သူငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာ
သီဟလည်းအဲ့ဒါကို(၂၂.၁၁.၂၀၁၀) ညမှသိရတာပါ
သီဟမနေနိုင်တာနဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်
Google Search Page ကိုစဖွင့်လိုက်မယ်ဆိုတာနဲ့
ဒီအောက်ကပုံလေးလိုမျိုးတွေ့မှာပါ

အဲ့လိုပုံမျိုးဖြစ်အောင် အောက်မှာပြထားတဲ့အတိုင်းလေး ပြောင်းမယ်နော်

သီဟအရင်ကသိထားတာလေးရှိတယ်
အဲဒါက ကိုယ့်ကွန်ပျူတာထဲကပုံကိုပြောင်းတာပါ
ဒါပေမယ့်သူက ကိုယ့်မေးလ်ကိုဝင်ပြီးမှလုပ်လို့ရတာမို့ သိပ်မကောင်းတာနဲ့ သီဟမတင်ပေးတာပါ
ပြောနေကြာပါတယ် ။ ပြောပြမယ်နော်
အရင်ဆုံး ဒီနေရာလေးကိုအရင်သွားလိုက်ပါဒီလိုပုံမျိုးမြင်ရပါ့မယ်

ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး Select ပေးလိုက်ရင်
ဒီလိုဘောက်လေးတစ်ခုထက်ပေါ်လာပါ့မယ်

အဲ့ထဲမှာ Home ကိုပေးလိုက်မယ်ဆိုရင် အားလုံးအဆင်ပြေပါပြီ
ဒါပေမယ့် ကိုယ်ဖွင့်လိုက်တိုင်း အဲ့လိုပုံမျိုးလေးဖြစ်ချင်တယ်ဆိုရင်တော့
အရင်ဆုံး လင့်လေးကို မှတ်ထားပါ့မယ်

အဲ့လင့်လေးကို Copy ယူပြီးရင်
အပေါ်ဆုံးမှာရှိတဲ့ Tools ထဲက Option ကိုသွားပါ
ပြီးရင် General ထဲက Home page မှာ Paste ပေးလိုက်
ပြီး OK ပေးလိုက်ပေါ့နော်
ဒါဆိုဖွင့်လိုက်တိုင်းအဲ့ပုံလေးပေါ်နေမှာပါ
Gmail သွားချင် Gmail ပေးလိုက်ပါ Yahoo သွားချင် Yahoo ပေးလိုက်တာနဲ့အားလုံးအဆင်ပြေပြေဝင်လို့ရမှာပါ
ကိုယ်မကြိုက်တော့ရင်လည်း Home Page မှာ www.google.com လို့ပြန်ရေးပြီး OK ထက်ပေးလိုက်ပေါ့
သူငယ်ချင်းများအားလုံး စိတ်ချမ်းသာပါစေ

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....