Net Guide ဂျာနယ်ကို ကျေးဇူးတင်စကားပြောဖို့မေ့နေတာ.ဟိုတခါ ကျွန်တော် Blog
လေးကို Website လမ်းညွှန် မှာထည့်ပေးတယ်လို့ သိရတာဝမ်းသာပါတယ် ဒီအပြင်
mmitd, ကိုဇောင်း. စသည့်ပေါ့
မြန်မာ Blogger များပြောရမလား..မြန်မာနိုင်ငံက ဘာမှအသိအမှတ်မပြုတဲ့ (MMitd
မပါ) ကျွန်တော်တို့လို..စေတနာဝန်ထမ်း၊Visitors စား ၊ Comment စား၊ဆိုလိုတာက
ဆရာတွေက တပည့်ကို
စာသင်ပေးတဲ့အခါ..ပီတီစားကြတယ်လို့ပြောတယ်..ဒါပေမဲ့ကျွန်တော်တို့ Blogger
တွေက..လာတဲ့ဧည်သည့်၊ သူတို့ရဲ့ Comments
လေးတွေကိုကြည့်ပြီးပျော်ရွှင်တယ်.အားယူပါတယ်. ဒီလိုကြားထဲကနေပြီးတော့ Net
Guide ဂျာနယ်က ထူးထူးခြားခြားလေး ကျွန်တော်တို့ ကို
မြေထောင်မြှောက်ပေးတယ်လို့ဘဲပြောရမလား အခုလို
ဂျာနယ်ထဲမှာထည့်ပေးတဲ့အတွက်..အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနဲ့
ဒီလိုလုပ်ခြင်းဟာတကယ်ကို
ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်းပါမြန်မာပြည်တွင်းမှာ အင်တာနက်နဲ့
နည်းပညာ ပက်သက်ပြီး..Website လမ်းညွှန်တဲ့
ဂျာနယ်တွေရှိပါတယ်.ကျွန်တော်ဖတ်ဖူးသလောက်တော့ အားလုံးလိုလိုက အင်္ဂလိပ်
website တွေကိုကြီးဘဲ ညွှန်ထားတာတွေရတယ် ဒီလောက်ကျွန်တော်တို့ မြန်မာ
Blogger တွေကြိုးကြိုးပမ်းပမ်း မြန်မာလိုလုပ်ထား၊ဘာသာပြန်ထားတာက
ဘယ်သူအတွက်လဲလို့ မေးလိုက်ခြင်ပါတယ်။ကိုယ့်အချင်းချင်း ဖတ်စေခြင်တယ်
၊ကိုယ့်အချင်းချင်း ပညာရစေခြင်လို့..လုပ်ထားကြတာကြီးဘဲ အင်္ဂလိပ်Website
တွေဆိုတာက သူတို့ ပိုက်ဆံရအောင်နဲ့ သူတို့အမြတ်အတွက်တွေကြီးပါဘဲ မြန်မာ
Blogger တွေမှာ
က ဆိုးတာက GOOGLE ရဲ့ ADS ထည့်တာမရဘူး..ဘာဖြစ်လို့လဲဆိုတော့ မြန်မာလိုရေးထားလို့...
ဒါကိုကြည့်ရင် သိသာပါတယ်...GOOGLE ရဲ့ ADS မရတာတောင် အပင်ပန်းခံပြီး..အင်တာနက်ဆိုင်ထိုင်
ပိုက်ဆံ အကုန်ခံ..ရှာဖွေ..ဘာသာပြန်...ပြီးရေးထားတာလေးကို ဂရုအစိုက်မခံရတာ..တော်တော်လေးလေး
ကို ကျွန်တော် BLogger တယောက်အနေနဲ့ ခံစားမိပါတယ်... အင်္ဂလိပ် Website တွေက သူဟာနဲ့သူ
ကြည်မဲ့လူများပြီးသား...ဒါပေမဲ့ မြန်မာ Blog တွေမှာက မြန်မာလိုဖတ်တက်တဲ့လူမှမကြည်ရင်...
ဘယ်သူကကြည်ပြီး..အားပေးကြတော့မှာလဲ..နော်...သူတို့ရဲ့
ကြိုးစားမှု၊တိုးတက်မှု၊ စေတနာလေးတွေကို ဂုဏ်ယူတဲ့အနေနဲ့
မြန်မာလိုရေးထားသမျှဆိုဒ်တွေအားလုံးကို လိုက်ဖတ်ကြည့်ပြီးအားပေးကြဖို့
တိုက်တွန်းခြင်ပါတယ်။...ကျွန်တော် ဆိုလိုတာက အင်္ဂလိပ် website
များကိုမကြည်ဖို့အားပေးတာမဟုတ်ဘဲ..
Software တခုကိုရှာတွေထားတယ်.အင်္ဂလိပ် blog မှာရော မြန်မာ blog မှာရောတပ်တူဘဲဆိုရင်...
မြန်မာ Blog လေးမှာ အားပေးဖို့ တိုက်တွန်း..တာဖြစ်ပါတယ်..နာလည်းနိုင်မယ်လို့မျှော်လင့်ပါတယ်....
အခုလို မြန်မာBlogger များကို ဂျာနယ်ထဲထည့်ပေးတဲ့ Net Guide ဂျာနယ်ကိုလဲ ကျေးဇူးအထူးတင်ရှိကြောင်း
နဲ့...ဆက်လက် အားကိုးပါရစေ..လို့...
Net Guide ဂျာနယ်လေးကိုလဲ တခါမှမမြင်ဘူးသေးတော့ PDF တာမှမဟုတ် ဓာတ်ပုံနဲ့ရှိတဲ့ မိတ်ဆွေများ
မျှဝေပေးကြပါအုန်း...
ကျေးဇူးတင်လျှက်,
SBSangpi(စံပီး)
www.sbsangpi.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....