ကိုယ့်လူတို့ ကိုယ့် Gmail ရဲ့password ကိုသူများကသိသွားပြီဆိုပါဆို့။
ကိုယ့်ရဲ့ password ကိုအမြန်ပြောင်းဖို့လိုလာပါပြီ။
ဒါကြောင့်အသုံးလိုမယ်ထင်လို့ကျွန်တော်သိသလောက်ဖော်ပြတာပါ။
ပထမဆုံးကိုယ့်ရဲ့ Gmail webpage ကိုဝင်ပြီးရင် စာမျက်နှာအပေါ်ဆုံးမှာရှိတဲ့ setting ကိုဝင်ပါ။
Accounts and Import ထဲကိုဝင်ပါ။
ထိုစာမျက်နှာအောက်က Google account setting ကိုဝင်ပါ။
ပြီးရင် security ဘေးက change password ကို ရွေးချယ်လိုက်ပါ။
Current password နေရာမှာ ကိုယ့်ရဲ့အရင် password ကိုထည့်ပေးရပါမယ်။
ယခင်က password ကိုလဲမေ့နေပြီဆိုရင်တော့ သင်ရဲ့ Gmail account စစလုပ်ချင်းကမေးထားတဲ့ မေးခွန်းကိုပြောင်းပြီး အရင်ကဖြေထားတဲ့အဖြေကိုထည့်ပေးလဲရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဖြေထားတဲ့အဖြေကမတူတာကြောင့်တိတိကျကျမဖော်ပြလိုက်ခြင်းပါ။
New password နေရာမှာကတော့သိတဲ့အတိုင်း password အသစ်ကိုထည့်ပေးရပါမယ်။
Confirm new password နေရာမှာတော့ ကိုယ်ပေးထားတဲ့ password အသစ်အတိုင်းထပ်တူထည့်ပေးရပါမယ်။
၎င်းတို့ကိုလုပ်ဆောင်ပြီးပါက Save နေရာတွင်Click တစ်ချက်နှိပ်လိုက်ပါ။
ဒါဆို သင့် Gmail account ရဲ့ password ကို ပြောင်းလဲပြီးဖြစ်ပါတယ်။

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....