Pages

Ads 468x60px

December 15, 2010

သင့်ရဲ့အင်တာနက်ဆိုင်မှာ ကွန်နက်ရှင်နှေးနေရင်......

အင်တာနက်ဆိုင်တစ်ခုမှာ
ကွန်နက်ရှင်နှေးရင် … ဖြစ်နိုင်ချေအရှိဆုံး နဲ့ စစ်ဆေးရန်အတွက်
သေချာတာလေးတွေကို ပြောချင်ပါတယ် ….. ကွန်နက်ရှင်
ချွေတာရေးလေးလုပ်ကြရအောင်ဗျာ …… ကဲစမယ်
Firefox , Flock , Opera , Chrome , IE , Browser များကို အရင် စစ်ဆေးသင့်ပါတယ် …
အများစုကတော့ install လုပ်ချိန်မှာ Auto / Easy / Express တွေနဲ့ပဲ ရွေးပီးတော့ တင်ကြတာများပါတယ် …
Installation ကို အဲလို တင်လိုက်ခြင်းအားဖြင့် မလိုလားအပ်တဲ့
အွန်လိုင်း Update တွေကို အလိုလို Download ဆွဲချနေတက်ပါတယ် … ထို browser
တွေ အနေနဲ့ ကလဲ အမြဲလိုလို Update တွေကအမြဲလိုလို ထွက်နေပြန်တော့
ဆွဲလိုက်တဲ့ Update – Defreeze , HD Guard ကလဲ ခံထားသေးတယ်ဆိုတော့
maintenance လုပ်မပေးမချင်းကို ဆွဲနေတော့မှာပါ … နေ့တိုင်း – Restart
ချတိုင်းမှာ ဆွဲနေမှာပါ …..
အဲဒီအတွက်ကြောင့် Defreeze – HD Guard တွေပိတ်ထားမယ် –
ပိတ်ချင်တယ်ဆိုရင်တော့ … maintenance လုပ်တဲ့ သူ – ဒါမှမဟုတ် Admin
ကိုယ်တိုင် Automatic Update တွေကို ရှင်းထားဖို့ အရမ်းကို လိုပါတယ်
ခင်ဗျာ…
အဲလိုမှ မဟုတ်ရင်တော့ Defreeze – HDGuard သုံးတဲ့
အကျိုးကျေးဇူးလေးတွေကို ကိုယ့်ဆိုင်မှာလားသုံးတဲ့ သူတွေ အနေနဲ့ တိုက်ရိုက်
ခံစားရမှာ ဖြစ်ပါတယ် … နောက်ဆုံးတော့ ဒီဆိုင်က
ကွန်နက်ရှင်မကောင်းဘူးဆိုပီးတော့ အပြောခံထိမှာပါ ခင်ဗျာ …
ကိုယ် ဆိုင်က စက်တွေမှာ Automatic Update တွေ ပိတ်ထားလား –
မပိတ်ထားလားဆိုတာကို စစ်ဆေးကြည့်လိုက်ပါအုံး ….

မှတ်ချက် – internet နဲ့ ချိတ်ဆက်နိုင်သော Software အားလုံးတွင် Automatic Update Option ပါပါသည်။
1. Browser
2. Chatting Software
3. Application
4. Small Game
5. Virus Protection Software
6. System Maintenance Software
7. Media Player
8. Printer Driver
9. Microsoft Window OS … etc အကုန်းလုံးမှာ Automatic Update တွေပါပါတယ် …..

ရှာဖွေစစ်ဆေးပီးတော့ ပိတ်ပင်ထားဆီးလိုက်ကြရအောင်ဗျာ …. ဒါတွေအားလုံးက ကိုယ်တွေ့ဗျ …
ကျွန်တော့်ဆရာကတော့ သူ့နာမည်က ဦးအတွေ့အကြုံ ဖြစ်ပါတယ် …
အဆင်ပြေနိုင်ကြပါစေဗျာ ….

No comments:

Post a Comment

အားပေးစကားလေးထားခဲ့ပါ.....