အောင်မြင်မှုကိုလိုချင်ရင် ဆက်ပြီးဆက်ပြီးကြိုးစားရမယ်။ ဒါဟာဇွဲရဲ့ အရေးပါမှုကိုပြဆိုတဲ့စကားဖြစ်တယ် ။ အလုပ်တစ်ခုကို အစကအဆုံးထိခက်ခက်ခဲခဲ အားထုတ်လုပ်ကိုင်မှသာ အောင်မြင်မှုကို
ရနိုင်လိမ့်မယ်လို့အတွေ့အကြုံတွေကသင်ခန်းစာပေးခဲ့တယ်
ဒီနေ့လူတော်တော်များများစာ သူတို့ရဲ့အလုပ်တွေမှာဆုံးရှုံးမှုတွေ ရင်ဆိုင်နေကြရတယ် ။ တိတိကျကျပြောရရင်တော့ ဇွဲမရှိကြလို့ပါပဲ ။ မှန်ပါတယ် ။
ယေဘုယျအားဖြင့် ဘဝမှာဘယ်အရာ တွေမှလွယ်လွယ်ကူကူလုပ်လို့မရနိုင်သလို
ဘယ်သူကမှလည်းဖြစ်လာလိမ့်မယ်လို့အာမ မခံနိုင်ပါဘူး။
ဒီတော့ဘဝမှာအောင်မြင်မှုကိုလိုလားသူတွေ ဟာ ပင်ပင်ပန်းပန်း ကြိုးစားလိုစိတ်ရှိကြရမယ်။ ဘဝရဲ့ အောင်မြင်မှုကိုရရှိခံစားရသူနဲ့
ရှုံးနိမ့်မှုကိုရင်ဆိုင်ရသူတွေကိုအသေအချာခွဲခြားနိုင်တဲ့တစ်ခုတည်းသေားအရာတွေဟာဇွဲပါပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....