နေပြည်တော်ရှိ လမ်းမကြီးများ နှင့်ဟိုတယ်ကြီးများတွင် ခရီးသွား ဆွဲဆောင်မှု တစ်ရပ် အပြင် လေထုညစ်ညမ်း မှုများကို ကင်းစင်စေရန် အတွက် ပြည်တွင်းထုတ် လျှပ်စစ် မော်တော်ကားများကို အဓိက အသုံးပြု သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ လမ်းမကြီးများ နှင့်ဟိုတယ်များ ၊ ပန်းခြံများ၊ အပန်းဖြေနေရာများတွင် လျှပ် စစ် ကားများ ကို အဓိက သုံးစွဲခွင့် ရရှိစေရန် အတွက် လက်တွေ့စမ်းသပ် ချက်များ စစ်ဆေးချက်များကို ဆောင်ရွက်အောင်မြင်ပြီးစီးပြီး ဖြစ်သောကြောင့် တွင်ကျယ်စွာ ဖြင့် သုံးစွဲခွင့်ရရှိ ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
နေပြည်တော် နှင့်အခြားသော နေရာများတွင် အသုံးပြှုရန် လျှပ်စစ် မော်တော်ကားများ ကို ပြည်တွင်း ရှိ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုတို့ ဆောင်ရွက်နေခြင်းဖြစ် ပြီး လေထု ညစ်ညမ်း မှုကင်းစင် နယ်မြေ အဖြစ် သတ်မှတ်ထားသော နေပြည်တော်အတွင်းရှိ ငါးမြို့နယ်တွင် အဓိက ထား သုံးစွဲသွားမည်ဟု သိရသည်။
နေပြည်တော်တွင် ဟိုတယ်များ မှ တစ်နေရာနှင့်တစ်နေရာသို့ ကူးလူး သွားလာခြင်း၊ အဆောင်တစ်ခု နှင့် တစ်ခု ဆက်သွယ်သွားလာခြင်း ၊ ပန်းခြံများ အတွင်း သွားလာခြင်း၊ ရှုခင်း ကြည့် သွားလာခြင်း၊ တို့အတွက် လျှပ်စစ်ကားများကို အဓိက ပြုလုပ်သွားမည် ဖြစ်သည်ဟိုသရသည်။
လျှပ်စစ်ကားလေးတွေ အခုကမ္ဘာမှာလည်းဈေးကွက်ရပြီး နေရာရလာတာကို တွေ့ရပါတယ်။ လျှပ်စစ် ဓာတ်အား အပြည့်အ၀ ရမယ်ဆိုရင် ဒီကား လေးတွေလည်း အသုံးဝင် ပြီး မောင်းနှင်နိုင်ပါတယ်။ ခရီးဝေး သွားတာက လွဲလို့ပေါ့။ သူ့အနေနဲ့ လောင်စာဆီ မလိုအပ်သလို လေထုညစ်ညမ်းမှုလည်း ကင်းစင် စေတာမို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု မှာအကောင်းဆုံး ယာဉ်တွေပဲ ဖြစ်ပါတယ် ဟု နေပြည်တော်ရှိ အစိုးရ အရာရှိကြီး တစ်ဦးကဆိုသည်။
လျှပ်စစ်ကားများ ကို သုတေသန ပြု စမ်းသပ် ချက်များအရ ကီလိုမီတာ ၅၀ မှ ၁၀၀ အထိ တောက် လျှောက် မောင်းနှင်နိုင်သည်။ ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများ၊ ဆောက်လုပ်ရေး လုပ်ငန်း များနှင့် လျှပ်စစ်မော်တော်ကားများ ဖြင့် ၀န်ဆောင်မှု ပေးသွားရန် အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည်ဟု သိရသည်။ ... ကျွန်တော်တို့ မြန်မာနိုင်ငံကြီးလည်း တော်တော်တိုးတက်နေပီထင်တယ်နော်.. ဟိဟိ :P ဘယ်လိုတွေလာဦးမလဲတော့မသိဘူး....
ဟင်းလေးအိုး website မှကူးယူတင်ပြပါသည်....

No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....