အခုတလောမှာ မနက်ခင်းပိုင်းတွေဆိုရင် Connection တွေကျနေတာတွေ့ရပါတယ်။Gmail
Gtalk ဖွင့်လို့မရပါဘူး။လူသုံးများတဲ့
Social Network တွေပဲဖြစ်နေတာလားတော့မသိပါ။Connection ကျခြင်းရဲ့
အကျိုးဆက်ကတော့ User တွေစိတ်ညစ်ရပါတယ်။
Internet ဆိုင်တွေလည်း စိတ်ညစ်ရပါတယ်။ဘာလို့ Connection
ကျရသလဲဆိုတာမသိပေမယ့် ကျနေတာတော့သေချာပါတယ်။
အရင်ကမနက် ၉နာရီ ၁၀နာရီ ဆိုရင် Online User 800လောက်ရှိတဲ့ FOREVERFRIENDဆိုဒ်ဟာ အခုဆိုရင် ၂၀ ကျော် ၃၀ လောက်ပဲ
ရှိတော့တာသတိထားမိပါတယ်။အတည်ပြုလို့မရနိုင်သေးတဲ့သတင်းတစ်ခုအရတော့
Connection ဟာ ၁၁လပိုင်းကုန်လောက်ထိကျဆင်း
နေဦးမယ်လို့သိရပါတယ်။ကောလဟာလတွေကလည်းရွေးကောက်ပွဲပြီးမှ
ကောင်းနိုင်မယ်လို့ဆိုကြပါတယ်။့ FTTH (Fiber To The Home)
ဖိုင်ဘာစနစ်ကိုပေါ်လွင်အောင်လို့၊လူကြိုက်များအောင်လို့၊ရောင်းရအောင်လို့
Connection တွေနှေးရတယ်လို့ဆိုနေသူတွေလည်း
ရှိပါတယ်။နည်းပညာအခက်အခဲကြောင့်လို့ပြောတဲ့သူတွေလည်းရှိပါတယ်။ဘာပဲပြောပြော
Connection ကျနေတာတော့သေချာပါတယ်။
FTTH စနစ်ကြောင့်စိတ်ညစ်နေရတဲ့အင်တာနက်ဆိုင်တွေဟာ အခုဆိုရင် FTTH
မလာခင်Connection တွေကျနေတာကြောင့်အခက်တွေ့
နေရပါတယ်။FTTH လာရင် FTTH
ဆိုင်တွေကိုပဲသွားကြတော့မယ်ဆိုတဲ့လူတွေလည်းရှိပါတယ်။ ကီရာ့အထင်ကတော့ FTTH
တွေလာရင်
ကျွန်တော်တို့ အင်တာနက်ကို
အခုလိုဈေးပေါပေါနဲ့သုံးလို့ရတော့မယ်မထင်ပါဘူး။ကီရာတို့လို
လူဆင်းရဲတွေကတော့ ဈေးသက်သာတဲ့
ADSL ဆိုင်တွေ Wai Max ဆိုင်တွေကို ပဲအားကိုးနေရဦးမှာပါ။ဒါ့ကြောင့် FTTH
လာရင်လည်း အခုအင်တာနက်ဆိုင်တွေပျောက်ကွယ်
သွားမှာမဟုတ်ဘူးလို့ထင်ပါတယ်။
နောက်တစ်ခုကတော့ အင်မတန်ထူးထူးခြားခြားပါပဲ မြန်မာ အစိုးရဆတ်သွယ်ရေးမှတည်ထောင်ထားသော
ရတနာပုံ နက်ဝေါ့က တော့ connection နည်းနည်း ရှိရုံနှင့်
သတင်းများနှင့်တကွ
အခြားကန္ဒ အသီးသီးကို ကြည့် ရှုနိုင်ကြောင်း
internet shop and internet user များထံမှတစ်ဆင့်သိရပါတယ်
နောက်တစ်ခုထူးခြားတာက အစောပိုင်းတုန်းကတော့ Gmail ကလုံးဝသုံးလို့မရပါဘူး အခုလည်းအတူတူပါပဲ
သုံးလို့ရတာကတော့ Gtalk and Google ပဲသုံးလို့ရပါတယ် တစ်ချိန်လုံးတတ်လိုက်ကျလိုက်ဖြစ်နေတော့တာပါပဲ
တော်တော်လည်းစိတ်ညစ်စရာကောင်းနေပါတော့တယ် ဒါကြောင့် ဘယ်သူတွေက ဘာတွေများလုပ်နေလည်းဆိုတာ
တော့ အတိအကျ ခ့န့်မှန်းလို့မရသေးပါဘူး
သေချာတာကတော့ တစ်ခုခု စမ်းသပ်နေတယ် လို့ သုံးသပါသူများအမြင် အရသိရပါတယ် အင်တာနက်
နယ်ပယ် အွန်လိုင်းနယ်ပယ် တိုးတတ် ဖို့ရည်ရွယ်တယ်လို့ တော့ ကြားရပါတယ်
ဒါကြောင့် အခုလတ် တစ်လောကတော့ Gtalk ပါကျကျလာတယ်လို့ သိရပါတယ်
အခု ကျသွားပေမယ့် တစ်ချို့ သူငယ်ချင်းများ မြန်မာပြည်မှ Gtalk တတ်လာတယ်လို့သိ ရတာနဲ့ 
စုံစမ်းလိုက်တဲ့ အခါ Gtalk အတု ဆိုတာလေးပေါ်လာပါတယ် တရုတ်ပြည် မှကျောင်းသားများထွင်တယ် လို့တော့သိရပါတယ်
သူလိပ်စာကတော့ webuzz.im လို့သိရပါတယ်အောက် ဓါတ်ပုံလေးကိုကြည့်ကြည့်ပါ ခင်ဗျာ

ဓါတ်ပုံအတိုင်းပေးလာရင်တော့
မိမိ အသုံးပြုချင်တာကိုကလစ်ပြီးသုံးနိုင်ပါတယ် new tab အနေနဲ့ စာမျက်နှာအသစ်ပေါ်လာပါလိမ့်မည်
Facebook > Gtalk > Gmail > Yahoo > အမျိုးအစား 6 ခုပါဝင်ပါတယ်
အင်တာနက်အသုံးပပြု သင့်သူငယ်ချင်းများအဆင်ပြေစေရန်
ကိုယ်တိုင်ရေးပြီး တင်ပြလိုက်ပါတယ်
သိပြီးသူများကလည်း သိပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
မသိသေးသော အင်တာနက်ကို အင်မတန်အသုံးပြုချင်သော သူငယ်ချင်းများကို ဝေမျှပေးစေချင်ပါတယ်
webuzz.im ကိုအသုံးပြုရင်းပျော်ရွှင်ကြပါစေ
မှတ်ချတ်။ ။ မြန်မာပြည်မှသူငယ်ချင်းများအတွက်ရည်ရွယ်ပြီးတင်လိုက်တာပါ
ကိုယ်တိုင်ရေးထားခြင်းဖြစ်ပါတယ်

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....