Browser တစ်ခုမှ မရှိလည်း Window မှာ ပါတဲ့ Calculator လေးနဲ့ Internet သုံးလို
့ရတယ်.. ။

Windows တွင်
ပါရှိသော Calculator မှ Standard calculator နှင့် Scientific
calculator အမျိုးအစားနှစ်ခု ပါဝင်ပါတယ်။ ရိုးရိုး အပေါင်းအနှုတ်
အမြောက်အစားပဲ လုပ်လုပ်၊ ထပ်ကိန်းတင်တာတို့၊ နှစ်ထပ်ကိန်းရင်းရှာတာတို့၊
sine, cosine တန်ဖိုးတွေ ရှာတာတို့၊ statistical calculation တွေ
တွက်တာတို့ အစရှိတဲ့ တွက်နည်းမျိုးစုံကို လုပ်လို့ရပါတယ်။ ထပ်မံပြီး
လုပ်လို့ရတာလေးလည်း ကျန်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Calculator ကို
သုံးပြီးတော့ အင်တာနက် ဖွင့်နည်းလေးပဲ ဖြစ်ပါတယ်။
စတင်ပြုလုပ်ရန်အတွက် ပထမဦးစွာ-
(၁) Start ကို Click နှိပ်ပြီး All Programs မှ တဆင့် Accessories >
Calculator ဟု အဆင့်ဆင့် ၀င်ရောက်ရွေးချယ်ပြီး Open လုပ်ပါမယ်။ (သို့) (Run
Box ထဲတွင် calc ဟု ရိုက်ပြီး OK ကို click နှိပ်ခြင်းဖြင့်လည်း
ပြုလုပ်နိုင်ပါသည်။)
(၂) ထိုအခါ အထက်ပါပုံစံအတိုင်း Calculator ပွင့်လာပါမည်။
(၃) ပြီးနောက် Menu Bar ရှိ Help မှ Help Topics ကို ရွေးချယ် click နှိပ်ပေးပါ။

(၄) ဒါဆိုရင်
အထက်ပါပုံစံအတိုင်း Help Windows တက်လာပါမယ်။ ထပ်မံပြီးတော့ Help
Windows ရဲ့ အပေါ်ဆုံးရှိ ဘယ်ဖက်ထောင့်စွန်းမှ icon လေးပေါ်မှာ click
တစ်ချက်နှိပ်လိုက်ပါ။

(၅) ထို့နောက် အထက်ပါပုံစံအတိုင်း Jump to URL... ကို ရွေးချယ်ပေးပါ။

(၆) Jump
to URL dialog box ပေါ်လာသောအခါ သင်အလိုရှိရာ အင်တာနက်လိပ်စာကို
ရိုက်ထည့်နိုင်ပါပြီ။ သို့ပေမယ့် http:// ဆိုတဲ့ (Hyper Text Transfer
Protocol) လေးကိုတော့ ထည့်ပေးဖို့ မမေ့နဲ့နော်။

အဲ့ဒါဆိုရင်တော့... တစ်ခြားသော
Browser များနည်းတူ အင်တာနက် ကို အသုံးပြုလို့ ရသွားပါပြီ ။
အဆင်ပြေပါစေဗျာ ။ ဒီလိုနည်းနဲ့ တော့ အင်တာနက် အသုံးပြုကြမှာ မဟုတ်ပေမဲ့
Window ရဲ့  Trick လေးတစ်ခုအနေနဲ့ သိထားသင့်တယ် ထင်လို့ တင်ပေးလိုက်ရပါတယ် ။

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....