
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် စက်ရုပ် စားပွဲထိုးဖြင့် ဝန်ဆောင်မှု ပေးစွမ်းနိုင်မည့် စားသောက်ဆိုင် တစ်ဆိုင် ရှိပါသည်။ စက်ရုပ်စားပွဲထိုးက လာရောက်သော ဧည့်သည်များကို အစားအစာများဖြင့် တည်ခင်း ဧည့်ခံသကဲ့သို့  အကဖြင့်ပါ
ဖျော်ဖြေပေးပါလိမ့်မည်။
Hajime Robot Restaurant သို့  ဝင်လိုက်သည်နှင့် အနာဂတ်ကမ္ဘာ တစ်ခုမှ ကြိုဆိုလိုက် သကဲ့သို့ ပင် ဆာမှုရိုင်း ဝတ်စုံ ဝတ်ဆင်ထားသည့် စက်ရုပ်စားပွဲထိုးက ဧည့်ခံပါလိမ့်မည်။ စက်ရုပ် စားပွဲထိုးတွင် ပါရှိသော
touch screen (လက်ဖြင့်ထိတွေ့ရုံဖြင့် ခိုင်းစေနေသော ဖန်သားပြင်) ကို
အသုံးပြု၍ အလိုရှိသော စားသောက်ဖွယ်ရာများကို မှာယူသုံးဆောင်
နိုင်ပါလိမ့်မည်။
ကလေးငယ်အများစုက စက်ရုပ်စားပွဲထိုးကို သဘောကျကြသည်။ “စက်ရုပ်ကြီးတွေကို ကြည့်ချင်လို့ ဒီဆိုင်ကိုလာတာပါ” ဟု ထိုင်းကလေးငယ် တစ်ဦးက ပြောပါသည်။ “ကလေးက စက်ရုပ်တွေကို TV မှာ တွေ့လိုက်တည်းက ဒီဆိုင်ကို လိုက်ပို့ဖို့  ပူဆာနေတာ” ဟု မိဘတစ်ဦးကဆိုသည်။

စားပွဲထိုး စက်ရုပ်ကို အထူးအဆန်းအနေဖြင့် လာရောက်ကြည့်ရှုကြသည်
လုပ်နိုင်သည်တော့ မဟုတ်ချေ။
“အဖျော် ယမကာ အတွက်တော့ ကိုယ်တိုင်ယူစနစ်နဲ့  သုံးဆောင်နိုင်ပါတယ်။ ကိုယ်တိုင်ယူစနစ် သုံးရတာကတော့ စက်ရုပ်စားပွဲထိုးတွေ အနေနဲ့  အဖျော်ယမကာ တည်ခင်းနိုင်ဖို့  အခက်အခဲ
ရှိနေသေးလို့ပါ” ဟု Hajime စားသောက်ဆိုင် မန်နေဂျာ Wutthiphum Jurangkool ကပြောပါသည်။ ထို့ ပြင် မီးဖိုခန်းရှိအလုပ်သမားများ အနေဖြင့် စက်ရုပ်က အလွယ်တကူ ပြန်ချနိုင်ရန် အစားအသောက်
ပန်းကန်များကို မှန်ကန်သော ပုံစံဖြင့် စက်ရုပ်၏ လက်အတွင်းသို့ အစဉ်လိုက်
ထည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။

“ဒါဟာ ထူးထူးဆန်းဆန်းပါပဲ … ဒါပေမယ့် ကိုယ်နဲ့  အပြန်အလှန် ပြောဆိုလို့ရတဲ့ လူသား စားပွဲထိုးတွေက ပိုကောင်းပါတယ်” ဟု မှတ်ချက်ချသူ ရှိသလို “ဒါ သိပ်ကို ထူးခြားတဲ့ စိတ်ကူးပဲ ဒီလိုစားသောက်ဆိုင်မျိုး တစ်ခါမှ မမြင်ဖူးဘူး၊ တစ်ကယ် အထင်ကြီးစရာ ကောင်းပါတယ်” ဟု ဆိုသူလည်းရှိသည်။ အစားအသောက်များ တည့်ခင်းဧည့်ခံခြင်းအပြင် စက်ရုပ်စားပွဲထိုးသည် တစ်နာရီကြာလျင် တစ်ခါ စားသုံးသူများကို ဂီတသံနှင့်အတူ
ကပြသေးသည်ဟု သိရသည်။
No comments:
Post a Comment
အားပေးစကားလေးထားခဲ့ပါ.....