲ့ ယာဉ်ပျံတွေကို စီးနင်းလာရောက်ပြီး သူတို့ကို နည်းပညာတွေ ...တန်ခိုးတွေပေးတဲ့အကြောင်းတွေ ရေးဆွဲထားခဲ့ပါတယ်...။

(နက်ရှိုင်းတဲ့ ပင်လယ်ထဲက ကျောက်တုံးတွေကို ပိရမစ်ဆောက်ဖို့ ဘယ်လိုနည်းပညာနဲ့ စတုဂံပုံ ခွဲစိတ်ဖြတ်တောက်.. သဲကန္တာရထဲကိုသယ်ယူပြီး အခုခေတ် သင်္ချာပညာရဲ့ အနက်ရှိုင်းဆုံး သီအိုရီတွေကို အသုံးပြုပြီး ... ထောင့်မှတ်ကျအောင်၊ ပြီးတော့ ဘုရင်ထားတဲ့ အခန်းထဲမှာ အလင်းရောင်လုံလောက်စွာရအောင် .. 4D နည်းပညာကို အတိအကျသုံးပြီးတည်ဆောက်ခဲ့တာ ..... သာဓကတစ်ခုပါ ..)

အခုခေတ် ပညာရှင်တွေ အီဂျစ်က အကြီးဆုံး ပိရမစ်တစ်ခုကို သမုဒရာအောက်က ကျောက်တုံးတွေနဲ့ အခုခေတ်နည်းပညာနဲ့သယ်ယူတည်ဆောက်ရင် အချိန်ဘယ်လောက်ကြာမယ် ဆိုတာ ..တွက်ဖူးကြပါတယ်.. အပေါ်ထိပ်က အချောသတ်သလို အားလုံး အချောသတ်အပြီးဆိုရင် ..အနည်းဆုံး နှစ်၃၀ လောက်ကြာမှာပါ ..။ ဒါပေမယ့် ..လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ၆၀၀၀ လောက်ကလည်း တည်ဆောက်ချိန် လေးဆယ့်ငါးနှစ်လောက်ပဲ ကြာခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရသိရပါတယ် ...ဘုရင်တပါး နန်းမတက်ခင် ကြိုဆောက်တာပါ ...။ ) ဒါတွေဟာ ...တကယ်ဖြစ်ခဲ့တာတွေပါ ...။
အဲဒါတွေကို ... ကိုယ့်သူငယ်ချင်းတွေ ... လေ့လာသုံးသပ်နိုင်အောင် ... ဝေမျှတာပါ ...။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....